RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။
စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။
GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet အဖွဲ့ကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ (၃) ရက်အတွင်း ပြောင်းရွေ့ရန် ဒီဇင်ဘာ ၁၅ ရက်နေ့က ခေါ်ပြောခဲ့ကြောင်း မီဒီယာတွင် ပြောကြားထားသည်။
[embedyt] https://www.youtube.com/watch?v=OrJk7gniGuc[/embedyt]
PDF တပ်ဖွဲ့များအနေဖြင့် တပ်ရင်းတပ်ဖွဲ့များပေါ်ပေါက်လာပြီးနောက်ပိုင်း ယခင်အစပိုင်းကတည်းက တော်လှန်ရေးတွင် ပါဝင်လာသည့် ဒေသခံ PDF များကို တပ်ရင်းတပ်ဖွဲ့အောက်ဝင်ရောက်ရန် ပြုလုပ်နေကြကြောင်း၊ PDF တပ်ရင်း တပ်ဖွဲ့များနှင့် မပူးပေါင်းသည့်အတွက် ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာအခြေစိုက် နေသည့် GZ Special Task Force-Watlet မှ အမျိုးသမီးရဲဘော် တဦးပါအဝင် (၁၀) ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။
Red News Agency