Politics

အညာ မရှိရင် NUG ဘယ်လိုခရီးဆက်မလဲ…?

အညာ မရှိရင် NUG ဘယ်လိုခရီးဆက်မလဲ…?

“အညာရဲ့လက်နက်ကိုင်အဖွဲ့ အားလုံးနီးပါးက ကိုယ့်နည်းကိုယ့်ဟန်နဲ့ သေနတ်ဝယ်ပြီး စစ်အာဏာရှင်ကို ကိုယ်ထူးကိုယ်ချွန်တိုက်ခိုက်နေကြတဲ့ တော်လှန်ရေးသမားတွေ” ရန်နိုင် အညာဒေသမှာ စစ်ကောင်စီတပ်တွေ နောက်ဆုတ်သွားချိန်မှာ ရွာသူ၊ရွာသား တွေသာမက တော်လှန်ရေး တပ်ဖွဲ့တွေလည်း လွတ်လွတ်လပ်လပ် သွားလာနိုင်တဲ့ စိုးမိုးနယ်မြေ ပိုများလာခဲ့ပြီဖြစ်ပါတယ်။ စစ်ကောင်စီ လက်လှမ်းမမှီတော့တဲ့ ကျေးရွာတွေမှာလည်း M4 ကိုင်နိုင်တဲ့ ပ.က.ဖ အဖွဲ့ဝင်တွေက ဒေသတွင်း တန်ခိုးထွားနေပြီး ဆိုင်ကယ်တစီးနဲ့သွားလိုရာကို သေနတ်ကိုင်ပြီးလျှောက်သွားလေ့ရှိကြောင်း ဝက်လက်မြို့ လက်လုပ်မိုင်း ထုတ်လုပ်ရေးအဖွဲ့မှ ထုတ်လုပ်ရေးတာဝန်ခံ ကိုမိုက်က ယ်(အမည်လွှဲ) က ပြောပြခဲ့ပါတယ်။ ဒေသခံပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအားလုံးက စစ်ကောင်စီက ဖြတ်တောက်ထားတဲ့ အင်တာနက်အစား Starlink သုံးပြီး ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးတွေ လုပ်ဆောင်ကြရပါတယ်။…
Read More
အညာက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများ

အညာက လူ့အခွင့်အရေးချိုးဖောက်ခံရမှု အခြေအနေများ

RNA_အောက်တိုဘာ(၆)၊၂၀၂၄ ခုနှစ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အညာဒေသအတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ ပိုမိုများပြားလာသည့် အခြေအနေများနှင့်ပတ်သက်ပြီး ဒေသတွင်းအခြေအနေများကို ကျား/မ အခြေပြု အကြမ်းဖက်ခံရမှုရှုထောင့်မှ သုံးသပ်တင်ပြထားခြင်းဖြစ်သည်။ #RedNewsAgency #RNA
Read More
မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် တိုင်းပြည်ကို ဖျက်ဆီးနေ

RNA_စက်တင်ဘာ(၂၉)၊၂၀၂၄ခုနှစ်။ အကြမ်းဖက်အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ပညာရေးနိမ့်ပါးသည့်အတွက် စီမံခန့်ခွဲမှုအမှားများဖြင့် တိုင်းပြည်ကို ဖျက်ဆီးနေခြင်းဖြစ်ကြောင်း CDM ကျောင်းဆရာ ဆရာဇောင်းက အညာဒေသတွင်း ပညာရေးအခြေအနေများနှင့် ပတ်သက်ပြီး ဖြေကြားရာတွင် ထည့်သွင်းပြောကြားထားသည်။ Red News Agency
Read More
တာမခံ ခမရ(၁၁၉) စခန်းသိမ်းတိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

တာမခံ ခမရ(၁၁၉) စခန်းသိမ်းတိုက်ပွဲဝင် KPDF ရဲဘော်တစ်ဦး၏ အတွေ့အကြုံ

"အင်အားမမျှတဲ့ ရန်သူကို နောက်ပြန်မဆုတ်ပဲ ခုခံသွားကြတာ။ တိုက်ပွဲက နာရီပိုင်းလောက်ပဲကြာလိုက်မယ်ထင်တယ် တဖက်ရန်သူက ဝိုင်းမိသွားပြီ ရဲဘော် ၈ ယောက် လုံး ထိခိုက်ဒဏ်ရာရကုန်တယ်" Ernesto Ba Chan - တာမခံ (၁၂) ရက် အပိုင်း (၃) ဇာတ်သိမ်း။ အကြာကြီးသတိမလစ်သွားဘူး စက္ကန့်ပိုင်းပဲ မျှောသွားတယ်လို့ပြောရမလားပဲ တစ်ယောက်ယောက်က ခေါ်စရာမလို ကိုယ့်ဘာသာ သတိပြန်ပြန်လည်လာတယ် သတိပြန်လည်လာတိုင်း ငါမသေသေးဘူးပဲဆိုပြီး တွေးမိတယ်၊ ဖြစ်နိုင်ရင် ဆေးရုံရောက်မှပဲ သတိပြန်ရချင်တယ် ကျနော်ဒါဆို မနာရတော့ဘူးပေါ့။ အဲ့အချိန် ကျနော် မော်ဖင်း တောင်းတယ် ဆေးဆရာတောင်မရှိတာ မော်ဖင်းဆိုပိုဝေးသေး။ တဖက်မျက်နှာစာမှာ ဆေးမှူး ရဲဘော်တွေက ဒဏ်ရာရတဲ့လူတွေကို ဆွဲထုတ်နေတာ ကျနော်တို့ဖက်မှာ…
Read More
ရွှေဝါရောင်မြစ်ကြောင်းပေါ်က ဗကသဖြတ်သန်းမှုရေစီး

