ကသာမြို့နယ် တိုက်ပွဲမှာ တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅) မှ (၁၆) ဦးထက်မနည်း သေဆုံး 

RNA_ဖေဖော်ဝါရီ ၆ ရက်၊ ၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ မှတ်တိုင်ကျေးရွာအုပ်စု၊ နမ့်စမ်းရွာအောက်ဘက်အနီးတွင် တပ်မ (၈၈) လက်အောက်ခံ တပ်ရင်း (၄၁၅)မှ တပ်သားများကို PDF များက ယနေ့ အနီးကပ်တိုက်ခိုက်ခဲ့ရာ (၁၆) ဦးထက်မနည်း သေဆုံးကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားချိန် ၃ နာရီကျော်အတွင်း စစ်ကောင်စီတပ်က လက်နက်ကြီး အချက် (၅၀) ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း၊ ယနေ့ဖြစ်ပွားသည့် တိုက်ပွဲသည် ဒုတိယအကြိမ် ဖြစ်ကြောင်း သိရသည်။

ယနေ့တိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်သည့် ကသာPDF၊ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ-က-ဖ)၊ မြို့လှPDF တို့ပူးပေါင်း တိုက်ခိုက်ခဲ့ကြကြောင်း၊ ကသာ PDF မှ ရဲဘော် ၂ ဦး (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး၊ ကသာထောက်ပို့အဖွဲ့မှ ကယ်ထုတ်နိုင်ခဲ့ရာ ဆေးဝါးကုသမှု ဆောင်ရွက်နိုင်ခဲ့ကြောင်း ကသာ PDF က ထုတ်ပြန်ထားသည်။

Red News Agency

By Editor