နွေဦးတော်လှန်ရေး

အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) ဗိုလ်မှူးချုပ်ပြော 

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အမှတ် (၅) လက်အောက်ရှိ တပ်ရင်း၊ တပ်ခွဲများထံ ဒီဇင်ဘာလအထိ အာဏာသိမ်းစစ်ကောင်စီတပ်က လက်နက်များနှင့်အတူ (၅၀) နီးပါး အလင်းဝင်လာသည့်ကိစ္စနှင့် ပတ်သက်ပြီး အမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်သူများကို ကြိုဆိုကြောင်း KNLA တပ်မဟာ (၅) တပ်မဟာမှူး ဗိုလ်မှူးချုပ် စောမူဟဲက ပြောကြားထားသည်။ " ဒီလိုအမြင်မှန်ရပြီး လက်နက်ချ အလင်းဝင်လာသူ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို ကျွန်တော်တို့ဖက်ကတော့ လှိုက်လဲပျူငှါစွာနဲ့ လက်ခံကြိုဆိုပါတယ်။ ရှေ့လျှောက်အနာဂတ် ဘာလုပ်ချင်၊ ဘာဖြစ်ချင်တာကတော့ သူတို့အပေါ်မှာပဲ မူတည်တယ်။ ကျွန်တော်တို့နဲ့ နေသွားချင်လည်း လက်ခံတယ်။ သူတို့အိမ်ပြန်ချင်တယ်ဆိုရင်လည်း အတက်နိုင်ဆုံး စီစဥ်ပေးပါတယ်"…
Read More
နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

နွေဦးတော်လှန်ရေးကာလ ကရင်နီပြည်မှာ ၁၈၇ ဦး ကျဆုံးခဲ့ရ

RNA_ဒီဇင်ဘာ ၂၈ ရက်၊ ၂၀၂၁ ခုနှစ်။ မင်းအောင်လှိုင်ဦးဆောင်သည့် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၆ ရက်နေ့အထိ ကရင်နီ (ကယား) ပြည်မှာ KNDF/PDF ပြည်သူ စုစုပေါင်း (၁၈၇) ဦး ကျဆုံးခဲ့ရကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစုက ထုတ်ပြန်ထားသည်။ စစ်ကောင်စီ၏ ဖမ်းဆီး ပစ်ခတ် ညှင်းပန်း သတ်ဖြတ်မှုစသည်တို့ကြောင့် နွေဦးတောင်လှန်ရေးလာက ကရင်နီပြည် သပိတ်တိုက်ပွဲတွင် (၂) ဦး၊ စစ်ဘေးရှောင်စဉ် ( ၁၁) ဦး၊ အရပ်သားပြည်သူ ( ၁၃၃) ဦး၊ KNDF/PDF စသည့် လက်နက်ကိုင်တိုက်ပွဲဝင်သူ (၄၁)…
Read More
ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

ရန်ကုန်တက္ကသိုလ် ‌ကျောင်းသား ကိုအောင်ဘုန်းကျော် စစ်ကြောရေးတွင် ကျဆုံ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ရန်ကုန်တက္ကသိုလ် တတိယနှစ် ဘူမိဗေဒ ပညာရပ်သင် ကျောင်းသား ကိုအောင်ဘုန်းကျော်သည် တာမွေမြို့နယ်၌ ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ယနေ့ ( ဒီဇင်ဘာလ ၂၇ ရက်) ကျဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ Red News Agency
Read More
MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

