Red News Agency

Independent Journalism for Justice and Human Rights.

Tag: စစ်အာဏာရှင်ဆန့်ကျင်ရေး

  • Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    Red News Agency မှ တင်ဆက်သော သတင်းအစီအစဉ်

    RNA_ဖေဖော်ဝါရီ(၂၇)၊၂၀၂၅ခုနှစ်။

    စစ်ကောင်စီခန့် ကရင်ပြည်နယ်ဝန်ကြီးကို BGF သတိပေးထားသောသတင်း၊ ချင်းကောင်စီ (၂) ခုပူးပေါင်းလိုက်သောသတင်း၊ စစ်ကောင်စီပြုလုပ်မဲ့ အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး သတင်းစာရှင်းလင်းပွဲသတင်းများကို တင်ဆက်ထားခြင်းဖြစ်သည်။

    #rednewsagency #rednews #rna

  • စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

    စစ်တပ်အာဏာသိမ်းပြီး နောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့ ထူးခြားမှု

    RNA_ဖေဖော်ဝါရီ(၂)၊၂၀၂၅ ခုနှစ်။
     
    မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ (၁) ရက်နေ့မှာ အာဏာသိမ်းပြီးနောက်တစ်ရက် ဖေဖော်ဝါရီ (၂) ရက်နေ့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ကမ္ဘာကျော် သံပုံးတီးကမ်ပိန်းပြုလုပ်ခဲ့သလို စစ်ကောင်စီဖွဲ့စည်းခြင်း၊ စစ်အာဏာရှင်ဆန့်ကျင်ရေး နှိုးဆော်ချက်များပြုလုပ်ခဲ့သည်တို့ကို တင်ပြလိုက်ပါသည်။
    #RedNewsAgency #REDNEWS #RNA
  • စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

    စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မှာဆန္ဒပြ

    RNA_မေ(၂၂)၊၂၀၂၄ ခုနှစ်။

    စစ်မှုထမ်းဥပဒေအလိုမရှိကြောင်းနှင့် လူထု၏ အထွေထွေကြပ်တည်းမှုများနှင့် မတရားဖိနှိပ်ခံရမှုများကြောင့် ယနေ့ ကဆုန်လပြည့်နေ့ ညပိုင်းတွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

    “လျှပ်စစ်မီးများ ဆိုးရွားစွာ ပြတ်တောက်နေသည့်အခြေအနေများ၊ စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကို ကန့်ကွက်ရှုံ့ချဆန့်ကျင်ကြောင်းနှင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဆန့်ကျင်ကြောင်း စသည်တို့ကို ကြွေးကြော်ခဲ့ကြပြီး အောင်မြင် စွာလှုပ်ရှားဆောင်ရွက်နိုင်ခဲ့သည်” ဟု လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် ရဲဘော်တဦးက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=mo9DHVEqIvQ[/embedyt]

    (more…)

  • အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း

    အဆင့်မြင့်လက်နက်တွေမနိုင်တဲ့ ပြည်သူ့လက်သုံးချောင်း

    “တော်လှန်ရေး စတင်ချိန်ကတည်းက အကြမ်းဖက်စစ်တပ်က အင်အားကြီးမှန်းကို သိပေမယ့် စုစည်းရသလောက် လက်နက်ခဲယမ်းတွေနဲ့ မတွန့်မဆုတ်တိုက်ခိုက်ခဲ့တယ်။ လက်နက်ခဲယမ်းတွေကို ဖင်ခုထိုင်ထားတဲ့ အကြမ်းဖက်စစ်ကတော့ လက်နက်သာရှိပြီး ယုံကြည်ချက်ကင်းမဲ့နေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေကို ရင်ဆိုင်မတိုက်ရဲခဲ့ကြဘူး”
     
    နွေဦးတော်လှန်ရေးရဲ့ သူရဲကောင်းတွေက အကြမ်းဖက်စစ်တပ်ကို တိုက်ထုတ်ချင်တာကြောင့် ဘတ်ဂျက်အနည်းဆုံး လက်နက်တွေဖြစ်တဲ့ တူမီးလိုလက်နက်လေးတွေနဲ့စတင်လာခဲ့တာ ခုဆိုရင် နိုင်ငံရဲ့ ၆၀ ရာခိုင်နှုန်း ကျော်အထိ စစ်ရေးအရ ထိန်းချုပ်ထားနိုင်ပြီ။ အကြမ်းဖက်စစ်တပ်ကတော့ နိုင်ငံတော် ဘဏ္ဍာတွေကို မတရားသုံးစွဲပြီး ကာကွယ်ရေးအတွက်၊ လက်နက်အင်အား နည်းပညာအင်အား အဆင့်မြင့်ဆုံးတွေ သုံးထားပေမယ့် အောင်ပွဲဆိုတာ ကင်းမဲ့နေပြီး နယ်မြေတွေအားလုံးနီးပါး ထိန်းချုပ်မရတော့ဘူး။
     
