စစ်အာဏာရှင် တော်လှန်ရေး

ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

ဈေးတခုအတွင်း ဆန္ဒပြလူငယ်တွေကို ပြည်သူတွေ လက်ခုပ်တီးအားပေး

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ "ဒီမှာမင်းအောင်လှိုင် ငါတို့ လူထုတရပ်လုံး မင်းတို့ စစ်ဖိနပ်အောက် ဘယ်တော့မှ ဒူးမထောက်ဘူး ဟေ့" ဆိုသည့် ကြွေးကြော်သံများနှင့် ရန်ကုန်မြို့ ဈေးတခုအတွင်း လူငယ်များဆန္ဒပြခဲ့ကြရာ ပြည်သူများက လပ်ခုပ်တီး အားပေးခဲ့ကြသည်။ ရန်ကုန်မြို့၏ လူစည်ကားရာနေရာတခုမှာ ချင်းကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း(၄၆)နှစ်ပြည့် အထိမ်းအမှတ်အဖြစ် သူရဲကောင်း ဆလိုင်းတင်မောင်ဦးက ကြိုးစင်ထက်က ဟစ်ကြွေးသံဖြစ်သည့် " 'မင်းတို့ စစ်ဖိနပ်အောက် ငါတို့ ဘယ်တော့မှ ဒူးမထောက်ဘူး" ဆိုသည့် ကြွေးကြေည်သံများနှင့် ယနေ့ လှုပ်ရှားမှုကို စစ်အာဏာရှင်ဆန့်ကျင်ရေးရန်ကုန်အင်အားစု-AJAY မှ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (more…)
Read More
သမ္မတအတုနှင့် ကိုယ့်မင်းကိုယ့်ချင်း စစ်ကောင်စီက ကိုဂျင်မီတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား

သမ္မတအတုနှင့် ကိုယ့်မင်းကိုယ့်ချင်း စစ်ကောင်စီက ကိုဂျင်မီတို့ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးမလား

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားပြီး သေဒဏ်အတည်ပြုထားသည့် ကိုဂျင်မီနှင့်ကိုဖြိုးဇေယျာ်သော်ပါအဝင် ၄ ဦးကို သေဒဏ်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရမည်ဖြစ်သော်လည်း တကယ်စီရင်လိုက်ပါက မ မျှော်မှန်းနိုင်သည့် နစ်နာဆုံးရှုံးမှု၊ ပြင်းထန်ရက်စက်သည့် လက်တုန့်ပြန်မှုများ၊ ကမ္ဘာကြီးက  လက်ခံမည်မဟုတ်ကြောင်း စသည်တို့ကို တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောထားသည်။ RedNewsAgency
Read More
PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

PDF လက်နက်ထုတ်လုပ်ရေးစခန်းတခု မီးလောင်ပေါက်ကွဲမှုဖြစ် 

RNA_ဇွန် ၂၆၊၂၀၂၂ခုနှစ်။ 𝐄𝐚𝐫𝐭𝐡𝐪𝐮𝐚𝐤𝐞 𝐏𝐞𝐨𝐩𝐥𝐞'𝐬 𝐃𝐞𝐟𝐞𝐧𝐜𝐞 𝐅𝐨𝐫𝐜𝐞-𝐔𝐆 လက်နက်ထုတ်လုပ်ရေးစခန်း တခု ဇွန်လ ၂၅ ရက်နေ့က မတော်ဆ ထိခိုက်ကာ မီးလောင်ပေါက်ကွဲမှုဖြစ်ပြီး လက်နက်ပစ္စည်း အများအပြား ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ " ထုတ်လုပ်ရေးလုပ်နေစဉ် မတော်တဆဖြစ်ခဲ့ပြီး ထုတ်လုပ်ရေးစခန်းထဲမှာ ယမ်းစတွေ ကျည်တွေ ပေါက်ကွဲမီးလောင်ခဲ့ပါတယ်။ မီးစတွေ လက်နက် တိုက်ဘက်ဘက်ကူးသွားခဲ့ပြီး ပစ္စည်းတွေ မီးလောင်ပေါက်ကွဲနေတာကြောင့် ကျွန်တော်တို့လည်း ဘာလက်နက်တစ်ခုမှ သယ်ထုတ်လို့ မရခဲ့ပါဘူး။အဖွဲ့က စုဆောင်းထားသမျှ လက်နက်တွေ အကုန် ဆုံးရှုံးလိုက်ရတဲ့အတွက် ကျွန်တော်တို့ရဲ့ ရဲဘော်လေးတွေလည်း အတော်လေးကြေကွဲ စိတ်အားငယ်နေကြပါတယ်။ ကျွန်တော်တို့ ဆုံးရှုံးခဲ့ရတဲ့ ပစ္စည်းလေးတွေ ပြန်လည်ဝယ်ယူနိုင်ဖို့အတွက် ကျွန်တော်တို့ကို ကူညီကြပါဦးလို့ အားနာနာနဲ့ပဲ မေတ္တာရပ်ခံချင်ပါတယ်ခင်ဗျာ"…
Read More
နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း ထောင်ဒဏ် (၃) နှစ်အမိန့်ချမှတ်ခံရ 

