Politics

အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းနဲ့ ဖိနှိပ်ခံရမှုများ

အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းနဲ့ ဖိနှိပ်ခံရမှုများ

RNA_စက်တင်ဘာ(၈)၊၂၀၂၄ ခုနှစ်။ အညာက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဖိနှိပ်ခံရမှုတွေ၊ Feminism ဆိုတာဘာလဲ၊ ဘယ်လို ပေါ်ပေါက်လာတာလဲ၊ ဘာတွေကို ရည်ရွယ်သလဲဆိုတာတွေအပြင် အညာတခွင်က စိတ်ဝင်စားစရာ ကြုံတွေ့နေရတဲ့ ဖိနှိပ်ခံထားရတာတွေကို Red News Agency ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ #RedNewsAgency
Read More
ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

RNA_ဩဂုတ်(၈)၊၂၀၂၄ ခုနှစ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးလိုက်သော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲအခမ်းအနား ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့စဉ် မှတ်တမ်းရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။ “တန်ဖိုးတွေအတွက် လူ့ဂုဏ်သိက္ခာအတွက်တော့ လိုအပ်ရင် အဲသလို ရင်ဆိုင်တက်တယ် တိုက်ပွဲဝင်ရဲတယ်ဆိုတာကိုတော့ နှောင်းလူတို့သိပါစေ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ကျောက်တိုင်ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More
စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

"ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်" ကေဂျီ - Wiper တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်း ရုန်းကန်ဖြတ်သန်းလာခဲ့ရပုံတွေနဲ့ လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ရေး တိုးတက်အောင်မြင်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကို တွေ့မြင်ရပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာကို တွေ့မြင်နေကြရပြီး ဒါဟာလည်း ပြည်သူလူထုရဲ့ အာဏာသိမ်း စစ်တပ်အပေါ် လက်မခံတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတယ် ဆိုတာကို သိသာစေပါတယ်။   စစ်ရေးပိုင်းဆိုင်ရာမှာ ကြည်း၊ ရေ၊ လေ…
Read More
သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်

သမ္မတရူး အိပ်မက်ကို အကောင်အထည်ဖော်ဖို့ အာဏာသိမ်းခဲ့တဲ့ စစ်ရာဇဝတ်ကောင် မင်းအောင်လှိုင်

"သမ္မတရဲ့လွှဲအပ်ချက်မရဘဲ စစ်အာဏာသိမ်းမှုလုပ်ခဲ့ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ရာကျသလို၊ နိုင်ငံတော်ပုန်ကန်မှု ကျူးလွန်ရာလည်းကျပါလိမ့်မယ်။ ဒါက အာဏာရှင်တွေကိုယ်တိုင် အကောင်အထည်ဖော်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံမှာ ပါနေတာပါ။ ဒါကြောင့် အာဏာကလည်း ရူးချင်၊ နိုင်ငံတော်ပုန်ကန်သူလို့ သတ်မှတ်မှာစိုးရိမ်တဲ့ မင်းအောင်လှိုင်ဟာ အာဏာသိမ်းချိန်မှာပဲ ဖမ်းဆီးခံထားရတဲ့ သမ္မတကြီးဦးဝင်းမြင့်ဆီမှ လွှဲပေးရန်တောင်းဆိုပေမယ့် သမ္မတကြီး ဦးဝင်းမြင့်က လက်မခံခဲ့ဘူး" ဧရာဝတီလင်းပိုင် - Wiper စစ်တပ် အာဏာသိမ်းပြီးနောက် စစ်ကောင်စီဟာ NLD အစိုးရလက်ထက် ဒုသမ္မတနှစ်ဦးဖြစ်တဲ့ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီ ဗန်ထီးယူတို့ကို ဆက်လက်ခန့်ထားခဲ့ပြီး ဦးမြင့်ဆွေကို ယာယီသမ္မတအနေနဲ့ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူက ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက်နေ့မှာ…
Read More
စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်