    လက်နက်မဲ့ပြည်သူတွေကို သေနတ်မောင်းတင်ပြီး သေရဲရင်ထွက်ခဲ့လို့ ပြောခဲ့သူတွေက အခုချိန်မှာတော့ မောင်းပြန်ကိုင်ထားတဲ့ ရဲဘော်တွေရှေ့ မျက်နှာအောက်ချပြီး အရှက်မရှိတောင်းပန်နေကြတယ်။ လက်နက်အသာနဲ့ စိန်ခေါ်ရဲတဲ့ အကြမ်းဖက်စစ်တဲ့ တပ်ဖွဲ့ဝင်တွေက လက်နက်အင်အားတူလာချိန်မှာတော့ စိတ်ဓါတ် စွမ်းရည်အရ မယှဉ်နိုင်ဘူးဆိုတာ သိသာလှတယ်။
     
    ပြည်သူလူထုရဲ့ အကြမ်းဖက်စစ်တပ်ကို လက်နက်ကိုင်တိုက်ထုတ်ဖို့ဆိုတဲ့ လမ်းစဉ်ကိုရွေးပြီးတဲ့ နောက်တော့ တနိုင်ငံလုံးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ၊ စီးပွားရေးဒေါက်တိုင်တွေ၊ အုပ်ချုပ်ရေးဒေါက်တိုင်တွေကို ဦးတည် တိုက်ခိုက်လာတာကြောင့် စစ်သည်အင်အား ၄ သိန်းရှိတဲ့ဆိုတဲ့စစ်တပ်က တနိုင်ငံလုံးကိုအင်အားတွေ ဖြန့်ထုတ်နှိမ်နင်းနေရတယ်။ တော်လှန်ရေးစကတည်းက စစ်တပ်ကိုနားချိန်မပေးပဲ ဗျူဟာမြောက်စွာနဲ့ တနိုင်ငံလုံးက နေ့စဉ်တိုက်ပွဲတွေဆင်နွှဲနေလို့ အကြမ်းဖက်စစ်တပ် ဖိအားတွေ များလာတယ်။

    (more…)

  • တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

    တော်လှန်ရေးမှာကျန်ခဲ့မယ့် သမိုင်းထဲက အမှန်တရား

    “မိမိစိုက်ပျိုးသမျှကိုသာ မိမိပြန်လည်ရိတ်သိမ်းရမှာဖြစ်တဲ့အတွက် ဓမ္မ နဲ့ အဓမ္မ အကျိုးပေးကွာခြားမှုဟာ စိုက်ပျိုးနေချိန်ထက် အသီးအပွင့် ခူးဆွတ်ရိတ်သိမ်းချိန်မှာ အငြင်းပွားစရာ မလိုတော့အောင် အဖြေထွက်ပေါ်လာမှာပဲ ဖြစ်ပါတယ်”

    ကေဂျီ

    အာဏာရှင်ရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် လက်နက်ကိုင်နေတဲ့ အဖွဲအစည်းနဲ့ လူထုအတွက် နိုင်ငံအတွက် ယုံကြည်ချက်နဲ့ လက်နက်ကိုင်ရတဲ့ အဖွဲအစည်း နှစ်ခုရဲ့ အနှစ်သာရဟာ ဆီနဲ့ရေလို ကွာခြားလွန်းလှတဲ့အပြင် ရည်ရွယ်ချက်ခြင်းမတူညီသလို လားရာလည်း တူညီမှာမဟုတ်တာသေချာပါတယ်။ အဖွဲ့အစည်းတင် မဟုတ်ဘဲ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ချင်းစီမှာလည်း မှန်ကန်တဲ့ ခံယူချက်နဲ့ ပြတ်သားတဲ့ လုပ်ရပ်အပေါ် မှုတည်ပြီး တစ်ဦးနဲ့တစ်ဦးရဲ့ တန်းဖိုးဟာ ကွာခြားသွားကြတာပဲ ဖြစ်ပါတယ်။

    စစ်တပ်အာဏာသိမ်းပြီး တော်လှန်ရေးအစဦး အချိန်တုန်းကဆို မတရားမှုကို တွန်းလှန်တိုက်ခိုက်ခြင်တဲ့ ဒေသအနှံ့အပြားက ကြီး၊ ငယ်၊ လတ် အသက်အပိုင်းအခြား မရွေးသော ပြည်သူလူထူဟာ ဘယ်ရောက်လို့ ဘာဖြစ်မယ်တောင် ကြိုမသိနိုင်တဲ့ အနေအထားမျိုးကနေ တစ်ကြိမ်တစ်ခါမှ မရောက်ဘူးတဲ့ တိုင်းရင်းသားဒေသတွေက လက်နက်ကိုင်အဖွဲ့တွေဆီကို ဆင်ကန်းတောတိုး အ‌ ရောက်သွား ပြီး စစ်သင်တန်း တက်ကြရပါတယ်။

