ကိုးတောင်ဘို့တိုက်ပွဲ

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

ကန့်ဘလူမြို့နယ် ကိုးတောင်ဘို့ တိုက်ပွဲမှာ PDF ရဲဘော် ၁၃ ဦးထက်မနည်း ကျဆုံး 

RNA_ဖေဖော်ဝါရီ ၅ ရက်၊ ၂၀၂၂ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့ နယ်၊ကိုးတောင်ဘို့ကျေးရွာအနီး ဖေဖော်ဝါရီလ ၄ ရက်နေ့တိုက်ပွဲတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲဘော် (၁၃) ဦးထက်မနည်း ကျဆုံးခဲ့ကြောင်း သိရသည်။ " တိုက်ပွဲမှာကျဆုံးခဲ့ရတဲ့ရဲဘော်တွေဟာ ၊ KLPDF မှရဲဘော်များမဟုတ်ပါဘူးခင်ဗျာ၊ ကန့်ဘလူခရိုင် ကန့်ဘလူမြို့ ကိုးတောင်ဘို့တိုက်နယ် မှ ပကဖ ရဲဘော် သူရဲကောင်းများဖြစ်ပါတယ်။ ကျဆုံးစာရင်းဟာလိုင်းပေါ်တင်ထားတဲ့ (၁၃)ဦးထက်အနည်းငယ်ပိုနိုင်ပါသေးတယ်လို့သိရပါတယ်၊ လက်နက်ခြင်းမမျှတာတောင် သည်လိုတော်လှန် နေကြတဲ့ရဲဘော်တွေကို ကျွန်တော်တို့ KR-Team မှ လေးစားဦးညွှတ်ပါတယ်ရဲဘော်တို့၊ခင်ဗျားတို့ သိပ်ကို ရဲရင့်ခဲ့ပါတယ်၊ ငြိမ်ချမ်းရာမှာအနားယူပါတော့ ခင်ဗျားတို့အတွက် ကျုပ်တို့တွေ ရဲရင့်ရမယ်" ဟု Kawlin Revolution-KR က ထုတ်ပြန်ထားသည်။…
Read More