MDF Special Forces နှင့် မင်းကင်း PDF တပ်ခွဲ (၂) ခု စစ်ကောင်စီတပ် တိုက်စစ်ကြောင့် စခန်းစွန့်ခွါ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်တိုင်း၊ မင်းကင်း မြစ်ရိုးအောက် မင်းကင်း PDF တပ်ခွဲ (၁)၊ တပ်ခွဲ (၂) နှင့် MDF Special Forces စခန်း နေရာအား ဒီဇင်ဘာလ ၂၆ ရက်နေ့ ညပိုင်းက စစ်ကောင်စီတပ် အင်အားအလွန်အကျွံဖြင့် တိုက်စစ်ဆင်လာသည့်အတွက် စခန်းစွန့်ခွါခဲ့ရကြောင်း သိရသည်။ စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ခဲ့ရဖြင့် PDF ရဲဘော်တဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်ကောင်စီတပ် မှ စခန်းပတ်လည်ထောင်ထားသည့်မိုင်းများ နင်းမိကြကြောင်း၊ နယ်မြေကျွမ်းကျင်မှုကြောင်း PDF ရဲဘော်များ စခန်းထားခဲ့ကာ လွတ်မြောက်လာပြီဖြစ်ကြောင်း MDF ကထုတ်ပြန်ထားသည်။ Photo: MDF Special Force…
Read More
စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး အထိနာနေသည့်အတွက် လက်နက်ကြီး အချက်တရာကျော် ပစ်ခတ်နေ

စစ်ကောင်စီတပ် ပစ်ခတ်ခံရပြီး အထိနာနေသည့်အတွက် လက်နက်ကြီး အချက်တရာကျော် ပစ်ခတ်နေ

RNA_ဒီဇင်ဘာ ၂၇ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘတ် ထီးမယ်ဝါးခီးကျေးရွာနှင့် မဲ့ထော်သလေးကျေးရွာကြား စစ်ကောင်စီတပ်စစ်ကြောင်း‌ကို KNLA နှင့် PDF တို့ ပူးပေါင်းတိုက်ခိုက်သည့်အတွက် အထိနာနေပြီး လက်နက်ကြီး အချက် တစ်ရာကျော်ဖြင့် ပစ်ခတ်နေကြောင်း သိရသည်။ " အခု မနက်စောစောမှာ စစ်ကောင်စီ ယာယီစခန်းချနေတဲ့နေရာ တခုကို ဝင်တိုက်ကြတယ်ကြားတယ်၊ စစ်ကောင်စီတပ်က မဲ့ထော်သလေးအနီးကို ရွေ့သွားရတယ် နောက်ဆုတ်သွားတာပေါ့ မနက်အစောကြီး ၄ နာရီလောက်က စပြီး ပစ်ခတ်နေတာ ၈ နာရီကျော်မှာ ခစတွေ ဆုတ်သွားတယ်၊ မိုင်းရှင်းလင်းရေးလဲ လုပ်နေရတယ်၊ လက်နက်ကြီးကတော့ ရမ်းသန်းပစ်ခတ်နေတာ၊ ပြည်သူတွေကတော့ ထိတ်လန့်‌ပြီး ထွက်ပြေးဖို့ပဲ လုပ်နေကြရတယ်" စစ်ဘေးရှောင်…
Read More
ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲတွင် (၁၀) ဦးကျော်ဖမ်းဆီးခံရပြီး (၁၅) ဦးကျော်ပျောက်ဆုံးနေ

ထီးမယ်ဝါးခီးကျေးရွာအနီး တိုက်ပွဲတွင် (၁၀) ဦးကျော်ဖမ်းဆီးခံရပြီး (၁၅) ဦးကျော်ပျောက်ဆုံးနေ

RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ်က ဒီဇင်ဘာလ ၂၅ ရက်နေ့ကလေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီး အချက် ရာချီပစ်မှုနှင့် အင်အားအများအပြား အပြင်းအထန် ထိုးစစ်ဆင်ခဲ့သည့် ထီးမယ်ဝါးခီး ကျေးရွာအနီး တိုက်ပွဲတွင် ဖမ်းဆီးခံရသူ (၁၀) ဦးအထက်ရှိပြီး ပျောက်ဆုံးနေသူ (၁၅) ဦးအထက်ရှိကြောင်း စုံစမ်းသိရှိရသည်။ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် သတင်းယူနေသည့် ဖက်ဒရယ်ဂျာနယ် အယ်ဒီတာ အေစိုင်းကေ (ခ)စိုင်းဝင်းအောင် နှင့် PDF ရဲဘော် ကိုအောင်မျိုးဇင် (ခ) အုပ်ကြီးတို့ ကျဆုံးခဲ့ရပြီး ယနေ့နံနက်မှာ သင်္ဂြိုဟ်ပေးခဲ့ပြီး၊ PDF ကိုဝေလင်းနှင့် ကိုမှိုင်းတို့မှာ ကျဆုံးသွားပြီဟု ယူဆထားကြပြီး ပျောက်ဆုံးနေသူ (၁၅) ဦးကျော်…
Read More
စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

