RNA_ဇန်နဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံမှ မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်က အကြမ်းဖက် အာဏာသိမ်းခဲ့သည့်အတွက် ပြည်သူများ နွေဦးတော်လှန်ရေး ဆင်နွှဲနေကြပြီး ယနေ့ည ၁၂ နာရီတွင် ” အရေးတော်ပုံ အောင်ရမည်” ဟု (၃) ကြိမ် အကျယ်လောင်ဆုံးသံပြိုင်ကြွေးကြော်ကာ ပြည်သူလူထုက ၂၀၂၂ ခုနှစ် နှစ်သစ်ကို ဆိုခဲ့ကြသည်။
စစ်တပ်အာဏာသိမ်းသည့် (၁၁) လ အတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ကောက်ယူထားသည့် စာရင်းအရ ပြည်သူ ( ၁၃၈၄ ) ဦးကျဆုံးခဲ့ရပြီး၊ (၈၃၃၈) ဦး ဖမ်းဆီးခံထားရကြောင်း၊ မြေပြင်အခြေအနေမှာ ယခုစာရင်းထက် ပိုနိုင်ကြောင်း AAPP က ယနေ့ ထုတ်ပြန်ထားသည်။
Red News Agency