    ဖြတ်သန်းခဲ့တဲ့ ဘဝတစ်လျောက်မှာ တစ်ကြိမ်တစ်ခါမှ မကြုံခဲ့ဘူးတဲ့ ပြင်းထန်တဲ့ လေ့ကျင့်ရေးတွေမှာ ပင်ပန်းမှုတွေကို ကြုံတွေ့ကြရပေမယ့် တစ်ဦးနဲ့ တစ်ဦး ကူညီဖေးမကြရင်း သင်တန်းကာလကို အားပေးဖြတ်ကျော်ခဲ့ကြပါတယ်။ အနေဆင်းရဲ၊ အစားဆင်းရဲ သမျှကိုလည်း နိုင်ငံနဲ့ မျိုးဆက်သစ်တွေရဲ့ အနာဂါတ် တောက်ပကောင်းစားစေရေးအတွက် စစ်အာဏာရှင်စနစ်ကို ငါတို့ ခေါတ်မှာ အမြစ်ပြတ်တွန်းလှန်နိုင်ရမယ်ဆိုတဲ့ ခံယူချက်တွေနဲ့ နေတတ်စားတတ်လာအောင် ကြိုးစားနေထိုင်ရင်း စစ်ပညာကို တတ်မြောက်အောင် သင်ယူခဲ့ကြ ရပါတယ်။

    (more…)

  • စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

    စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုက တော်လှန်ရေးကို မဟန့်တားနိုင်

    RNA_နိုဝင်ဘာ(၃၀)၊၂၀၂၃ခုနှစ်။ 

    စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုသည် တိုက်ပွဲများထက် အရပ်သားများကို ဦးတည်တိုက်ခိုက်နေပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် တော်လှန်ရေးကို မဟန့်တားနိုင်ကြောင်း ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးBurma Affairs & Conflict Study ( BACS) အဖွဲ့မှ ကိုမင်းထက်အောင်က ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=xY6nI_3s5t0[/embedyt]

    ၂၀၂၂ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇွန်လအထိ ၉ လတာအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုပုံစံနှင့် အလေ့အထားများ အစီရင်ခံစာကို ဗမာ့ရေးရာနှင့် ပဋိပက္ခလေ့လာရေးBurma Affairs & Conflict Study ( BACS) က ယခုလအတွင်း ထုတ်ပြန်ထားသည်။

  • နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

    နွေဦးတော်လှန်ရေး ခုခံစစ် ၂ နှစ်အတွင်း အပြောင်းအလဲများ

    “မင်းအောင်လှိုင်စစ်တပ်ရဲ့ သဘောတရားကို ကြည့်မယ်ဆိုရင် လက်နက်ကိုင်ထားသူများအပ ၎င်းကို ထောက်ခံသည်ဖြစ်စေ၊ မထောက်ခံသည်ဖြစ်စေ မခွဲခြားပဲ တန်းတူထား ဖိနှိပ်တာကို မြင်တွေ့ရမှာပါ”

    ကျော်ရဲစံ

    ယေဘုယျ အားဖြင့် ၂၀၂၁ ခုနှစ် မတ်လ မှစတင်ခဲ့သောလက်နက်ကိုင် တော်လှန်ရေးသည် နှစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်သည်။ စစ်ကိုင်းတိုင်းက ကလေးမြို့နယ် တာဟန်းခံတပ်က အစပြုလို့ ပြည်သူ့ခုခံစစ်အဖြစ် အမျိုးသားညီညွတ်ရေး အစိုးရက ကြေညာခဲ့သည်ဆိုလျှင် နှစ်နှစ်နီးပါး ပြည့်တော့မှာဖြစ်ပါတယ်။

    ဒီကာလအတွင်း တူမီးကအစပြုလို့ လက်လုပ် မိုင်းတွေနဲ့ စစ်ကောင်စီကို ခုခံ တော်လှန်ခဲ့ကြရာမှ Federal Wings ကဲ့သို့ ဒရုန်းတပ်ဖွဲ့များ၊ ၈၀မမ၊ ၆၀ မမ လက်လုပ်လက်နက်ကြီးများနဲ့ အော်တိုပစ်ခတ်နိုင်တဲ့ မောင်းပြန် သေနတ်များပါ ကာကွယ်ရေးအဖွဲ့တွေက ထုတ်လုပ်လာနိုင်နေပါတယ်။ နည်းပညာပိုင်းနဲ့ ကုန်ကြမ်းပစ္စည်း ကွာခြားမှုအရ စစ်ကောင်စီတပ်နဲ့ လက်နက် အင်အားခြင်းကွာခြားနေသော်လည်း မြန်မာပြည်အနှံ့တွင် ကာကွယ်ရေးအဖွဲ့တွေက စိုးမိုးနယ်မြေများထူထောင်လာနိုင်​​နေပါတယ်။