စစ်ကောင်စီ စစ်ကြောင်း ဧရိယာအနီး ရောက်ရှိနေသော်လည်း အရှိန်အဟုန်နှင့် လမ်းပေါ်ထွက်ဆန္ဒပြ

RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသတွင် အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်း ဧရိယာအတွင်း ရောက်ရှိနေသော်လည်း လက်ပံတောင်းတောင်ဒေသပင်မသပိတ်စစ်ကြောင်းက ရရာနည်းဖြင့် အရှိန်အဟုန်မပျက် ယနေ့ ညနေပိုင်းမှာ စစ်အာဏာရှင် အလိုမရှိကြောင်း လှည့်လည်ဆန္ဒပြခဲ့ကြသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိ

PDF တပ်ဖွဲ့ဝင်တွေ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေသလို အသင့်အနေအထား PDF တပ်ရင်း အမြောက်အများရှိဟု NUG ကာကွယ်ရေးဝန်ကြီးပြော RNA_ဒီဇင်ဘာ ၂၆ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ ( NUG) ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ဖွဲ့ဝင်များ မဟာမိတ်များရဲဘော်များနှင့်အတူ စစ်မြေပြင်တိုက်ပွဲဝင်နေကြပြီး၊ တိုက်ပွဲဝင်ရန် အသင့်အနေအထား PDF တပ်ရင်းတပ်ဖွဲ့မြောက်များစွာ ရှိနေပြီဖြစ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ‌ပြည်သူများကို အသိပေးထားသည်။ NUG/MODဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အစီအစဥ်ရှိရှိ ဆင်နွှဲ​နေကြောင်း၊ ပြည်သူ့​တော်လှန်​ရေးတစ်စုံလုံး၏ Chain Of Command ဟာ NUG/MODနှင့် မဟာမိတ်များ ပူး​ပေါင်း​ဖော်​ဆောင်ထားသည့် ကွပ်ကဲမှုစနစ်ဖြစ်ပြီးတိုက်ပွဲ​တွေကို Chain Of Command​အောက်ကသွား​နေကြောင်း၊…
Read More
စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင်လောက် စခန်းအနီး တက်လာစဉ် ရဲဘော်‌များကို ဆုတ်ခိုင်းပြီး ကတုတ်ကျင်း ထဲကနေ တဦးတည်း ခံပစ်ယင်း PDF သူရဲကောင်း ကိုဝေလင်း ယနေ့ ကျဆုံးသွားကြောင်း သိရသည်။ ဧရာဝတီတိုင်းက PDF သူရဲကောင်း ကိုဝေလင်း မကျဆုံးမီ ဒီဇင်ဘာလ (၅) ရက်နေ့က " တောင်တန်း ပြည်မ စည်းလုံးအားနဲ့ ကြွေးဟောင်း ကြွေးသစ် ပြန်ယူရမယ်၊ သခင်သွေးများ ရဲရဲနီဖို့ အချိန်တန်ပြီ " ဟု လူ့မှုကွန်ယက်မှာ ရေးသားခဲ့သည်။ PDF သူရဲကောင်း ကိုဝေလင်းသည် ဧရာဝတီတိုင်းမှ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်…
Read More
စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ၁၈ မြို့နယ်က အရပ်သားပြည်သူများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထန်တလန်၊ ဆော၊ ရေဦး၊ ကနီ၊ ဒီပဲယင်း စသည့် (၁၈) မြို့နယ်တို့ကို လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အကျအဆုံးများနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တွင် လေကြောင်းအသုံးပြုလာနိုင်သည့်အတွက် No FLY Zone အဖြစ် ကုလသမဂ္ဂက အစည်းအဝေးခေါ်ပြီး အရေးပေါ်သတ်မှတ်ပေးရန် KNU က တောင်းဆိုထားသည်။ (more…)
Read More