စစ်ကောင်စီ ကြုံတွေ့နေရတဲ့ အခြေအနေက အာဏာရှင်တို့ရဲ့ နောက်ဆုံးအချိန်

“မင်းအောင်လှိုင်နဲ့ စစ်ကောင်စီဟာ မြန်မာ့သမိုင်းမှာ တကယ့်ကို အဆိုးဝါးဆုံးသော အာဏာရှင်အဖြစ် အမှိုက်ခြင်းတောင်းထဲကို စွန့်ပစ်ခံရမယ့်သူတွေ ဖြစ်ပါတယ်” ရန်နိုင် - Wiper မင်းအောင်လှိုင်က လူတတ်ကြီးလုပ်ပြီး မဲစာရင်းအကြောင်းပြ အာဏာသိမ်းခဲ့တဲ့နောက်မှာတော့ ခုချိန်မှာ အဖက်ဖက်က ထိုးနှက်ချက်တွေနဲ့ ကိုယ့်အမြှီးကိုယ်ပြန်မျိုနေတဲ့ မြွေလိုပဲ အချိန်ကြာလေ ပျက်စီးလေ ဖြစ်နေပြီ။ ပြည်သူတွေကတော့ အခက်ခဲကြားက အားကောင်း မောင်းသန်နဲ့ အကြမ်းဖက်စစ်တပ်ကို အဖက်ဖက်က ထိုးနှက်နိုင်နေဆဲဖြစ်ပါတယ်။ စစ်အာဏာရှင်တော်လှန်ရေးဟာ အရှိန်ကောင်းကောင်းနဲ့ အားကောင်းမောင်းသန်ဖြစ်လာတာကို အားလုံးတွေ့မြင်နေကြရပြီ ဖြစ်ပါတယ်။   နွေဦးတော်လှန်ရေးကာလ တလျှောက်လုံးမှာ အကြမ်းဖက်စစ်တပ်က အာဏာသိမ်းဆန့်ကျင်သူ ပြည်သူတွေကို နည်းလမ်းပေါင်းစုံနဲ့ ဖိနှိပ်ခဲ့ပေမယ့် တော်လှန်ရေးက နောက်ဆုတ်မသွားပဲ ပိုမိုအားကောင်းလာခဲ့တယ်။ တော်လှန်ရေးကြောင့် ပြည်တွင်းစစ်ရဲ့ တရားခံက…
Read More
တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

တော်လှန်ရေးကြောင့် ယောနယ်ရဲ့ ပြောင်းလဲမှုများ

“လူငယ်တွေဟာ နေ့စားအလုပ်သမားအဖြစ် မြေပဲခွဲတာ၊ ပေါင်းနုတ်တာ၊ စပါးရိတ်တာလို အလုပ်ကြမ်းတွေပါလုပ်ပြီး တော်လှန်ရေးကို ထောက်ပံ့နိုင်ဖို့ ကြိုးစားနေကြတယ်။ တဖက်တလမ်းကနေလည်း ရနိုင်သလောက် ကွန်ပျူတာတွေစုပြီး ကွန်ပျူတာသင်တန်းတွေဖွင့်တာတွေလုပ်ကြတယ်။ ယောနယ်ရဲ့ ရိုးရာလုပ်ငန်းတခုဖြစ်တဲ့ ယောထည်ရက်လုပ်နည်းကိုလည်း သင်တန်းတွေ ဆင့်ပွားပေးကြပြီး လက်မှုပညာကို လက်ဆင့်ကမ်းနေကြတယ်” ခေတ်ငြိမ်းအေး  “၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဖုန်းလိုင်းတွေ အကုန်ဖျက်ပြီး အာဏာသိမ်းတယ်ဆိုပြီး ကြေငြာတော့ စစ်တပ်က ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လူတွေအကုန်လုံးကို ဖမ်းပြီး အာဏာသိမ်းတယ် ဆိုတာ လွယ်လားလို့ တွေးမိတယ်။ နောက်တစ်ခုက ညီမတို့တွေ မြို့ပေါ်ကိုသွား နေပူပူကြီးထဲ မြို့ကို တပတ်ပတ်ပြီးအော်တာနဲ့ ပုံမှန်အတိုင်း ဖြစ်လာမှာလား၊ ဒါတွေကို မင်းအောင်လှိုင်က ရယ်နေမလားပဲနော်လို့" ယောသူတယောက်က…
Read More
ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