    စိုးမိုးနယ်မြေဆိုတာဟာ မြို့ကို သိမ်းထားတာမျိုးမဟုတ်ပဲ စစ်ကောင်စီတပ်တွေကို မြို့ကို ပို့ပြီး ဝိုင်းဝန်းပိတ်ဆို့ထားခြင်းသာ ဖြစ်ပါတယ်။ မန္တလေး၊ ရန်ကုန်နဲ့ ဧရာဝတီတိုင်း တွေမှာသာ စစ်ကောင်စီတပ်သားတွေ လွတ်လပ်စွာသွားလာနိုင်ဆဲ ဖြစ်ပေမဲ့ အခြားတိုင်းနဲ့ ပြည်နယ်တွေမှာတော့ နေ့စဉ်နဲ့အမျှ အသက်ဆုံးရှုံးနေရတာကို မြင်တွေ့ရပါတယ်။ ဒါကလည်း ပြည်သူလူထုရဲ့ နေ့စဉ်ရှင်သန်ရတဲ့ ဘဝ အားဆေးတစ်ခွက်လိုကိုဖြစ်နေပါပြီ။
    (more…)

  • တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    တောင်းယူလို့တော့မရဘူး တိုက်ယူမှရတော့မယ် တောခိုဖို့ အချိန်တန်ပြီ

    RNA_ဇူလိုင်(၉)၊၂၀၂၃ ခုနှစ်။

    “ကျွန်တော်အတွေ့အကြုံအရ သိလိုက်ရတယ် တောင်းယူလို့တော့မရတော့ဘူး တိုက်ယူမှရတော့မယ် ကျွန်တော် ကိုယ့်ကိုယ်ကို တောခိုသင့်တဲ့အချိန်တန်ပြီပေါ့” ဟုစသဖြင့်  “ပြည်သူ့ဘက်သား ရင်တွင်းစကား” အစီအစဥ်မှာ CDM စစ်သား ကဗျာဆရာဂနိုက်၏ ရင်တွင်းစကားများ၊ အတွေ့အကြုံများနှင့် ခံယူချက်စသည်တို့ကို ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=TfE02xq382Y[/embedyt]

    Red News Agency

  • ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

    ဖက်ဆစ်တော်လှန်ရေးနေ့မှာ “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ ” လှုပ်ရှားမှု

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့တွင် ရန်ကုန်မြို့ နေရာတချို့တွင် “ဖက်ဆစ်တပ်ကိုဖြိုချ လူ့ဘောင်အသစ်ကို ကြိုကြ” စကေတာကပ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီရဲဘော်များမှ ပြုလုပ်ခဲ့ကြောင်း သိရသည်။

    “ယနေ့ (မတ်လ ၂၇ ရက်) ကျရောက်သော ဖက်ဆစ်တော်လှန်ရေးနေ့အား ကြိုဆိုဂုဏ်ပြုရင်း ကျွန်ုပ်တို့တိုင်းပြည်ဟာ ခေတ်သစ်ဖက်ဆစ်တပ်ကို တော်လှန်နေကြရဆဲဖြစ်ကြောင်း ကျွန်ုပ်တို့မှ အသိပေးတပ်လှန့်နှိုးဆော်သည့် လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြပါတယ်” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်အထွေထွေသပိတ်ကော်မတီ ဟိုဦးဆောင်အဖွဲ့မှ ထုတ်ပြန်ထားသည်။

    (more…)

  • ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ဏာရှင်အလိုမရှိကြောင်း ကောက်စိုက်သမားများ ဆန္ဒပြ

    ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ဏာရှင်အလိုမရှိကြောင်း ကောက်စိုက်သမားများ ဆန္ဒပြ

    RNA_မတ်(၂၇)၊၂၀၂၃ ခုနှစ်။

    ယနေ့ကျရောက်သည့် ဖက်ဆစ်တော်လှန်ရေးနေ့၌ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်း၊ ကျေးရွာတရွာမှကောက်စိုက်သမားများက စစ်အာဏာရှင်အလိုမရှိ၊ စစ်အာဏာရှင် ကျဆုံးပါစေ၊ NUGအစိုးရကို ထောက်ခံကြောင်း ကြွေးကြော်သံများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။

    #RedNewsAgency