ယနေ့ တိုက်ပွဲအတွင်း KGZ Army သူရဲကောင်း ရဲဘော်တဦး ကျဆုံး

RNA_မတ် ၉၊၂၀၂၂ခုနှစ်။

ယနေ့ ကရင်နီပြည် ဒီးမော့ဆိုမြို့နယ်တွင် စစ်ကောင်စီတပ်ထိုးစစ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခုခံတိုက်ခိုက်ရင်း Karenni Generation Z ( KGZ Army) က ရဲဘော်တဦး ယနေ့ ကျဆုံးခဲ့ကြောင်း သိရသည်။

ကရင်နီပြည်ကို တာဝေးပစ်လက်နက်ကြီး၊ လေကြောင်း ပစ်ကူ စသည့် အင်အားအများအပြားဖြင့် ထိုးစစ်ဆင်နေသည့် စစ်ကောင်စီတပ်ကို KGZ ၊ PDF ၊ KNDF၊ KPDF စသည့် ကရင်နီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ဖက်ဒရယ် ဒီမိုကရေစီရရှိရေးအတွက် အသက်ပေး ကာကွယ်နေကြောင်း KGZ ရဲဘော်များထံမှ သိရသည်။

Red News Agency

By Editor