ဝက်လက် GZ အဖွဲ့ဝင် ၁၀ ဦးကို ရွှေဘိုခရိုင် PDF တပ်ရင်း (၂) ကဖမ်းဆီး

RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၂ ခုနှစ်။

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် အရှေ့ခြမ်း အခြေစိုက် GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ဦးကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ ဒီဇင်ဘာလ (၁၉) ရက်နေ့က ဖမ်းဆီးသွားကြောင်း သိရသည်။

GZ Special Task Force-Watlet တပ်ဖွဲ့ဝင် (၁၀) ကို ဖမ်းဆီးရခြင်းနှင့်ပတ်သက်ပြီး ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းက မည်သည့်အတွက် ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထုတ်ပြန်ပြောဆိုထားခြင်းမရှိသေးသော်လည်း GZ Special Task Force-Watlet မဟာမိတ်ရဲဘော်တဦးကတော့ ဆားတောင်ကျေးရွာမှာ အခြေချနေထိုင်သည် GZ Special Task Force-Watlet အဖွဲ့ကို ရွှေဘိုခရိုင် PDF အမှတ် (၂) တပ်ရင်းမှ (၃) ရက်အတွင်း ပြောင်းရွေ့ရန် ဒီဇင်ဘာ ၁၅ ရက်နေ့က ခေါ်ပြောခဲ့ကြောင်း မီဒီယာတွင် ပြောကြားထားသည်။

PDF တပ်ဖွဲ့များအနေဖြင့် တပ်ရင်းတပ်ဖွဲ့များပေါ်ပေါက်လာပြီးနောက်ပိုင်း ယခင်အစပိုင်းကတည်းက တော်လှန်ရေးတွင် ပါဝင်လာသည့် ဒေသခံ PDF များကို တပ်ရင်းတပ်ဖွဲ့အောက်ဝင်ရောက်ရန် ပြုလုပ်နေကြကြောင်း၊ PDF တပ်ရင်း တပ်ဖွဲ့များနှင့် မပူးပေါင်းသည့်အတွက် ဝက်လက်မြို့နယ် ဆားတောင်ကြီးကျေးရွာအခြေစိုက် နေသည့် GZ Special Task Force-Watlet မှ အမျိုးသမီးရဲဘော် တဦးပါအဝင် (၁၀) ဦး ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

Red News Agency

By Editor