လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဟု ဗိုလ်သူရိန်တပ်ဖွဲ့ကပြော

RNA_မတ်၁၉၊၂၀၂၂ခုနှစ်။

အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် လက်ပါးစေများကို လက်နက်ကိုင်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်အခြေစိုက် ဗိုလ်သူရိန်တပ်ဖွဲ့ ( Bo Thurain – Yinmabin PDF )က လက်နက်ပစ္စည်း ထုတ်လုပ်ရာမှာ အောင်မြင်မှုရှိနေပြီဖြစ်ကြောင်း ယနေ့ ပြောကြားထားသည်။

” လက်နက်အင်အား မလုံလောက်သေးပေမဲ့ စစ်ခွေးကို တိုက်ခိုက်ဖို့အတွက် ကျွန်တော်တို့ မဖြစ်ဖြစ်အောင် ကြိုးစားနေပါတယ်။ ပြည်သူများ၏ ထောက်ပံ့မှုများကိုလည်း မအလရဲ့ စစ်ခွေးတွေကို ငရဲရောက်အောင်ပို့ဖို့အတွက် အလေအလွင့်မရှိ အသုံးပြုနေပါတယ်။လက်နက် ပစ္စည်းတွေ ထုတ်လုပ်ရာမှာလည်း အောင်မြင်မှုရှိနေပါပြီ။ တိုက်ပွဲမှာခွေးစာကျွေးပြီး ကုန်သွားတဲ့ ပစ္စည်းတွေအတွက် တိုက်ပွဲနား ချိန်မှာ ထုတ်လုပ်ရေးတွေအဆက်မပြတ်လုပ်နေပါတယ်” ဟု ဗိုလ်သူရိန် တပ်ဖွဲ့က ‌ပြည်သူများကို ပြောကြားထားသည်။

စစ်အာဏာရှင်တော်လှန်ရင်း နွေဦးတော်လှန်ရေးမှာ အသက်ပေးပြီးလက်နက်ဆွဲကိုင်တိုက်ပွဲဝင်နေသည့် ဗိုလ်သူရိန် PDF အဖွဲ့သည် ပြည်သူများ၏ ထောက်ပံ့မှုဖြင့် ရပ်တည်တိုက်ပွဲဝင်နေကြောင်း၊ အကူအညီပေးသည့် မိဘပြည်သူများကို ကျေးဇူးတင်ရှိကြောင်း၊ စစ်မှန်သော ဒီမိုကရေစီရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး အရေးတော်ပုံ အောင်မြင်ဖို့အတွက် ပြည်သူများမှအတတ်နိုင်ဆုံး ကူညီပေးစေလိုကြောင်း ဗိုလ်သူရိန်က မေတ္တာရပ်ခံထားသည်။

Red News Agency

By Editor