YSTF

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ခရီးသွားပြည်သူများနှင့် တွေ့ဆုံနှုတ်ဆက်

RNA_ဖေဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၂ ခုနှစ်။ မွန်ပြည်နယ် အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် MSRU /ရေးဘီးလူး /YSTF တပ်ဖွဲ့ ၃ ဖွဲ့က ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်ဝန်းကျင်က ရေးမြို့နယ် စံပြကျေးရွာအနီး အာရှလမ်းမကြီး ရေး မော်လမြိုင် ထားဝယ် ကားလမ်း​မ​ပေါ်တွင် ပြည်သူနှင့်တိုက်ရိုက်မိတ်ဆက်ခြင်း လက်သုံးချောင်းထောင်ကာ တော်လှန်ရေးအတွက်အသင့်ရှိနေမည်ဖစ်ကြောင်းပြသခဲ့ပီး ပြည်သူနဲ့အတူ ခေတ္တမျှ တွေ့ဆုံခြင်းပြုလုပ်ခဲ့ကြသည်။ ခရီးသွားပြည်သူများနှင့်တွေ့ဆုံ နှုတ်ဆက်သည့်နေရာသည် စစ်ကောင်စီတပ်ရင်း ၁၀၆/၅၈၈ တပ်ရင်းနှင့် ၃၄၃ / ၅၈၇ တပ်ရင်းကြားတွင်ဖြစ်ကြောင်း MSRU က ထုတ်ပြန်ထားသည်။ Red News Agency
Read More