ရှုံးဖို့အတွက် အင်္ဂါစုံနေတဲ့ စစ်ခေါင်းဆောင်

"ရုရှားပညာရှင်၊ တရုတ်ပညာရှင်တွေနဲ့ ဒရုန်းနည်းပညာကို သင်ယူနေကြောင်း ဖော်ပြခဲ့ကြတယ်။ စစ်ကောင်စီက ဒရုန်းတပ်ဖွဲ့ပြီးတဲ့နောက်မှာလည်း တိုက်ပွဲတွေမှာ ယခင်ထက် ပိုသုံးလာခဲ့တာတွေ ရှိလာခဲ့ပေမယ့် ၁၀၂၇ ဒုတိယအကြိမ် တိုက်ပွဲတွေမှာစစ်တပ်ရဲ့ ဒရုန်းတပ်ဆိုတာကလည်း အမည်ခံသက်သက်မှန်း သိလိုက်ရတယ်။ ပညာမဲ့တွေ စုစည်းထားပြီး နည်းပညာကို သေသေ ချာချာ နားမလည်တဲ့ သူတွေကို အဆင့်မြင့်ဒရုန်းနည်းပညာသင်ပေးတယ်ဆိုတာ နွားကို ပလာတာကျွေးသလို ရီစရာ အခြေနေတခုသာဖြစ်ပါတယ်" ရန်နိုင် - Wiper ခေတ်သစ်စစ်ပွဲတွေမှာ လက်နက်နဲ့နည်းပညာတွေ ဘယ်လိုပဲပြောင်းလဲလာပေမယ့် စစ်ပွဲနဲ့ ပတ်သတ်တဲ့ အတွေးအခေါ်ပိုင်းအတွက်တော့ တရုတ်စစ်ပညာရှင် ဆွန်ဇူးရဲ့အတွေးအခေါ်တွေက လက်တွေ့ကျ ပြည့်စုံနေတုန်းပါပဲ။ တပ်မှူးကောင်းတစ်ယောက်အတွက် စစ်တိုက်ဖို့ဆိုရင် မိမိရဲ့အခြေနေကို အမှန်အတိုင်း သိဖို့ လိုသလို ရန်သူရဲ့အခြေနေကိုလည်း အမှန်အတိုင်းသိဖို့အလွန်အရေးကြီးလှပါတယ်။…
Read More
စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

စစ်ကောင်စီအတွက် ဆေးမမှီနိုင်တော့ပါ

"စစ်မြေပြင်မှာတော့ အောက်ခြေစစ်သားတွေဟာ တိုက်ရဲခိုက်ရဲပြီး တိုက်နိုင်ခိုက်နိုင်တဲ့ စိတ်ဓာတ်နဲ့ စွမ်းဆောင်ရည်တွေဟာ လုံးဝကို ပျောက်ဆုံးသွားကြပြီ ဖြစ်တာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ စခန်းသိမ်း တိုက်ပွဲတွေကို ခုခံကြတဲ့အခါမှာတော့ ရှုံးနိမ့်မှုတွေကိုပဲ ရင်ဆိုင်နေရပါတယ်" ကေဂျီ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုက်ပွဲတွေဟာ ပြန်လည်စတင်လာခဲ့ပါပြီ။ ညီနောင်မဟာမိတ် ၃ ဖွဲ့အတွက် အောင်ပွဲတွေများစွာရရှိခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးရဲ့ ဒုတိယအကြိမ်အဖြစ် တစ်ကျော့ပြန် တိုက်ပွဲတွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့တွေမှာ သာမကဘဲ မန္တလေးတိုင်းအတွင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာပါ စတင်လာခဲ့တာဖြစ်ပါတယ်။ TNLA နဲ့အတူ မဟာမိတ်တွေ ပူးပေါင်းပါဝင်တိုက်ခိုက်လာပါတယ်။ ဒီလိုတိုက်ပွဲတွေ မစတင်ခင် လပိုင်းအလိုလောက်ကတည်းက ရှမ်းပြည်နယ်မြောက်ပိုင်းဟာ မကြာခင် ပြင်းထန်တဲ့ တိုက်ပွဲတွေ ဖြစ်ပေါ်လာတော့မယ်ဆိုတာကို စစ်ရေးနဲ့…
Read More
ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

