နွေဦးတော်လှန်ရေး

စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

စစ်ကောင်စီတပ်သား ၅၀ ဝန်းကျင်ကို ခုခံပစ်ရင်း ကျဆုံးသွားခဲ့ရသည့် ကိုဝေလင်း

RNA_ဒီဇင်ဘာ ၂၅ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီတပ်သား (၅၀) ဝန်းကျင်လောက် စခန်းအနီး တက်လာစဉ် ရဲဘော်‌များကို ဆုတ်ခိုင်းပြီး ကတုတ်ကျင်း ထဲကနေ တဦးတည်း ခံပစ်ယင်း PDF သူရဲကောင်း ကိုဝေလင်း ယနေ့ ကျဆုံးသွားကြောင်း သိရသည်။ ဧရာဝတီတိုင်းက PDF သူရဲကောင်း ကိုဝေလင်း မကျဆုံးမီ ဒီဇင်ဘာလ (၅) ရက်နေ့က " တောင်တန်း ပြည်မ စည်းလုံးအားနဲ့ ကြွေးဟောင်း ကြွေးသစ် ပြန်ယူရမယ်၊ သခင်သွေးများ ရဲရဲနီဖို့ အချိန်တန်ပြီ " ဟု လူ့မှုကွန်ယက်မှာ ရေးသားခဲ့သည်။ PDF သူရဲကောင်း ကိုဝေလင်းသည် ဧရာဝတီတိုင်းမှ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်…
Read More
စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ၁၈ မြို့နယ်က အရပ်သားပြည်သူများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထန်တလန်၊ ဆော၊ ရေဦး၊ ကနီ၊ ဒီပဲယင်း စသည့် (၁၈) မြို့နယ်တို့ကို လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အကျအဆုံးများနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တွင် လေကြောင်းအသုံးပြုလာနိုင်သည့်အတွက် No FLY Zone အဖြစ် ကုလသမဂ္ဂက အစည်းအဝေးခေါ်ပြီး အရေးပေါ်သတ်မှတ်ပေးရန် KNU က တောင်းဆိုထားသည်။ (more…)
Read More
“ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”

“ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”

"ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ" RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက "ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံးသတ်လွတ်မြောက်ရေးသို့ချီတက်ကြ" စာသားကိုကိုင်ဆောင်ပြီး ယနေ့ ညနေပိုင်းမှာလည်း မုံရွာသပိတ်ဦးဆောင်ကော်မတီနှင့် မုံရွာကျောင်းသားများသမဂ္ဂမှ လာရောက်ပူးပေါင်းကာ ကျေးရွာအတွင်း လှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

အလွတ်တမ်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်။ အလွတ်တန်း သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား သည် ယနေ့ ညနေတွင်ပြုလုပ်မည့် သပိတ်ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း နှင့်အတူ လမ်းတွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်း ကိုခံခဲ့ရကြောင်း သိရသည်။ မည့်သည့်နေရာ ကိုခေါ် ဆောင် ထိန်းသိမ်း ထားသည်ကို ယခုအချိန်ထိ မကြားသိရသေးဘဲ မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်လျက်ရှိနေသည့်အတွက် စစ်ကောင်စီ၏ လူမဆန်တဲ့…
Read More
DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားညီညွတ်​ရေးအစိုးရ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ကို ယနေ့တွင် အောင်မြင်စွာပြီးဆုံးကြောင်း ဓာတ်ပုံများနှင့်တကွ DMO-PDF ထုတ်ပြန်ထားသည်။ Red News Agency
Read More
ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးပါဝင်သူ NLD လူငယ်တဦး လေးကေ့ကော်မှာ တိုက်ပွဲကျ

