Radio Rebelde

မီဒီယာကို လက်နက်သဖွယ် အသုံးမချသင့်သည့် အယူအဆဘက်မှ တုံ့ပြန်ချေပခြင်း

မီဒီယာကို လက်နက်သဖွယ် အသုံးမချသင့်သည့် အယူအဆဘက်မှ တုံ့ပြန်ချေပခြင်း

"အရင်းရှင်ကမကြိုက်ရင်လည်း အလုပ်ပြုတ်ခံပြီး အမှန်တရားကို ပြောရဲရမယ်။ အာဏာရှင်က မကြိုက်ရင်လည်း အဖမ်းခံ၊အသတ်ခံပြီး အမှန်တရားဘက် ပြတ်ပြတ်ရပ်ရမယ်။ ကျနော့်အနေနဲ့ မီဒီယာတွေကို အမှန်တရားနဲ့ ပြည်သူကလွဲပြီး ကျန်တာ ဘာကိုမှထပ်ပြီးမတောင်းဆိုတော့ပါဘူး" ကျော်ကိုကို (၃ အောက်တိုဘာ ၂၀၂၆) တော်လှန်ရေးကာလမှာ မီဒီယာရဲ့ တာဝန်ဟာ တော်လှန်ရေးဘက်မှ ဝါဒဖြန့်ချီဖို့ပဲ ဖြစ်သင့်တယ်လို့ ကျနော်တို့ရဲ့ ရဲဘော်ကြီး ကိုအောင်မှိုင်းဆန်းက အဆိုတင်သွင်းခဲ့တဲ့အတွက် အယူအဆရေးရာ အငြင်းအခုန်တွေ ဖြစ်နေကြရပါတယ်။ ကြိုတင်ဝန်ခံလိုတာကတော့ အခုလို အယူအဆရေးရာ အငြင်းအခုန်သော်လည်းကောင်း၊ အယူဝါဒဆိုင်ရာ တိုက်ပွဲလို့ခေါ်ဆိုမယ်ဆိုရင်လည်းရတဲ့ စကားစစ်ထိုးပွဲသော်လည်းကောင်း ဘာတွေပဲရှိရှိ ဝမ်းမြောက်ဝမ်းသာကြိုဆိုဖို့လိုအပ်တယ်ဆိုတဲ့အချက်ပါပဲ။ ကျနော်တို့ဟာ ကျနော်တို့ရဲ့ အကျိုးစီးပွားသက်သက်အတွက် အငြင်းအခုန်ဖြစ်နေကြတာမဟုတ်ကြဘဲ တော်လှန်ရေးအကျိုးစီးပွားအတွက် ငြင်းခုန်နေကြလို့ဖြစ်တယ်။ ဒီထက်ပိုရှင်းရရင် ကိုယ်ယုံကြည်တဲ့ နိုင်ငံရေးအယူအဆတွေ၊…
Read More