Ei Tinzar Maung

ပုလင်းတူဗူးဆို့များညီညွတ်ရေးအစိုးရ

ပုလင်းတူဗူးဆို့များညီညွတ်ရေးအစိုးရ

KGZ ကိစ္စမှာ ကရင်နီပြည်အကြောင်း ခရေစေ့တွင်း ကျသိတဲ့ ခွန်းဘီထူး စကားတစ်ခွန်းမှ မဟဘဲ နားကန်းတစ်လုံးမှ မသိတဲ့ အိသဉ္ဇာမောင်က ဝင်ယောင်တာဟာ အတော်ဆိုးပါတယ်။ ငါးပိသည်က အိပ်နေတုန်း ဆားသည်က ခွေးဝင်မောင်းသလို ဖြစ်နေပါတယ် ကရင်နီဂျန်နရေးရှင်းဇက်(KGZ)အဖွဲ့ရဲ့ စစ်ကြောင်းမှူးဖြစ်သူ ‌ကိုဇော်လင်းထွန်း ခေါ် ဗိုလ်ဆော်ရယ် ကျဆုံးသွားတဲ့သတင်း တက်လာတဲ့နေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကို အမေရိကန်ပြည်ထောင်စုက အမျိုးသမီးသတ္တိရှင်ဆုကို ချီးမြှင့်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။ ဗိုလ်ဆော်ရယ်ဟာ အရင်က ကျောင်းဆရာဟောင်းတစ်ဦးဖြစ်ပြီး စစ်အုပ်စုက အာဏာသိမ်းပြီးနောက် အာဏာဖီဆန်ရေးလှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင်ပါရင်းကနေ အခုလို ကရင်နီဂျန်နရေးရှင်းဇက်(KGZ)မှာ ပါဝင်တိုက်ခိုက်နေသူဖြစ်လာခဲ့ပါတယ်။ ဗိုလ်ဆော်ရယ်ခေါ် ကျောင်းဆရာကိုဇော်လင်းထွန်းဟာ ကျောင်းသားဘဝက လွိုင်ကော်မှာ ကျောင်းသားသမဂ္ဂထဲပါဝင်ဖြတ်သန်းဖူးခဲ့သူလို့ သူ့ရဲဘော်တွေက မီဒီယာတွေမှာ ဖြေထားပါတယ်။ ကျဆုံးသွားတဲ့…
Read More