နှစ်သစ်ကြိုဆိုပွဲ

ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်က နှစ်သစ်ကြိုမည့်  သိန်းချီသည့် လူအုပ်ကြီး

RNA_ဒီဇင်ဘာ(၃၁)၊၂၀၂၂ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ရတ်ချာဒမရီလမ်းမပေါ်မှာ ၂၀၂၃ ခုနှစ် နှစ်သစ်ကိုကြိုဆိုရန် သိန်းချီသည့် နိုင်ငံတကာမှ ဧည့်သည်များသည် ယနေ့ည အစောပိုင်းကတည်းက စုဝေးရောက်ရှိနေကြသည်။ ယနေ့ည နှစ်သစ်ကြိုဖို့ Central World ကုန်တိုက် Platinum ကုန်တိုက်နဲ့ Big  C ကုန်တိုက်ကြီးများရှိသော ရတ်ချာဒမရီလမ်းမကြီးတွင် လူဦးရေ သိန်းချီစုဝေးရောက်ရှိလိမ့်မည်ဟု ဒေသခံများက ခန့်မှန်းထားသည်။ Covid -19 ကပ်ရောဂါကြောင့် ထိခိုက်သွားခဲ့သည့် ထိုင်းနိုင်ငံ၏ စီးပွားရေးလုပ်ငန်းတွေကို ပြန်လည်ကုစားနိုင်ရန်အတွက် ထိုင်းအစိုးရက အထူးကြိုးစားနေပြီး ပြည်ပဧည့်သည်များဝင်ရောက်မှုကိုလည်း များစွာပြေလျော့ပေးထားသောကြောင့် ထိုင်းနိုင်ငံတွင် နိုင်ငံတကာခရီးသွားများဖြင့် စည်ကားလျှက်ရှိနေသည်။ #RedNewsAgency
Read More