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီး ပါတီနိုင်ငံရေးမှ လက်နက်ကိုင်တော်လှန်ရေးကူးပြောင်းပါဝင်လာသူ NLD ပါတီ ရန်ကုန်တိုင်း လူငယ် ကိုဗညား လေးကေ့ကော် တိုက်ပွဲမှာ သူရဲကောင်းပီသစွာ ကျဆုံးသွားခဲ့သည့်အတွက် ဒီဇင်ဘာလ ၁၈ ရက်နေ့က သင်္ဂြိုဟ် ပေးကြောင်း သိရသည်။ KNLA၊PDF ပူးပေါင်းအဖွဲ့က စစ်ကောင်စီတပ်နှင့် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားရာအတွင်း စစ်ကောင်စီတပ် အကျအဆုံးများခဲ့ပြီး၊ စခန်းသိမ်းခံရမှုများရှိကြောင်း၊ KNLAနှင့် NUG ကာကွယ်ရေးဌာန လက်အောက် PDF က ကိုဗညားအပါဝင် ကျဆုံးခဲ့ရသူများကြောင်း သိရသည်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က လေးကေ့ကော်ကို စစ်တပ်က စတင်ဝင်ရောက် ဖမ်းဆီးမှု‌တွေလုပ်ပြီး ပစ်ခတ်တိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်…
Read More
“စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” 

“စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့” 

RNA_ဒီဇင်ဘာ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာသူ၊ ကျေးရွာသားများက "စစ်ဘေးရှောင်ဒုက္ခ အဆုံးသတ်ဖို့ PDF နဲ့အတူ တော်လှန်စို့" စာတန်းကိုင်စွဲပြီး မုံရွာပင်မသပိတ်စစ်ကြောင်းနှင့်မုံရွာတက္ကသိုလ်ကျောင်သားများသမဂ္ဂတို့နှင့် ပူးပေါင်းပြီး ကျေးရွာအတွင်း လှည်လည်ကာ ယနေ့ဆန္ဒပြခဲ့ကြသည်။ "စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ် ဖိနှိပ်မှုတွေကို ဒီနေ့အထိ ပြည်သူလူထုဟာ ခါးစည်းခံနေရဆဲဖြစ်တယ်၊ အရင်တလောက ဆားလင်းကြီးမြို့နယ်၊ ဒုန်းတော ကျေးရွာကို စစ်ကောင်စီတပ်တွေ အကြမ်းဖက်ဝင်ရောက်စီးနင်း သတ်ဖြတ်မှုတွေ လုပ်ခဲ့တယ်၊ အဲဒီစစ်ဘေးဒဏ်ကို ပြည်သူတွေဟာလည်း အလူးအလဲ ခဲ့စားခဲ့ရတယ်၊ဒီဒုက္ခတွေကို ကျနော်တော်တို့ပြည်သူလူထုကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင် ကြုံတွေ့ခဲ့ရတယ်။ ဒီလိုအကြမ်းဖက်မှုတွေ ဒုက္ခတွေကြုံတွေ့လာရလို့ ပြည်သူလူထုဟာ စစ်ကောင်စီကို လုံးဝကြောက်ရွံ့မသွားဘူး၊ တော်လှန်ရေးမှာ…
Read More
နွေဦးတော်လှန်ရေး နောက်တဆင့် တက်မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် NUG အစိုးရအသိပေး

နွေဦးတော်လှန်ရေး နောက်တဆင့် တက်မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် NUG အစိုးရအသိပေး

RNA_ဒီဇင်ဘာ ၁၆ရက်၊ ၂၀၂၁ ခုနှစ်။ နွေဦးတော်လှန်ရေး နောက်တဆင့် တက်တော့မည်ဖြစ်၍ စားနပ်ရိက္ခာ ဆေးဝါးများ စုဆောင်းထားကြရန် အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အသိပေးပြောကြား လိုက်သည်။ ပြည်သူမှာ ပြည်သူရှိနေသဖြင့် စားနပ်ရိက္ခာနှင့်ဆေးဝါးများ ဖြန့်ဖြူးပေးကြရန်နှင့် ဆေးကုမ္ပဏီ များ၊ ဆေးရုံ ဆေးခန်းများ၊ အလှူရှင်များ၊ ဆေးပညာရှင်များ၊ တော်လှန်ရေး ဆေးတပ်ဖွဲ့အတွက် လျှို့ဝှက် စွာပါဝင်ကြရန်၊ လျှို့ဝှက်စွာလှူဒါန်းကြရန် တိုက်တွန်းထားသည်။ Red News Agency
Read More
လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

