RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG၏ PVTV ရုပ်သံအစီစဉ် ” တပ်ပျက်လုလု ဖိုးတက်ပု” သရော်စာကဏ္ဍ တင်ဆက်သူ ကိုအောင်နေမျိုး၏ ကျန်းမာရေးမကောင်းသည့် ဖခင်အပါအဝင် မိသားစု (၅) ဦး ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည်။ စစ်ကောင်စီတပ်က ကိုအောင်နေမျိုးကို ဖမ်းဆီးမရသည့်အတွက် ဓားစာခံအဖြစ် လေဖြတ်နေသည့် ဖခင်၊ မိခင်၊ အစ်မ နှစ်ယောက်နှင့် တူမ တို့ကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်နေ့ဖမ်းဆီးသွားကြောင်း၊ မိသားစုဝင်များ အဖမ်းခံရသည့်ကိစ္စနှင့် ပတ်သက်ပြီး လူမဆန်သည့် လုပ်ရပ်ဖြစ်ကြောင်း ကိုအောင်နေမျိုးက ပြောကြားထားသည်။