RNA_မတ်၂၁၊၂၀၂၂ခုနှစ်။ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုငြိမ်းချမ်း (ခ) ခိုင်ကိုမွန်ကို အာဏာသိမ်းစစ်ကောင်စီလက်အောက်ခံ အင်း‌စိန်အကျဥ်းထောင် အထူးတရားရုံးက နိုင်ငံတော်အကြည်ညို ပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် ‌ယနေ့ ထောင်ဒဏ် (၃) နှစ် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။ အာဏာသိမ်း စစ်ကောင်စီနှင့် အပေါင်းအပါများကို ခုခံစစ်ဆင်နွှဲရန်အတွက် သင်တန်းသားရှာဖွေစုဆောင်းခြင်းစသည့် လုပ်ငန်းများ လုပ်နေသည်ဟု သတင်းပေါက်ကြားပြီး ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ (၄) ရပ်ကွက်၊ ပြည်လမ်း (၉) မိုင် သီရိကွန်ဒို အခန်း အမှတ် (B-508)မှာ ၂၀၂၁ ခုနှစ် မေလ ၁၃ ရက်နေ့ ကိုငြိမ်းချမ်း စစ်ကောင်စီတပ်သားများ၏ ဖမ်းဆီးခြင်း ခံခဲ့ရခြင်း ဖြစ်သည်။ ၂၀၀၇…
Read More
PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

PDF ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်ခံရ 

RNA_မတ်၂၀၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ NGR PDF တပ်ဖွဲ့ဝင် ရဲဘော်တဦး၏ မိဘနှစ်ပါးဖြစ်သည့် ကိုနိုင်မိုးနှင့် မမာဦးတို့ကို အခြား PDF (၂) ဖွဲ့က ဒလန်ဟု စွပ်စွဲကာ သတ်ဖြတ်သွားကြောင်း သိရသည်။ ဆားလင်းကြီးမြို့နယ် အခြေစိုက် National Revolutionary Guards ( NRG PDF) တပ်ဖွဲ့ ရဲဘော်တဦး၏ မိဘနှစ်ပါးကို ဒလန်ဟု သတ်မှတ်ပြီး မတ်လ (၁၇) ရက်နေ့ နံနက် (၁၁) နာရီ ၄၀ မိနစ်ဝန်းကျင်က Salingyi People's Force ( S.P.F) နှင့် Myanmar ချီဂွေဗားရား အဖွဲ့တို့ ပူးပေါင်းပြီး…
Read More
ခင်ဦးမြို့နယ် သိမ်တော်ကျေးရွာတွင် PDF (၁၄) ဦးကျ

