Tag: စစ်ကိုင်းတိုင်း

  • စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးတဲ့ လက်ပံတောင်း သပိတ်စစ်ကြောင်း

    စစ်အာဏာရှင် ဆန့်ကျင်ရေး သွေးမအေးတဲ့ လက်ပံတောင်း သပိတ်စစ်ကြောင်း

    RNA_ဇန်နဝါရီ ၁၅ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ် စစ်ကြောင်းထိုးမှုတွေကြောင့် နယ်မြေ မတည်ငြိမ်မှုတွေရှိပေမဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ယနေ့ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကျေးရွာများအတွင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။

     

    Red News Agency

  • ၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF

    ၉ လကြာသည်အထိ လက်လုပ်သေနတ် မိုင်းများဖြင့်သာ တိုက်ခိုက်နေသည့် ချင်းတွင်း PDF

    RNA_ဇန်နဝါရီ ၁၄ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကောင်စီတပ်ကို နယ်မြေအတွင်း ရောက်လာပါက လက်လုပ်သေနတ်၊ မိုင်းများဖြင့်သာ တိုက်ခိုက်နေရသည်မှာ (၉) လအထိ ကြာမြင့်သော်လည်း သေနတ်အစစ်မရှိကြောင်း ချင်းတွင်း PDF က ပြောကြားလာသည်။

    စစ်ကိုင်းတိုင်း တိုက်ပွဲအစဟု ပြောရလောက်သည့် ယင်းမာပင်မြို့နယ် သပြေအေး ဘုန်းတော်ကြီးကျောင်း စစ်ကောင်စီတပ် ဝိုင်းစဉ်ကတည်းက ရရာလက်နက်ဆွဲပြီး တိုက်ပွဲဝင်ခဲ့ကြကြောင်း၊ ယနေ့တွင် စစ်ကိုင်းတိုင်း မြို့နယ်တိုင်း ကျေးရွာတိုင်းတွင် စစ်ကောင်စီကို ခုခံတွန်းလှန်မည့်သူများ ပေါ်ပေါက်နေသာ်လည်း သေနတ်အစစ် မရှိသည့် ပြည်သူ့ကာကွယ်ရေးတပ်များ ‌ရှိနေကြောင်း သိရသည်။

     

    ချင်းတွင်း ပြည်သူ့ကာကွယ်ရေးတပ် ( Chindwin People’s Defense Force) သည် ကနီမြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်က PDF များနှင့် ပူးပေါင်းတိုက်ခိုက်နေသည့် အဖွဲ့ဖြစ်ကြောင်း၊ အင်တာနက်လိုင်း ဖြတ်တောက်ခံထားရမှုအပါအဝင် လူသိနည်းနေသည့်အဖွဲ့ဖြစ်သည့်အတွက် ပြည်သူများ၏ အကူအညီရရှိမှု နည်းပါးနေကြောင်း သိရသည်။

    (more…)

  • စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

    စစ်ကောင်စီတပ် ဦးနှောက်ရွာ ဝင်စီးသလို ပုထိုးသာရွာကို ဝင်စီး

    RNA_ဇန်နဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ပုထိုးသာ ကျေးရွာကို ယနေ့ နေ့လည်ပိုင်းက ဦးနှောက်ရွာ ဝင်စီးသလို လေယာဉ်သုံးပစ် စစ်ကောင်စီတပ်သားတွေ ရွာထဲ တပ်စွဲထားသည်ဟု သိရသည်။

    ” ဦးနှောက်ရွာ လုပ်သလိုပဲ၊ ရွာထဲကို လေယာဉ်နဲ့ ပစ် ခစတွေချ ပြီးရင်ရွာထဲမှာ တပ်စွဲ ရွာသူရွာသားတွေကို။သတ်ဖြတ် နှိပ်စက်တော့မှာ၊ ဘာလိုရွာမှာ တပ်စွဲလဲ မသိရသေးဘူး စာသင်ကျောင်စထဲမှာလို့ပြောတယ်၊ ဒေသခံတွေလဲ ပြေးရတယ်၊ ပိတ်ပိတဲ့သူကတော့ သေသလိုပဲ၊ ဦးနှောက်ရွာမှာ အတော်ခံနေကြရတယ်၊ ဘယ်လောက်သေလဲဆိုတာက သူတို့ရွာက ထွက်မှ ပျောက်တဲ့သူနဲ့ အလောင်းနဲ့ တွေ့တာကို စစ်ကြည့်ရတာ” ဟု ပုလဲမြို့နယ် ဒေသခံ တဦးက ပြောသည်။

