စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများနှင့် ဝန်ထမ်းများ (၅) ရက်အတွင်း နှုတ်ထွက်ရန် OKPO ကွန်မန်ဒိုအဖွဲ့ သတိပေး

RNA_ဖေဖေါ်ဝါရီ ၂ ရက်၊ ၂၀၂၂ ခုနှစ်။

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်အတွင်း စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှုးများ ၊ Non-CDM ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီလ ၃ ရက်နေ့မှစတင်ကာ (၅) ရက်အတွင်းနှုတ်ထွက်ပြီး ပြည်သူနှင့်ပူးပေါင်းကာ CDM ပြုလုပ်ကြရန် OKPO- COMMANDO အဖွဲ့က သတိပေးထုတ်ပြန်ထားသည်။

ဓာတ်ပုံ: ၂၀၂၁ ခုနှစ် မေလ ၂၂ ရက်နေ့က တွေ့ရသည့် အုတ်ဖိုမြို့က စစ်ကောင်စီ လက်အောက်ခံများ

အုတ်ဖိုမြို့နယ်တွင် စစ်ကောင်စီလက်အောက်ဆက်လက် တာဝန်ထမ်းဆောင်နေပါက မိမိတာဝန်သာ ဖြစ်ကြောင်း၊ အာဏာရှင်လူတစ်စုကောင်းစားရေးနှင့် ကိုယ်ကျိုး တစ်ခုတည်းအတွက်ကြည့်ပြီး လက်နက် ကိုင်ထားကြသော ဖက်ဆစ်စစ်တပ်နှင့် စစ်ကောင်စီ၏ လက်ပါးစေ လက်ကိုင်တုတ် တပ်ဖွဲ့များအား အချိန်မရွေး၊ နေရာရွေး တိုက်ခိုက်သွားမည် ဖြစ်ပါသဖြင့် ပြည်သူများ ၄င်းတို့နှင့် ပူးတွဲသွားလာ နေထိုင်ခြင်းများ မပြုလုပ်ကြပါရန်နှင့် ပူးပေါင်းပါဝင်မှု ပါတ်သတ်ပါက မိမိတာဝန်သာဖြစ်ကြောင်း ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့အာဏာ တည်ဆောက်ရေးတပ်ဦး(OKPO COMMANDO)က ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။

Red News Agency

By Editor