ပျူစောထီးရွာ ဈေးရောင်သွားသူများကို ကြိမ်ဒဏ်အပြစ်ပေး

RNA_ဒီဇင်ဘာ(၁၅)၊၂၀၂၂ခုနှစ်။

စစ်ကောင်စီတပ် တပ်စွဲထားသည့် ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာ(ပျူစောထီးရွာ) ကိုဈေးရောင်းသွားသူများကို Burma Rangers (ShweBo) အဖွဲ့က ကြိမ်ဒဏ်ပေးခဲ့ကြောင်း သိရသည်။

” ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ သတိပေးခြင်းကို မသိကျိုးကျင်ပြု၍ ထပ်မံဝင်ရောက်ဈေးရောင်းချနေသော ပြင်ပဈေးသည်များအား ဒုတိယအကြိမ် ကြိမ်ဒဏ်အပြစ်ပေး၍ ထပ်မံသတိပေးခြင်း။ အထက်ပါကိစ္စနှင့်စပ်လျှင်း၍ ပျူစောထီးနှင့်စစ်ခွေးများ တပ်စွဲထားသော ဟံလင်းကျေးရွာနှင့် ကော့ရွာကျေးရွာတို့အား ပြင်ပဈေးသည်များ ထပ်မံဝင်ရောက်ဈေးရောင်းချခြင်းမပြုရန် နောက်ဆုံးအကြိမ်သတိပေး ထုတ်ပြန်လိုက်ပါသည်” ဟု Burma Rangers (ShweBo) အဖွဲ့က ယမန်နေ့က ထုတ်ပြန်ထားသည်။

ပြည်သူများကို ယခုလို ကြိမ်ဒဏ်ပေးခြင်းနှင့် ပတ်သက်ပြီး စစ်အာဏာရှင်တော်လှန်ရေး လုပ်နေသူများအနေဖြင့် လူထုကို စည်းရုံး ကျေးလက်ကို ဝန်းရံရမည်ဆိုသည့် စကားရှိသည့်အတွက် ပြည်သူထဲက မွေးလာသည့် ပြည်သူတော်လှန်ရေးသမားများဆိုပါက ပြည်သူနှင့်တသားတည်း ဖြစ်ဖို့ လိုအပ်ကြောင်း၊ စစ်အာဏာရှင်ကို တိုက်နေသည့်တိုက်ပွဲဖြစ်သည့်အတွက် ပြည်သူများထဲတွင် အစိမ်း အနီး အပြာ အဝါ ရောင်စုံပါလာမည်ဖြစ်သည့် အတွက် ပြည်သူမှာ လွတ်လပ်စွာ ရွေးချယ်ခွင့်ရှိသည်ဟု ကျောင်းသားအခွင့်အရေးနှင့် ဒီမိုကရေစီရေးလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သည့် ကိုနေဟမိက Ned News Agency ကို ပြောသည်။

“ ပြည်သူမှာ လွပ်လပ်စွာရွေးချယ်ခွင့်ရှိတယ် ငါနဲ့မတူငါရန်သူဆိုရင် ဘုံရန်သူထည်း ကိုယ်နဲ့မူဝါဒ မတူတဲ့သူ ပါသွားလိမ့်မယ် တော်လှန်ရေးလုပ်တယ်ဆိုတာ သေနတ်ကိုင်ရသလို စာအုပ်လည်းကိုင်ရတာ်ဗျ သေနတ်ကြီးကိုင်ရင် ဓါးမြ ဖြစ်မှာပဲ လူထုကိုနာကြီးအောင်မလုပ်ပါနဲ့ လူထုကိုစည်းရုံးပါ လူထုမပါတဲ့ တော်လှန်ရေးက မအောင်မြင်ဘူးဗျ သမိုင်းမှာ ဗကပ ကို ရန်သူ ဘာ်လိုပုံဖျတ်ခဲ့လည်း အခု တုတ်နဲ့အပြစ်ပေးတဲ့ ကိစ္စတွေက ရန်သူပုံဖြတ်ဖို့အတွက် အေးဆေးဖြစ်သွားမယ် လူထုကို မခြောက်ပါနဲ့ မေတ္တာနဲ့ကူညီမှူတွေ နားလည်မှူတွေနဲ့ ယုံကြည်မှူတွေနဲ့စည်းရုံပါ လူထု ယုံကြည်နေရင် တော်လှန်ရေးက တစ်ဝက်အောင်နေပြီ” ဟု ၎င်းကပြောသည်။

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် ကော့ရွာကျေးရွာသို့ ပြင်ပဈေးသည်များဝင်ရောက်‌၍ဈေးရောင်းချခြင်းမပြုရန်၊ ရွှေဘိုကျောက်မြောင်းလမ်းမပေါ်သို့မောင်းနှင်သွားလာနေသော ယာဉ်များ မိုးကာ အုပ်၍မောင်းနှင်ခြင်းမပြုရန်၊ နံနက် ၅ နာရီမှ ညနေ ၇ နာရီအတွင်း သွားလာကြရန်နှင့် ကားမှန်များချ၍မောင်းနှင်ကြရန် Burma Rangers (ShweBo)က ထုတ်ပြန်ထားသည်။

#RedNewsAgency

By Editor