စစ်အာဏာရှင် တော်လှန်ရေး

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။ ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။ Red News Agency
Read More
အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

အတုအယောင်ပြည်ထောင်စုကို ဆက်ပြီးလက်မခံတော့ကြောင်း ကြွေးကြော်ဆန္ဒပြ

ရန်ကုန်၊ဖေဖော်ဝါရီ ၁၂ရက်၊၂၀၂၂ ခုနှစ်။ အတုအယောင်ပြည်ထောင်စုကို ဆက်ပြီး လက်မခံတော့ကြောင်း ပြည်သူများက ကြွေးကြော်သံများဖြင့် ယနေ့ ရန်ကုန်မြို့ လူစည်ကားရာ ‌နေရာတွင် လက်သုံးချောင်းထောင် စုရုံးကြွေးကြော်ကာ စစ်အာဏာရှင်ကို တော်လှန်ခဲ့ကြကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၂ လူထုလူပ်ရှားမူကို ပြည်သူအများပါဝင်ခဲ့သလို စစ်အာဏာရူး ဗိုလ်ရှုသဘင်ကို တီဗီ စောင့်ကြည့်ခြင်း၊ ထိုပွဲကို လူမူစာမျက်နှာများတွင် ဖော်ပြခြင်း၊ ဖြန့်ဝေခြင်း၊ မှတ်ချက်ပေးခြင်းတို့ကို မပြုလုပ်ပဲ စစ်အာဏာရှင်အား ဆန့်ကျင်ကြောင်း ပြသခဲ့ကြသည်။ Red News Agency
Read More
ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ နမ့်စမ်းရွာအောက်ဘက်အနီးတွင် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅)မှ တပ်သားများကို PDF များက ယနေ့ အနီးကပ်တိုက်ခိုက်ခဲ့ရာ (၁၆) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။ တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကျော်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အချက် (၅၀) ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။ ယနေ့တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကသာPDF၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ-က-ဖ)၊ မြို့လှPDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ကသာ PDF မှ ရဲဘော် ၂ ဦး…
Read More
ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ကိုးတောင်ဘို့ကျေးရွာအနီး ဖေဖော်ဝါရီလ ၄ ရက်နေ့တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၃) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေဟာ ၊ KLPDF မှရဲဘော်များမဟုတ်ပါဘူးခင်ဗျာ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် မှ ပကဖ ရဲဘော် သူရဲကောင်းများဖြစ်ပါတယ်။ ကျဆုံးစာရင်းဟာလိုင်းပေါ်တင်ထားတဲ့ (၁၃)ဦးထက်အနည်းငယ်ပိုနိုင်ပါသေးတယ်လို့သိရပါတယ်၊ လက်နက်ခြင်းမမျှတာတောင် သည်လိုတော်လှန် နေကြတဲ့ရဲဘော်တွေကို ကျွန်တော်တို့ KR-Team မှ လေးစားဦးညွှတ်ပါတယ်ရဲဘော်တို့၊ခင်ဗျားတို့ သိပ်ကို ရဲရင့်ခဲ့ပါတယ်၊ ငြိမ်ချမ်းရာမှာအနားယူပါတော့ ခင်ဗျားတို့အတွက် ကျုပ်တို့တွေ ရဲရင့်ရမယ်" ဟု Kawlin Revolution-KR က ထုတ်ပြန်ထားသည်။…
Read More
PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

PDF ပူးပေါင်းအဖွဲ့က ကနီမြို့ ရဲစခန်းကို ဒရုန်းဖြင့် နှစ်ကြိမ်ဗုံးကျဲတိုက်ခိုက် 

RNA_ဖေဖော်ဝါရီ ၃ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့ ရဲစခန်းကို ယနေ့ ညနေ ၄ နာရီဝန်းကျင်က Kani People's Defense Force- KLG နှင့် မဟာမိတ်တပ်ပေါင်းစုများ ပူးပေါင်းပြီး ဒရုန်းအသုံးပြုပြီး နှစ်ကြိမ်ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း KLG PDF က ထုတ်ပြန်ထားသည်။ Red News Agency
Read More
စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

RNA_ဖေဖေါ်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများ ၊ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ (၅) ရက်အတွင်းနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ကြရန် OKPO- COMMANDO အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။ အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ဆက်လက် တာဝန်ထမ်းဆောင်နေပါက မိမိတာဝန်သာ ဖြစ်ကြောင်း၊ အာဏာရှင်လူတစ်စုကောင်းစားရေးနှင့် ကိုယ်ကျိုး တစ်ခုတည်းအတွက်ကြည့်ပြီး လက်နက် ကိုင်ထားကြသော ဖက်ဆစ်စစ်တပ်နှင့် စစ်ကောင်စီ၏ လက်ပါးစေ လက်ကိုင်တုတ် တပ်ဖွဲ့များအား အချိန်မရွေး၊ နေရာရွေး တိုက်ခိုက်သွားမည် ဖြစ်ပါသဖြင့် ပြည်သူများ ၄င်းတို့နှင့် ပူးတွဲသွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြပါရန်နှင့် ပူးပေါင်းပါဝင်မှု ပါတ်သတ်ပါက…
Read More
ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

