ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ကိုးတောင်ဘို့ကျေးရွာအနီး ဖေဖော်ဝါရီလ ၄ ရက်နေ့တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၃) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။

” တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေဟာ ၊ KLPDF မှရဲဘော်များမဟုတ်ပါဘူးခင်ဗျာ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် မှ ပကဖ ရဲဘော် သူရဲကောင်းများဖြစ်ပါတယ်။ ကျဆုံးစာရင်းဟာလိုင်းပေါ်တင်ထားတဲ့ (၁၃)ဦးထက်အနည်းငယ်ပိုနိုင်ပါသေးတယ်လို့သိရပါတယ်၊ လက်နက်ခြင်းမမျှတာတောင် သည်လိုတော်လှန် နေကြတဲ့ရဲဘော်တွေကို ကျွန်တော်တို့ KR-Team မှ လေးစားဦးညွှတ်ပါတယ်ရဲဘော်တို့၊ခင်ဗျားတို့ သိပ်ကို ရဲရင့်ခဲ့ပါတယ်၊ ငြိမ်ချမ်းရာမှာအနားယူပါတော့ ခင်ဗျားတို့အတွက် ကျုပ်တို့တွေ ရဲရင့်ရမယ်” ဟု Kawlin Revolution-KR က ထုတ်ပြန်ထားသည်။

ကိုးတောင်ဘို့ကျေးရွာအုပ်စုအတွင်း စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ ၂ ရက်က စတင်တပ်စွဲပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း၊ ဒေသခံပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ လက်နက်အင်အားမမျှသည့်အတွက် ယခုလို ကျဆုံးခဲ့ကြရကြောင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ကျဆုံးသွားသည့် ရဲဘော်များအတွက် ဝမ်းနည်းကြောင်းနှင့် အမိန့်ပြန်တမ်းများထုတ်ထားကြကြောင်း တွေ့ရှိရသည်။

Red News Agency

By Editor