နွေဦးတော်လှန်ရေး

၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

၂၀၂၁ ခုနှစ် နောက်ဆုံးရက်ရန်ကုန်မြို့ ညနေခင်း၊ ၂၀၂၂ ခုနှစ်မှာ ပြည်သူများ စစ်အာဏာရှင်ဘေးမှ ကင်းဝေးကြပါစေ

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်အာဏာရှင်လက်အောက်မှာ ပြည်သူတွေဟာ တော်လှန်ရေး ဆင်နွှဲနေရင်း ၂၀၂၁ ခုနှစ် နောက်ဆုံးရက် ညနေခင်းမှာ ရန်ကုန်မြို့လမ်းမတွေပေါ်မှာ သွားလာလှုပ်ရှားမှု နည်းပါးနေတာ တွေ့မြင်ရသည်။ စစ်တပ်အာဏာသိမ်းပြီး ပြည်သူတွေ ၂၀၂၁ ခုနှစ် တနှစ်လုံးနီးပါး ဝမ်းနည်းပူဆွေးမှုတွေ မျိုးစုံနှင့် ကြုံတွေ့ခဲ့ကြရပြီး ခုခံစစ်နှင့်အတူ စစ်အာဏာရှင် အမြစ်ပြတ်ရေး အရှိန်အဟုန် မြှင့်ဆောင်ရွက်နေကြသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့အစည်းများနှင့် ပြည်သူများ ၂၀၂၂ ခုနှစ်တွင် တော်လှန်ရေးကြီးအောင်မြင်ပါစေဟု Red News Agency က ဆုမွန်ကောင်း တောင်းလိုက်ပါသည်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကတည်းက စတင်လိုက်သည့် နွေဦးတော်လှန်ရေးနှင့် ခေတ်အဆက်ဆက် ဖက်ဒရယ်ဒီမိုကရေစီရှိရေး၊…
Read More
“နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

“နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်”

"နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်" RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းက ‌ယနေ့ ညနေပိုင်းက "နှစ်သစ်ကိုလည်းကြိုမယ် တပ်ကိုလည်းဖြိုမယ်" စာသာများ ကိုင်ဆောင်ပြီး ကြွေးကျော်သံများဖြင့် ကျေးရွာများအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။
Read More
ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

ကျဆုံးသွားသည့် ရဲဘော်များအတွက် ဆုတောင်းပွဲ ပြုလုပ်

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ နွေဦးတော်လှန်ရေးအတွင်း စစ်ကောင်စီတပ်၏ ဖမ်းဆီး ပစ်ခတ် သတ်ဖြတ်ခံရသူများနှင့် ခုခံတော်လှန်စစ်အတွင်း ကျဆုံးသွားသည့်ရဲဘော်များအတွက် ယနေ့ညတွင် ခုခံတော်လှန်စစ် ဆင်နွှဲနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရှေ့တန်းတနေရာတွင် ဆုတောင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

အင်းစိန်ထောင်ပိုင်နှင့် အဆောင်မှူး ရဲကျော်သူက ဗကသ ဒုဥက္ကဋ္ဌကို ရိုက်နှက်ရန် အဓိက လုပ်ဆောင်သူများဖြစ် 

RNA_ဒီဇင်ဘာ ၃၁ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင် ထောင်ပိုင် ဇော်လင်းအောင်၊ သပြေဆောင် (အကျဆောင်) အဆောင်မှူး ( နှစ်ပွင့်) ရဲကျော်သူနှင့် လက်ပါးစေ လူမိုက်များ လက်ချက်ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ဗမာနိုင်ငံလုံးဆိုင်ရာ‌ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အသက်အန္တရာယ်စိုးရိမ်ရသည့်အနေအထားထိ ရိုက်နှက်ခံခဲ့ရကြောင်း စုံစမ်းသိရှိရသည်။ အင်းစိန်ထောင် အထူးတရားရုံးက ငြိမ်းစုစီ ပုဒ်မ၊ ၅၀၅ (ခ) တို့ဖြင့် ဒီဇင်ဘာလ ၂၉ ရက်နေ့က ကိုဝေယံဖြိုးမိုး ထောင်ဒဏ် ၂ နှစ်၊ ၁ လ ချမှတ်ခံရပြီး ထောင်ထဲပြန်ဝင်ချိန် ထောင်ဗူးဝ အကျရုံးတွင် ကိုယ်ရေးအကျဉ်းနှင့်အမှုဖြစ်စဉ်…
Read More
သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ထောင်ဒဏ် (၃) နှစ်စီချမှတ်

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ နွေဦးတော်လှန်ရေးမှာ ပြည်သူနှင့်အတူ စစ်အာဏာရှင်ဆန့်‌ကျင်ရေး ပါဝင်ခဲ့သည့် သရုပ်ဆောင် အိန္ဒြာကျော်ဇင်နှင့်ပြေတီဦးကို ယနေ့ အကြမ်းဖက် အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ အင်းစိန်အကျဉ်းထောင် အထူးတရားရုံးက ထောင်ဒဏ် (၃) နှစ်စီ ချမှတ်ခဲ့ကြောင်း သိရသည်။ Red News Agency
Read More
ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် (၁၈) နှစ် ချမှတ်

ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ် (၁၈) နှစ် ချမှတ်

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ ပြည်သူ့အစိုးရ မကွေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အကြမ်းဖက်အာဏာသိမ်းအဖွဲ့က (၁၁) ‌လ ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ထားပြီး ယနေ့တွင် အဂတိလိုက်စားမှု (၃) မှုဖြင့် တမှုကို (၆) နှစ် စုစုပေါင်း (၁၈) နှစ် ချမှတ်လိုက်သည်ဟု သိရသည်။ Red News Agency
Read More
စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ထောင် (၁) နှစ်ချ 