ခင်ဦးမြို့နယ် သိမ်တော်ကျေးရွာတွင် PDF (၁၄) ဦးကျ

RNA_မတ် ၉၊၂၀၂၂ခုနှစ်။ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သိမ်တော်ကျေးရွာကို စစ်ကောင်စီတပ်ဝင်စီးစဉ် တိုက်ပွဲဖြစ်ပွားပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၁၄ ဦး ကျဆုံးခဲ့ကြောင်း KhinU Warrior Force က ထုတ်ပြန်ထားသည်။ သိမ်တော်ကျေးရွာကို စစ်ကောင်စီတပ်က မတ်လ ၈ ရက်နေ့ နံနက်ပိုင်းက လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက် လာသည့် စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း PDF  (၁၄) ဦးကျဆုံးခဲ့ရကြောင်း၊ ကျဆုံးခဲ့ရသူ (၁၄) ဦးတွင် ပြည်သူ (၃) ပါသည်ဟု သတင်းထွက်နေပေမဲ့ အတည်ပြုမရသေးကြောင်း၊ AK-47 သေနတ် ၂ လက်၊ လက်လုပ်စိန်ပြောင်း ၂၀ လက်၊ လက်လုပ်သေနတ်အရှည် ၃ လက်၊ လက်လုပ်သေနတ်အတို ၂…
Read More
အမှတ် (၆) တပ်မဟာနယ်မြေမှ စစ်ကောင်စီတပ် (၃) ရက်အတွင်း ထွက်ခွါရန် KNU ထုတ်ပြန်

အမှတ် (၆) တပ်မဟာနယ်မြေမှ စစ်ကောင်စီတပ် (၃) ရက်အတွင်း ထွက်ခွါရန် KNU ထုတ်ပြန်

RNA_မတ် ၉၊၂၀၂၂ခုနှစ်။ စစ်ဘေးရှောင်ပြည်သူများ ကျေးရွာများအတွင်း အေးချမ်းစွာနေထိုင်နိုင်ရေးအတွက် ကရင်အမျိုးသားအစည်းအရုံး ( KNU) ဒူးပလာယာခရိုင်ဘအမှတ် (၆) တပ်မဟာနယ်မြေ လေးကေကော််ဒေသနှင့် ကော့ကရိတ်တောင်ပိုင်း ဒေသအတွင်း ဝင်ရောက်တပ်စွဲနေသည့် စစ်ကောင်စီတပ်များ (၃) ရက်အတွင်း ပြန်လည်ဆုတ်ခွါရန် သတိပေး ထုတ်ပြန်ထားသည်။ KNU ဒူးပလာယာခရိုင် အတွင်းရေးမှူး စောလစ္စတန်က မတ်လ (၇) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်အ‌သိပေးထားကြောင်း၊ KNU တပ်မဟာ (၆) ဒေသတွင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့မှစပြီး စစ်ကောင်စီတပ်က ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ဒေါနအရှေ့ခြမ်း လေးကေ့ကော်မြို့သစ် အပါအဝင် ဒေါနအနောက်ခြမ်း ကော့ကရိတ်တောင်ပိုင်းက ပြည်သူများ ကျေးရွာများကို စွန်ါခွါကာ…
Read More
“ချန်ဂင်တို့စခန်း (၁၁)”

“ချန်ဂင်တို့စခန်း (၁၁)”

မြို့ပေါ်မှာ လူငယ်တွေကို အကြမ်းဖက် နှိပ်စက် ဖမ်းဆီး သတ်ဖြတ်ခဲ့သမျှဟာ တိုင်းရင်းသား လက်နက်ကိုင်တွေ ရှိတဲ့အရပ်မှာ PDF တပ်သားသစ်တွေ အလုံးအရင်းနဲ့ တိုးပွါးလာစေတယ်။ စစ်သားစုဆောင်းရေးဘက်မှာသာ တစ်ယောက် သိန်း ၂၀ ပွဲခပေးပြီး ဝယ်ယူလို့မရတာ။ ဒေါက်တာစိုးမင်း (CDM ဆရာဝန်) ဇာတ်ရှိန်တွေတော့ တက်လာပါပြီ။ စောင့်မျှော်ဖတ်ရှုနေကြတဲ့ ပရိသတ်ကြီးရဲ့ စိတ်ပါဝင်စားမှုတွေကလည်း ထက်သန်လာပြီပေါ့။ ဘာတွေများဆက်ဖြစ်ဦးမလဲ ရင်ခုန်စိတ်လှုပ်ရှားနေမှာပေါ့နော်။ ဒီမှာလည်း ပြောပြစရာတွေက တပုံကြီးပါပဲ။ ကိုယ့်အဖြစ်က realty show တစ်ခုကို live လွှင့်ထားမိသလို မျက်စိအောက်ပေါ်လာသမျှကို အချိန်နဲ့တပြေးညီ ထုတ်လွှင့်ရေးသားနေတာ မဟုတ်လား။ ဒီအခန်းဆက်ကလေး တစ်ပါတ်လောက် ဆက်မရေးမိရင် အဆင်မှပြေရဲ့လား စိတ်ပူသူတွေ နည်းမှမနည်းတာ။ အဲ့ဒါကြောင့်…
Read More
ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန်