ပထမဆုံး လုပ်ဆောင်ခဲ့သည့် ကမ္ဘာကျော် သံပုံးတီးကမ်ပိန်း

RNA_ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။ ပြည်သူ့အစိုးရထံက စစ်တပ်အာဏာသိမ်းပြီး ပထမဆုံးလက်တွေ့ ဆန့်ကျင်ဆန္ဒပြခဲ့သည်မှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီ သံပုံးတီးကမ်ပိန်း ဖြစ်သည်။ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း၊ ဒီမိုကရေစီရေး တိုက်ပွဲဝင်ခဲ့ကြသည့် သံပုံးတီးကမ်ပိန်းသည် ကမ္ဘာကျော်ခဲ့ပြီး၊ ယခုရုပ်သံသည် ရန်ကုန်မြို့ မြောက်ဥက္လာပမြို့နယ်၊ ရပ်ကွက်တခုအတွင်းက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့ ည ၈ နာရီမှာ ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်ရေး သံပုံးတီးမှု မြင်ကွင်း ဖြစ်သည်။ ယနေ့သည် စစ်အာဏာရှင်ဆန့်ကျင်ရေး သံပုံးတီးကမ်ပိန်းကစပြီး လက်နက်ကိုင်တော်လှန်ရခရီးကို လျှောက်လှမ်းနေကြသည့် အချိန်ဖြစ်ပြီး၊ စစ်တပ်အာဏာသိမ်းမှုသည်…
Read More
စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည့် ပြည်သူ ၇ ဦးတွင် ၂ ဦးသေ၊ ၄ ဦးပျောက်နေပြီး ၁ ဦးသာလွှတ်မြောက်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ကင်းကျေးရွာမှ ပြည်သူ (၇) ဦးကို စစ်ကောင်စီတပ် စစ်ကြောင်းက ဖမ်းဆီးခဲ့ရာတွင် ၂ ဦးသေဆုံးပြီး ၄ ဦးပျောက်ဆုံးနေကာ ၁ ဦးသာ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ ချင်းတွင်းမြစ်ကြောင်းတိုင်း ဆန်တက်လာသည့် စစ်ကောင်စီတပ်ရေယာဉ်အုပ်စုမှ စစ်ကြောင်းသည် ဇန်နဝါရီလ ၂၉ ရက်နေ့က ကင်းကျေးရွာရောက်ရှိပြီး ပြည်သူ (၇) ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အသက် ၃၆ နှစ်အရွယ် အမျိုးသားသည် ညှပ်ရိုးနှစ်ဖက်အောက် ထိုးသွင်းမွှေဓားဒဏ်ရာ၊ ကြောထိုးသွင်းမွှေဓားဒဏ်ရာဖြင့် ၁ ဦးသာ ထွက်ပြေးလွတ်မြောက်လာသည်ဟု ကနီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ‌ယနေ့ထုတ်ပြန်ထားသည်။ အသက် ၅၈ နှစ်အရွယ်အမျိုးသား…
Read More
စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

စစ်အာဏာရှင်လက်အောက် မနေလို၍ မိမိကိုယ်ကို မီးရှို့ ဆန္ဒပြသူ သေဆုံး

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်တပ်အာဏာသိမ်း နှစ်ပတ်လည်နေ့တွင် စစ်အာဏာ ရှင်လက်အောက် မနေလို၍ စစ်အာဏာရှင်ကို အလိုမရှိ ဆန့်ကျင်ကြောင်း မိမိကိုယ်ကို မီးရှို့ ဆန္ဒပြခဲ့သူ မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့က ကိုအောင်အောင် သေဆုံးသွားပြီဖြစ်ကြောင်း သိရသည်။ ကိုအောင်အောင်သည် စစ်အာဏာရှင်ခေတ် ၂၀၀၁ နှင့် ၂၀၀၂ ခုနှစ်ကို ပြန်မသွားလိုဟုဆိုကာ မိမိကိုယ်မိမိ မီးရှို့ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ယနေ့ နေ့လည်ပိုင်းက ကျောက်ပန်းတောင်းမြို့ EPC ရုံးအနီးတွင် မိမိကိုယ်သက်သေကာ ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ၂၄ နာရီလုံး အများပြည်သူများ (မူးရင်း များကို + ဟုရေးထား)သာ မီးလင်းပါစေဟု ဆန္ဒပြု စာရွက်ကို ရေးသားခဲ့ကြောင်း…
Read More
PDF များ၏ ဝန်းရံမှုဖြင့် ပြည်သူများ၏ အာရုဏ်ဦးသပိတ်

PDF များ၏ ဝန်းရံမှုဖြင့် ပြည်သူများ၏ အာရုဏ်ဦးသပိတ်

RNA_ဖေဖော်ဝါရီ ၁ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများသမဂ္ဂနှင့် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ ယနေ့ နံနက်စောစော အာရုဏ်ဦးသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြရာ ဆားလင်းကြီး PDFများမှ ဝန်းရံအားဖြည့်ပေးခဲ့ကြောင်း သိရသည်။ Red News Agency
Read More