စစ်တပ်အာဏာသိမ်းမှုနှင့်အတူ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ထောင် (၁) နှစ်ချ 

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်တပ်အာဏာသိမ်းမှုနှင့်အတူ (၁၁) လကျော်ကြာ အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရသည့် ကိုမင်းသွေးသစ်ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၉၅) နှင့် ယနေ့ အင်းစိန်ထောင် အထူးတရားရုံးက ထောင်ဒဏ် (၁)နှစ်အမိန့်ချလိုက်ကြောင်း သိရသည်။ Red News Agency
Read More
“ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်” ဟုဆိုကာ ‌ဆန္ဒပြ

“ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်” ဟုဆိုကာ ‌ဆန္ဒပြ

RNA_ဒီဇင်ဘာ ၃၀ ရက်၊ ၂၀၂၁ ခုနှစ်။ ကျောင်းသားနှင့်ပြည်သူများပူးပေါင်းသည့် စစ်ကိုင်းတိုင်စ၊ ဆားလင်ကြီးမြို့နယ်၊ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းက "ရဲမေတို့ရှေ့ထွက် တော်လှန်နှစ်သစ်ခရီးဆက်၊ မုဒိန်းစစ်တပ်အမြစ်ဖြတ်" ဟုဆိုကာ ယနေ့ နံနက်ပိုင်းက ကျေးရွာများအတွင်း လှည့်လည် ဆန္ဒပြခဲ့ကြသည်။ ဓာတ်ပုံ : ပေးပို့ CJ Red News Agency
Read More
လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူ၊ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေတဲ့ အညာသားတွေ

လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူ၊ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေတဲ့ အညာသားတွေ

"LDF တွေဆိုတာ မနေ့ကထက် ဒီနေ့ပိုကောင်းအောင် လုပ်နေတဲ့ကောင်တွေဆိုတော့ စစ်ရေးအတွေ့အကြုံတွေ လက်နက်တီထွင်တာတွေ ပိုကောင်းလာတာတော့ အမှန်ပဲ။ ဒီကောင်တွေက လွတ်မြောက်နယ်မြေမှာ ခြေကုပ်မယူပဲ သူတို့နယ်မြေကိုပဲ လွတ်မြောက်နယ်မြေဖြစ်အောင် ကြိုးစားနေကြတာ။ စစ်ကိုင်းတိုင်းရဲ့ ဒေသတော်တော်များများက လွတ်မြောက်နယ်မြေမဟုတ်ပေမယ့် လွပ်လပ်နယ်မြေအဆင့် ရောက်ကုန်ပြီ" တော်တော်ကြာခဲ့ပြီ .....ကနီနယ်ထဲမှာ လက်နက်စမ်းသပ်ရင်း မတော်တဆဖြစ်ပြီး လူငယ်လေး ၂ ယောက် ကျဆုံးသွားခဲ့တယ်။ အဲဒီအကြောင်း သတင်းကြားပေမယ့် ထုတ်မရေးဖြစ်ခဲ့ဘူး။ အဲဒီတုန်းကတော့ လုံခြုံရေးအခြေအနေအရပေါ့။ ပြောရရင် ဆိုရှယ်မီဒီယာပေါ်မှာ တက်မလာပဲ ကိုယ့်ဒေသအလိုက် ကိုယ်လုပ်စရာရှိတာ လုပ်နေတဲ့ တပ်ဖွဲ့တွေအများကြီးပဲ။ တပ်ဖွဲ့ဆိုတာက ကျေးရွာတခုချင်းဖြစ်ဖြစ် ကျေးရွာအုပ်စုလိုက်ပဲဖြစ်ဖြစ် စစ်သင်တန်းတွေတက် စုဖွဲ့ထားတဲ့ တပ်ဖွဲ့တွေကိုပြောတာ။ နာမည်တောင် တပ်မထားကြဘူး။ ဆိုရှယ်မီဒီယာပေါ်ဘာကြောင့်တက်မလာတာလဲဆိုတော့ အရှင်းဆုံးပြောရရင်…
Read More
ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံးတက်ရောက်ရန် မင်းအောင်လှိုင် ကြောက်လန့်နေ

RNA_ဒီဇင်ဘာ ၂၉ ရက်၊ ၂၀၂၁ ခုနှစ်။ ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများသို့ တက်ရောက်ရန် မင်းအောင်လှိုင်ဦးဆောင်သည့်အာဏာသိမ်းအဖွဲ့ ကြောက်လန့်နေသည့်အတွက် တရားရုံးများနှင့် တရားစွဲသူများထံမှ အကြောင်းကြားစာရောက်လာပါက လက်မခံကြရန် စစ်ကောင်စီအဖွဲ့က အမိန့်ပေးထားကြောင်း သိရသည်။ " ပြစ်မှုဆိုင်ရာနိုင်ငံတကာ ခုံရုံး (International Criminal Court - ICC) နှင့် အာဂျင်တီးနားတရားရုံးများနှင့် တရားစွဲဆိုသူ များထံမှ ပေးပို့လာသည့်စာဖြစ်စေ၊ ပြည်ပသွားလာခွင့်ကန့်သတ်ခြင်းဆိုင်ရာ ဖမ်းဆီးမိန့်ဖြစ်စေ၊ ဖမ်းဝရမ်း သို့မဟုတ် လာရောက်ရန်သမ္မန်စာဖြစ်စေ ပြည်ပမှဝင်ရောက်လေ့ရှိသည့် DHL အပါအဝင် အမြန်ချောပို့နှင့် အခြားနည်းလမ်းများဖြင့် ပေးပို့လာသည့်စာများကို လက်ခံခြင်းမပြုရန်" စစ်ကောင်စီအဖွဲ့က…
Read More