ကြားကာလ ဒေသန္တရအုပ်ချုပ်ရေး အမြန်ဆုံး ဖော်ဆောင်နိုင်ရေး အစည်းအဝေးပြုလုပ်

Written by

in

RNA_ဇန်နဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။

အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု အစည်း အဝေး (၁/၂၀၂၂) ကို ဇန်နဝါရီ ၂ ရက်‌နေ့က ပြုလုပ်ခဲ့ပြီး ခိုင်မာသည့် ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး ဖော်ဆောင်ရေး ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကြားကာလ ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည်
ပိုမိုအရေးပါလာပြီဖြစ်ပြီး တရားရေးဆိုင်ရာကိစ္စရပ်များ စီမံခန့်ခွဲမှု ကိစ္စများနှင့်ပတ်သက်၍ နေ့စဉ်ကြားသိနေရသည့်အတွက် အစိုးရအနေနှင့် ခိုင်မာတဲ့ ကြားကာလဒေသန္တရအုပ်ချုပ်ရေးပုံစံတစ်ခုအမြန်ဆုံး လိုအပ်နေပြီဖြစ်သည်ဟု အစည်းအဝေးတွင် ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောကြားခဲ့သည်။

ဒေသန္တရပြည်သူ့အုပ်ချုပ်ရေးသည် တရားရေးနှင့် ချိတ်ဆက်လုပ်ရမည့် အလုပ်အများအပြား အများကြီးရှိနေခြင်းကြောင့်အချိတ် အဆက်မိမိ ဆက်လက်အကောင် အထည်ဖော်ရန်လိုအပ်ကြောင်း၊ ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့် တွေ့ဆုံရာတွင် ” လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုတွေကို ပြင်ဆင်ပြီးမှသာ စနစ်တကျတွေ့ ဆုံစေချင်တယ်” ဟူ၍ ၎င်းက ပြောကြားထားသည်။

အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အတွင်းဝန်များ တက်ရောက်ခဲ့ကြပြီး၊ အစည်အဝေးတက်ရောက်လာသူများက ပြည်နယ်အတိုင်ပင်ခံကောင်စီများနှင့် တွေ့ဆုံရေး၊ တိုင်းဒေသကြီးများတွင် ကြားကာလ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ ပြင်ဆင်ဖွဲ့စည်းနိုင်ရေး၊ စိုးမိုးထိန်းချုပ်နယ်မြေများ တိုးချဲ့ဖော်ဆောင်နိုင်ရေး၊ ကြားကာလ တရားဥပဒေဆိုင်ရာ လုပ်ငန်းများ ဖော်ဆောင်နိုင်ရေးနှင့် မြေပြင်လိုအပ်ချက် အခြေအနေများကို အသေးစိတ် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *