မိုးကုတ်မြို့သိမ်းတိုက်ပွဲအတွင်း အတွဲလိုက်ပစ်ဒုံးလက်နက်ကြီးပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိ

RNA_ဇူလိုင်(၂၅)၊၂၀၂၄ ခုနှစ်။
 
မန္တလေးတိုင်း၊ မိုးကုတ်မြို့သိမ်းတိုက်ပွဲကာလအတွင်း စစ်ကောင်စီ၏ အတွဲလိုက်ပစ်ဒုံး လက်နက်ကြီးအပါအဝင် လက်နက်မျိုးစုံ (၇၃)လက်၊ 120 MM (၂)လက်၊ 60 MM (၁၁)လက်၊ 81 MM (1)လက်၊ ငဂျင်းမီး (၃) လက်၊ ပွိုင့်ဖိုက် (၁)လက်၊ RPG (၂)လက်၊ ဂျမ်းပါ (၁)စုံ၊ တွဲလိုက်ဒုံး(၄လုံးတွဲ) (၁)လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိသည်ဟု TNLA က ယနေ့ ထုတ်ပြန်ထားသည်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း (၂)အတွင်း တအာင်းတပ်မတော် PSLF/TNLA မှ ဒုတိယ သိမ်းပိုက်ရရှိသည့် မြို့အဖြစ် မိုးကုတ်မြို့ကို အလုံးစုံ ထိန်းချုပ်ထားပြီးဖြစ်ကြောင်း၊ မိုးကုတ်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအား တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်သုံးပန့် (၃၀)ကျော်နှင့် လက်နက်မျိုးစုံ (၂၀၀) ကျော် သိမ်းဆည်းရမိခဲ့ကြောင်း၊ တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ အရပ်သားများကို ဦးတည်တိုက်ခိုက်ခဲ့သည့်အတွက် မိုးကုတ်ဒေသခံ ကျား(၁၄)ဦး၊ မ (၈)ဦး၊ ကလေး (၉)ဦး သေဆုံးခဲ့ပြီး၊ (၅၉) ဦီး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

#RedNewsAgency
By Editor