လေးကေ့ကော်မှာ စစ်ကောင်စီတပ်တွေ ထင်ရာဝင်လုပ်နေသည့်အတွက် တိုက်ပွဲစဖြစ်

RNA_ဒီဇင်ဘာ ၁၅ ရက်၊ ၂၀၂၁ ခုနှစ်။ ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် (၁၀) ဝန်းကျင်က KNU တပ်မဟာ (၆) နယ်မြေ လေးကေ့ကော် စစ်ရှောင်အိမ်ယာတွင် ဒီဇင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း ဖမ်းဆီးမှုတွေပြုလုပ်ခဲ့တာကြောင့် ယနေ့ တိုက်ပွဲစဖြစ်နေပြီဟု ဒေသခံများထံက သိရသည်။ “စစ်ကောင်စီတပ်က တောင်ပါ်ကနေ အမြောက်နဲ့စထုတာပေါ့၊ ရွာထဲထုတာ တော့ မဟုတ် သေးဘူး၊ အနီးအနား တောထဲကို လှမ်းပစ်တာပါ့၊ KNLA နဲ့ PDF တွေကလဲ ပြန်ပစ်ကြတယ်ထင်တယ်၊ သေချာတာက တော့ လေး ကေ့ကော်ဝန်းကျင်မှာ ဒီနေ့တိုက်ပွဲစတာပဲ” ဟု လေး‌ကေ့ကော်အနီးအနားက ပြည်သူတဦးက ပြောသည်။…
Read More
တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

တိတ်ဆိတ်မှုနဲ့ တော်လှန်နေတဲ့ ရန်ကုန်မြို့ရဲ့ အသံတိတ်သပိတ်

အသံတိတ်သပိတ် Silent Strike ကို ယနေ့ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်ရေးနေ့မှာ နိုင်ငံအဝှမ်းက ပြုလုပ်နေတာဖြစ်ပါတယ်၊ ပြည်သူများရဲ့ ဒီမိုကရေစီလိုလားမှုနဲ့ လူ့အခွင့်အရေးဆုံးရှုံးနေမှုတွေကို မီးမောင်းထိုးပြလိုက်တာဖြစ်သလို စစ်အာဏာရှင်ကို ပြည်သူတွေ ရွံရှာမုန်းတီးနေတဲ့အကြောင်း ကမ္ဘာကြီးကို လက်တွေ့ပြ ဇင်လင်းနိုင် ဒီနေ့ မနက်ပိုင်း ရန်ကုန်မြင်ကွင်းတွေအရဆိုရင်လမ်းပေါ်မှာ လူတွေ၊ကားတွေ စျေးသည်တွေ အတော့်ကို နည်းပါးလွန်းနေပါတယ်။ ဆိုင်အများအပြားပိတ်ထားတာကို တွေ့ရပြီး ပုံမှန်လူစည်ကားရာ ရန်ကုန်မြို့ နေရာတော်တော်များများတိတ်ဆိတ်ခြောက်ကပ်နေတာတွေ့ရပါတယ်။ ဒီအခြေအနေဟာ အကြမ်းဖက် စစ်ကောင်စီရဲ့ ဖိအားပေး ခြိမ်းခြောက်နေတဲ့ ကြားက “ငါတို့မြို့ကို ငါတို့ပိုင်တယ် ငါတို့ငြိမ်ချင် ငြိမ်မယ် ငါတို့ လှုပ်ချင်လှုပ်မယ်” ဆိုပြီး ကားမရှိ၊ လူမရှိ၊ ဈေးသည်မရှိ တရက်တာ Silent…
Read More