ယနေ့ မိုးဗြဲတိုက်ပွဲမှာ စစ်ကောင်စီတပ်က (၄၀) ဦးထက်မနည်း သေဆုံးဟု ထုတ်ပြန် RNA_ဖေဖော်ဝါရီ ၁၉၊၂၀၂၂ ခုနှစ်။ ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့အနီး ​ဝါှရီဆူးပလိုင်၊ လေဝိုး​၊ ဝီသဲကူး​(မြောက်ရွာ)တို့တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က အရာရှိ တပ်သားပါအဝင် (၄၀) ဦးထက်မနည်း သေဆုံစခဲ့သည်ဟု မြေပြင်သတင်းအရ DMO-PDF ကထုတ်ပြန်ထားသည်။ " အကြမ်းဖက်စစ်ကောင်စီဘက်မှ စစ်ကား(၃)စီးပျက်ဆီးခဲ့ပြီး အရာရှိအရာခံအပါအဝင် (၄၀)ဦးထက်မနည်းသေဆုံးခဲ့ဟု ​မြေပြင်သတင်းအရသိရသည်။ အထိနာခဲ့သောအကြမ်းဖက်စစ်​ကောင်စီတပ်ဖွဲ့သည် ခမရ ၄၂၂ တပ်၊ ခမရ ၅၄တပ်မှ လက်နက်ကြီး ပစ်ကူခဲ့သလို ည​နေ(၄)နာရီဝန်ကျင်ခန့်တွင် တိုက်လေယာဉ် ၂ စီး၊ ည​နေ (၅)နာရီအချိန်တွင် တိုက်​လေယာဥ် (၂)စီး စုစု​ပေါင်း (၄)စီးဖြင့်…
Read More
KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

KIA စစ်သင်တန်းဆင်းများဖြင့် ကနီတပ်မတော် (Kani Army – KNA) ဖွဲ့စည်း 

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ ကချင်လွတ်လပ်ရေး တပ်မတော် ( KIA) ထံမှ စစ်ပညာသင်တန်း တက်ရောက်ခဲ့သူများပါဝင်သည့် ကနီတပ်မတော် (Kani Army - KNA) ကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့ ကြေညာထားသည်။ KNA (Kani Army) အဖွဲ့စတင်ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း ၊ KIA ထံမှ စစ်ပညာသင်တန်းများတက်ရောက်ခဲ့ပြီး စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်အတွင်းအခြေခံစစ်ပညာ ဆင့်ပွားသင်တန်း အပတ်စဥ်၁ မှ အပတ်စဥ် ၅ အထိ (KLG) ကျောက်လုံးကြီး အဖွဲ့နှင့်အတူ စစ်ပညာများသင်ကြား ပို့ချပေးခဲ့ကြောင်း KNA (Kani Army) က ယနေ့ ထုတ်ပြန်ကြေညာထားသည်။ ဒေသတွင်းအခြားမိတ်ဖတ်အဖွဲ့အစည်းများနှင့်အတူလက်တွဲ၍ စစ်အာဏာရှင်စနစ်ကျရူံးသည့်အထိ…
Read More