Tag: ကိုငြိမ်းချမ်း

  • နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

    RNA_မတ်၂၁၊၂၀၂၂ခုနှစ်။

    နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်း‌စိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ‌ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

    အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။

    ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေး ကာလက ကိုငြိမ်းချမ်းသည် Generation Wave အဖွဲ့တွင်ပါဝင်ခဲ့ပြီး ထောင်ကျခံရကာ ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီလမှ လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှစတင်ပြီး စစ်တပ်အာဏာသိမ်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြခဲ့ကြပြီး ဖမ်းဆီးခံရကာ စစ်ကြောရေးနှိပ်စက်ခံရမှုများရှိပြီး ယနေ့ ထောင်ဒဏ်ချမှတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

    Red News Agency

  • လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

    လက်ရှိဒီမိုကရေစီ အစိုးရ၏ အုပ်ချုပ်မှု လမ်းစဉ်သည် စစ်အာဏာရှင်သဏ္ဍာန် လေ့လာတွေ့ရှိရဟုဆို

    ရှစ်လေးလုံး အရေးတော်ပုံ လိုလားချက်များ ယနေ့အချိန်ထိ မရရှိသေးကြောင်း၊ ယနေ့ ရရှိနေသည့် အခွင့်အရေးများနှင့်ပတ်သက်ပြီး မြောက်ဥက္ကလာပမြို့နယ် ၈၈ မျိုးဆက် ဦးစိုးလွင်ကလည်း အမှတ်တရ စကားများပြောကြားခဲ့သည်။

    ”အရေးတော်ပုံကြီး တိုက်ပွဲ ရည်မှန်းချက်ဖြစ်သော ဒီမိုကရေစီရေး၊ လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် အာဏာရှင်စနစ် အကြွင်းမဲ့ ချုပ်ငြိမ်းရေး စသော ပြည်သူ့လူထု၏ ဆန္ဒသည် ယနေ့အချိန်ထိ မခံစားရသေးပါဘူး။ လက်ရှိ ဒီမိုကရေစီအစိုးရ၏ အုပ်ချုပ်မှုလမ်းစဉ်များသည် စစ်အာဏာရှင် သဏ္ဍာန်များနှင့် ထပ်တူကျလှပြီလို့ လေ့လာတွေ့ရှိရပါသည်” ဟု ကိုငြိမ်းချမ်း (နိုင်ငံရေးအကျဉ်းသားဟောင်း) က မြန်မာနိုင်ငံကျောင်းသားလူငယ်များ ကွန်ရက်က ပေးပို့သည့် သဝဏ်လွှာ ဖတ်ကြားခဲ့သည်။

    ရှစ်လေးလုံးအရေးတော်ပုံ ၃၁ နှစ်မြောက်အခမ်းအနားကို မြောက်ဥက္ကလာပမြို့နယ် ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံးအရေးတော်ပုံ ကျောက်တိုင်တွင် ယနေ့ ကျင်းပခဲ့ရာတွင် ရှစ်လေးလုံးအရေးတော်ပုံတွင် ပါဝင်ခဲ့သူများ တက်ရောက်အမှာစကားပြောကြားခဲ့ကြပြီး၊ သဝဏ်လွှာဖတ်ကြားခြင်း၊ တေးဂီတ ဖျော်ဖြေခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့သည်။[embedyt] https://www.youtube.com/watch?v=hT8raSevytQ[/embedyt]Red News Agency