မြေကွက်ရောင်းပြီး သေနတ်အစစ်ဝယ်ခဲ့သည့် တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့

RNA_ဒီဇင်ဘာ(၂၈)၊၂၀၂၂ ခုနှစ်။

မြေပြင်တိုက်ပွဲဝင်နေသည့် စစ်ကိုင်းတိုင်းက တွေ့ရာသင်္ချိင်း ဓားမဆိုင်းပြောကျားတပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်စွမ်းသူမောင်က တပ်ဖွဲ့အတွက် မိခင်ကိုအိမ်ဆောက်ပေးမည့် မြေကွက်ရောင်းပြီး သေနတ်တလက်ဝယ်ယူခဲ့ကြောင်း သိရသည်။

မြေကွက်ရောင်းပြီး သိန်း ၂၂၀ တန် M4 သေနတ် တလက်ဝယ်ယူခဲ့ကြောင်း၊ စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်‌မတော် တပ်ရင်း (၄)၊ ယင်းမာပင်ခရိုင် အမှတ်-၂၈ တွေ့ရာသင်္ချိုင်းဓားမဆိုင်းပြောက်ကျားတပ်ဖွဲ့ အနေဖြင့် တာဝန်ထမ်းဆောင်နေပြီး စစ်ကောင်စီတပ်နှင့် တိုက်ပွဲမကြာခဏ ဖြစ်ပွားနေကြောင်း သိရသည်။

#RedNewsAgency

By Editor