ဘုရင်ရူးနဲ့ ဇာတ်ပျက်မှာ ဝန်မင်း ဖြစ်ချင်ကြသူတွေလည်း ရှိနေဆဲ

"အင်အားအကြီးဆုံးကတော့ ရဲချုပ်ဟောင်း ခင်ရီ ဦးဆောင်တဲ့ ကြံ့ခိုင်ရေးပါတီဖြစ်ပြီး အားလုံးသိတဲ့အတိုင်း နဂိုကတည်းက စစ်တပ်က ကျောထောက်နောက်ခံပေးထားတဲ့ တပ်ပါတီဖြစ်ပါတယ်။ နောက်ထပ် သာကူး သက်သက်ခိုင်ရဲ့ ပြည်သူ့ရှေ့ဆောင်ပါတီနဲ့ ၈၈ မျိုးဆက် ကိုကိုကြီးရဲ့ ပြည်သူ့ပါတီဟာလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲမှာ ပါဝင်နေပါတယ်" ကေဂျီ - Wiper  အာဏာရှင်ဖြစ်ချင်လွန်းလှသူ မင်းအောင်လှိုင်ရဲ့ အဓိက အားကိုးအားထားပြုနေရတဲ့  အကြမ်းဖက်တပ်မတော်ကြီးဟာ လက်နက်ကိုင်တော်လှန်ရေးအားကောင်းလာတဲ့ ၂၀၂၄ ကာလ လက်ရှိအနေအထားမှာတော့ လူထူ အနူလမ်းသလား အဆင့်ကနေ သူတင်ကိုယ်တင်တိုက်လာခိုက်လာရတဲ့ အချိန်အခါမှ အရပ်ထဲ ဖြဲပြတဲ့ ဖိုးသင်းမျောက်လို နေရာဒေသအစုံမှာ အားရပါးရကြီးကို ရှုံးပြနေပါတော့တယ်။ လက်နက်မဲ့ ပြည်သူလူထုအပေါ် နှိပ်စက်ပြ၊ အနိုင်ကျင့်ပြုလုပ်ခဲ့သမျှဟာ အရပ်စကားနဲ့ ပြောရရင်တော့…
Read More
“ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

“ဟန်ကိုယ့်ဖို့” လုပ်နေတဲ့ သမ္မတရူး စစ်ခေါင်းဆောင် 

"အာဏာသိမ်းပြီးတဲ့နောက် သမ္မတရူးရူးနေတဲ့ စစ်ခေါင်‌ဆောင်မင်းအောင်လှိုင်အဖြစ် ထင်ရှားသလို အခြားတဖက်မှာလည်း စစ်တပ်အဖွဲ့စည်းကြီးရဲ့ စစ်ခေါင်းဆောင်အုပ်စုတွင်းမှာ အာဏာလုတန်ခိုးထွားဖို့ နည်းလမ်းပေါင်းစုံ သုံးနေသူလည်းဖြစ်သည်" ရန်နိုင် - Wiper  စစ်အာဏာရှင်တွေဟာ ကိုယ်တိုင်စီစဉ်ထားတဲ့ မဲမသမာမှုဆိုတဲ့ အကြောင်းပြချက်နဲ့ တပ်မတော် ထောက်ခံသူ၊ USDP ပါတီ ထောက်ခံသူ လူနည်းစုတွေရဲ့ ဆန္ဒကိုပုံကြီးချဲ့ အာဏာသိမ်းလိုက်တဲ့နောက်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဆန္ဒပြသူ လူပင်လယ်ကြီးကိုတော့ ကျည်အစစ်အသုံးပြုပြီး ပစ်ခတ်ရှင်းလင်းခဲ့သည်။ မဲစာရင်းအမှားဆိုတာ အာဏာသိမ်းချင်လို့ အကြောင်းပြချက်တစ်ခုဖြစ်ကြောင်း ပြည်သူလူထု ကောင်းကောင်း သိကြပေမယ့်လည်း စစ်တပ်ကတော့ မဲစာရင်းအကြောင်းပြပြီး အာဏာသိမ်းခဲ့ခြင်းကို အထ မြောက်ဖို့အတွက် မဖြစ်မနေရွေးကောက်ပွဲလုပ်ဖို့ ခြေလှမ်းတွေ သွက်နေတာကိုတွေ့နေရပါသည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သတမ္မတရူးပြီး အာဏာသိမ်းတာကလည်း အကြောင်းပြချက်တစ်ခုအဖြစ်…
Read More