    ဇန်နဝါရီလ ၁၀ ရက်နေ့က ဗိုလ်နဂါးကို ဖမ်းမည်ဟုဆိုကာ ဦးနှောက်ရွာကို စစ်ကောင်စီတပ်ကညလေယာဉ်များဖြင့် ဝိုင်းပစ်ကာ တပ်ချပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်ကြကြောင်း၊ ယနေ့အထိ ကျေးရွာအတွင်း တပ်ရှိနေပြီး ဖမ်းဆီးခံပြည်သူများကို မလွှတ်သေးကြောင်း၊ ကျေးရွာဝင်စီးစဉ် ဒေသခံတချို့ သေဆုံးမှု ရှိခဲ့ကြောင်း သိရသည်။

    (more…)

  • ကနီမြို့နယ်က ချင်းတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

    ကနီမြို့နယ်က ချင်းတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

    RNA_ဇန်နဝါရီ ၁၁ ရက်၊ ၂၀၂၂ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အာဏာသိမ်း စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်နေသည့် တပ်ဖွဲ့များတွင် ချင်းတွင်း ပြည်သူ့ကာကွယ်ရေးတပ် Chindwin People’s Defence Force (CDDF) ပါဝင်နေပြီး၊ ၂၀၂၁ ခုနှစ် ဇူလိုင်လကတည်းက ဖွဲ့စည်းထားခြင်းဖြစ်ကြောင်း ကနီ PDF က ဓာတ်ပုံများနှင့်တကွ လှုပ်ရှားမှုများကို အသိပေးလာသည်။


  • ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

    ကနီမြို့နယ် PDF စစ်ရေးပြအခမ်းအနားမှာလက်နက်ကြီးများ စမ်းသပ်ဖောက်ခွဲပြ 

    RNA_ဇန်နဝါရီ ၅ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ယနေ့ နံနက်ပိုင်းက စစ်ရေးပြခင်း၊ ကျမ်းသစ္စာကျိမ်ဆိုခြင်း အခမ်းအနားတွင် ဒေါင်းနီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကနီမြို့နယ်) မှ တီထွင်ထုတ်လုပ်သော လက်နက်များကို ထုတ်ဖော်ပြသခဲ့ပြီး စမ်းသပ်ဖောက်ခွဲပြသခဲ့ကြောင်း သိရသည်။

    Red News Agency

  • NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

    NUG ရုပ်သံတင်ဆက်သူ ကိုအောင်နေမျိးကို ဖမ်းဆီးမရလို့ မိသားစုဝင်တွေကို ဓားစာခံအဖြစ်ဖမ်းဆီး

    RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။

    အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ PVTV ရုပ်သံအစီစဉ် ” တပ်ပျက်လုလု ဖိုးတက်ပု” သရော်စာကဏ္ဍ တင်ဆက်သူ ကိုအောင်နေမျိုး၏ ကျန်းမာရေးမကောင်းသည့် ဖခင်အပါအဝင် မိသားစု (၅) ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။ စစ်ကောင်စီတပ်က ကိုအောင်နေမျိုးကို ဖမ်းဆီးမရသည့်အတွက် ဓားစာခံအဖြစ် လေဖြတ်နေသည့် ဖခင်၊ မိခင်၊ အစ်မ နှစ်ယောက်နှင့် တူမ တို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဖမ်းဆီးသွားကြောင်း၊ မိသားစုဝင်များ အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ကိုအောင်နေမျိုးက ပြောကြားထားသည်။ [embedyt] https://www.youtube.com/watch?v=Nkw_p9JCSlo[/embedyt]Red News Agency

  • “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

    “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

    “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

    RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ‌ယနေ့ ညနေပိုင်းက “နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်” စာသာများ ကိုင်ဆောင်ပြီး ကြွေးကျော်သံများဖြင့် ကျေးရွာများအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။


  • စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

    စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားနှင့်ပြည်သူပေါင်းပြီး ဆန္ဒပြရင်းနှိုးဆော်

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ကျေးရွာများအတွင်း လှည့်လည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သွေးမအေးကြောင်း ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်းပြီး ဆန္ဒပြရင်း နှိုးဆော်ဟောပြောခဲ့ကြကြောင်း သိရသည်။

    Photo: CJ – ပေးပို့။

    Red News Agency

  • စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

    စစ်ကောင်စီ လက်နက်ကြီး ထိမှန်ပြီး ကလေး ပ.က.ဖ မှ ရဲဘော် (၂) ဦးကျဆုံး

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာအနီးတိုက်ပွဲတွင် စစ်ကောင်စီတပ် ပစ်ခတ်သည့်လက်နက်ကြီး ထိမှန်ကာ ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ( ပ.က.ဖ) က ရဲဘော် (၂) ဦးကျဆုံးခဲ့ရပြီး PDF ( Kalay) မှ (၁) ဦး၊ CNDF မှ (၁) ဦး၊ ပ.က.ဖ မှ ၄ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

    ကလေးမြို့နယ် တောင်ပိုင်း၊ နတ်ချောင်း ကျေးရွာ အထက်တန်းကျောင်းနှင့် အောင်ဆုပန် ဘုန်းကြီး ကျောင်းတို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒီဇင်ဘာလ ၂၆ ရက် ညနေ့ ၆ နာရီမှစတင်ကာ PDF (Kalay) ၊ CNDF၊ ပ.က.ဖ၊ RKDF ပူးပေါင်းတပ်ဖွဲ့များက ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) နံနက် ၆ နာရီ ၃၀ မိနစ်ဝန်းကျင်အထိ ဝိုင်းညှပ်ပိတ်ဆို့ တိုက်ခိုက်ခဲ့သည့်အတွက် စစ်ကောင်စီတပ် အကျအဆုံး များနိုင်ပေမဲ့ အတည်မပြုနိုင်ကြောင်း၊ တိုက်ပွဲဖြစ်ပွားစဉ် စစ်ကောင်စီတပ်အထိနာနေသည့်အတွက် ကလေးတက္ကသိုလ်ဘက်မှ စစ်ကောင်စီတပ်က မြှောက်များဖြင့် နတ်ချောင်းကျေးရွာဦးတည်ကာ ပစ်ခတ်ခဲ့သည့်အတွက် ပ.က.ဖ ရဲဘော် (၂) ဦး ကျဆုံးခဲ့ကြောင်း PDF ( Kalay)က ထုတ်ပြန်ထားသည်။

    ယနေ့ နံနက် (၃) နာရီ ၃၀ မိနစ်ဝန်းကျင်က PDF ( Kalay) နှင့် CNDF ပူးပေါင်းတပ်က ကလေးမြို့၊ ဗိုလ်ချုပ်လမ်း၊ ဝယ်စလီလမ်းထောင့်ရှိ စစ်ကောင်စီတပ်ကင်းစခန်းနှင့် စမ်းမြို့မူးယစ်ရဲတပ်ဖွဲ့စခန်းတို့ကို တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည့် အတွက် စစ်ကောင်စီတပ်သားများ အသေအဆုံးရှိနိုင်ကြောင်း သိရသည်။

    Red News Agency

  • MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

    MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

    RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။

    စစ်ကိုင်တိုင်း၊ မင်းကင်း မြစ်ရိုးအောက် မင်းကင်း PDF တပ်ခွဲ (၁)၊ တပ်ခွဲ (၂) နှင့် MDF Special Forces စခန်း နေရာအား ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် အင်အားအလွန်အကျွံဖြင့် တိုက်စစ်ဆင်လာသည့်အတွက် စခန်းစွန့်ခွါခဲ့ရကြောင်း သိရသည်။

    စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရဖြင့် PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စခန်းပတ်လည်ထောင်ထားသည့်မိုင်းများ နင်းမိကြကြောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင်း PDF ရဲဘော်များ စခန်းထားခဲ့ကာ လွတ်မြောက်လာပြီဖြစ်ကြောင်း MDF ကထုတ်ပြန်ထားသည်။

    Photo: MDF Special Force

    Red News Agency