24
Sep
"ဗိုလ်လေးကို ထမ်းထုတ်ခဲ့တဲ့ ရဲဘော်သုံးယောက်အခုသူတို့ကိုပြန်ထမ်းထုတ်နေရပြီ။ ကျနော်တို့အကုန်မှိုင်တွေကုန်ကြတယ်၊ သွေးတွေကအိုင်လို့ အသားစတွေက ပြန့်ကျဲ နေရာတစ်ခုလုံးလုံးဝအနိဌာရုံတွေပါပဲ" တာမခန် ၁၂ ရက် (အပိုင်း - ၁) ၂၆ ၂ ၂၀၂၄ ။ နေ့လည် ၂ နာရီခန့် တပ်ပေါင်းစုစစ်ကြောင်းဟာ တာမခန်နဲ့မနီးမဝေးတစ်နေရာမှာ တပ်ဖျောက်ပြီးနားနေပါတယ်။ ဟန်းကောကိုယ်စီနဲ့ ထမင်းချက်စားတဲ့အဖွဲ့ကချက်စား စကားပြောတဲ့သူကပြောနဲ့ မကြာခင် တိုက်ပွဲဝင်ရတော့မယ်ဆိုတဲ့အသိက ကျနော်တို့အားလုံးကို တက်ကြွနေစေတယ်။ ကျနော်တို့တပ်စိတ်ရဲ့ ကွန်မန်ဒါဖြစ်တဲ့ ဗိုလ်ကြီးက ခဲလုံးလေးတွေဟိုရွေ့သည်ရွေ့လုပ်ရင်း နေရာယူရမယ့်ပုံစံကိုရှင်းပြနေတယ်။ "အဖွဲ့လေးဖွဲ့နဲ့ ဝိုင်းမယ် ငါတို့က ညာဖက်အစွန်ဆုံးက ကုန်းမှာနေရာယူမယ် ငါတို့ရဲ့ ဘယ်ဖက်မှာ လက်နက်ကြီးအဖွဲ့ရှိလိမ့်မယ်" မြေပုံတဖက်ကိုင်ထားပြီး ခဲလုံးလေးတွေတဖက်ကရွေ့ရင်း ဗိုလ်ကြီးကရှင်းပြတယ်။ အတော်လေးကြာတဲ့အချိန်ကျမှ "ရွာသားတွေမရှိတော့ဘူး အကုန်ရှောင်သွားပြီ"…