ခင်ဦးမြို့နယ် သိမ်တော်ကျေးရွာတွင် PDF (၁၄) ဦးကျ

RNA_မတ် ၉၊၂၀၂၂ခုနှစ်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာကို စစ်ကောင်စီတပ်ဝင်စီးစဉ် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၁၄ ဦး ကျဆုံးခဲ့ကြောင်း KhinU Warrior Force က ထုတ်ပြန်ထားသည်။

သိမ်တော်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း PDF  (၁၄) ဦးကျဆုံးခဲ့ရကြောင်း၊ ကျဆုံးခဲ့ရသူ (၁၄) ဦးတွင် ပြည်သူ (၃) ပါသည်ဟု သတင်းထွက်နေပေမဲ့ အတည်ပြုမရသေးကြောင်း၊ AK-47 သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၂၀ လက်၊ လက်လုပ်သေနတ်အရှည် ၃ လက်၊ လက်လုပ်သေနတ်အတို ၂ လက်၊ လက်လုပ်မိုင်း ၇ လုံး၊ လက်လုပ်ဗုံး ၇ လုံး၊ တရုတ်လက်ပစ်ဗုံး ၃ လုံး၊ လက်လုပ်စိန်ပြောင်းဗုံးသီး ၁၁၉ လုံးကို စစ်ကောင်စီတပ်က ရရှိသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Red News Agency

By Editor