ရွှေဝါရောင်မြစ်ကြောင်းပေါ်က ဗကသဖြတ်သန်းမှုရေစီး

"၂၀၀၇ ရွှေဝါရောင်မြစ်မှာ မျိုးဆက်တခုအဖြစ် ကျနော်တို့ စီးဆင်းပြီးခဲ့ပါပြီ။ တိုက်ပွဲနဲ့ ထောင်ငရဲခန်း ကူးသန်းသွားလာခဲ့ပြီးပါပြီ။ ဒီအကြောင်းတွေကို ပြန်ပြောင်းပြောပြဖို့အတွက် ကျနော်တို့မှတ်ဥာဏ်ထောင့်တနေရာမှာ စွန်းရာကွက်ရာလေးတချို့ပဲ ရှိကောင်းရှိပါတော့တယ်။ ကျနော်တို့ မျိုးဆက်အနေနဲ့ ကိုယ့်ဘက်က သမိုင်းကို အစွန်းအကွက်ထက်ပိုတဲ့ သမိုင်းစာအုပ်ပေါ်က ခြစ်ရာများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြရင်တော့ ကျနော်တို့ ဗကသရဲဘော်အဖြစ် ဖြတ်သန်းရကျိုးနပ်မယ် ထင်ပါတယ်ခင်ဗျာ" ကျော်ကိုကို မြစ်တမြစ်ထဲမှာ ရေနှစ်ခါချိုးလို့မရဘူးလို့ ဂရိ အတွေးအခေါ်ပညာရှင် ဟီရာကလီတပ်စ်က ပြောခဲ့ဖူးပါတယ်။ ကျနော်တို့လူငယ်ဘဝမှာ မြစ်ရေစီးတခုကို ဖြတ်သန်းကူးခတ်ခဲ့ဖူးပါတယ်။ အဲ့ဒီမြစ်ကတော့ ရွှေဝါရောင်မြစ်ကြောင်း၊ ရွှေဝါရောင် တော်လှန်ရေးကာလပဲဖြစ်တယ်။ ကျနော်တို့ခေတ် ကျနော်တို့မြစ်မှာ ဘယ်လိုဘယ်ပုံကူးခတ်ခဲ့ကြသလဲ။ ကျနော်တို့လူငယ်တစုဟာ ရန်သူ့ရဲ့တောင်ကုန်းအမှတ် ၂၀၀၇ ကို ဘယ်လိုအင်အားနဲ့ တိုက်ခိုက်ဖြိုချခဲ့သလဲဆိုတဲ့ မှတ်တမ်းကို ပြန်လည်တင်ပြချင်ပါတယ်။…
Read More
အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

အနှစ်ကျန်သော နည်းဗျူဟာနှင့် မစစ်မှန်သော မူဝါဒ

"လက်ဝါးကြီးအုပ် အရင်းရှင်စနစ်ကို ကိုင်စွဲထားသည့် စစ်အုပ်စု၊ စစ်ဗျူရိုကရေစီယန္တရားနှင့် စစ်အစိုးရကို ဖြိုချဖျက်ဆီးနေသော ယနေ့မြန်မာနိုင်ငံ၏ ပဋိပက္ခများကို တရုတ်နိုင်ငံက “ပြည်တွင်းစစ်” အဖြစ် ပေါပေါပဲပဲ ခေါင်းစဉ်တပ်လိုက်ခြင်းသာ ဖြစ်သည်" ကေဂျီ (KinderGarten) “ဘယ်အချိန် တိုက်ရမလဲ၊ ဘယ်အချိန်မတိုက်ရဘူးလဲ ဆိုသည်ကို သိသောသူက နိုင်လိမ့်မည်” ဟု တရုတ်ပြည်ဂန္ထဝင်မြောက် စစ်ရေးသေနင်္ဂဗျူဟာပညာရှင် ဆွန်ဇူး၏ စစ်ပညာကျမ်းတွင် ဖော်ပြထားသည်။ ထိုအချက်ကို ညီနောင်မဟာမိတ် ၃ ဖွဲ့က ကောင်းစွာ အသုံးချပြခဲ့သည်။ ၁၀၂၇ စစ်ဆင်ရေးဖြင့် သန်မာဟန် အယောင်ဆောင်နေသော စစ်တပ်၏ အပေါ်ယံ အရေခွံကို ချွတ်ပြနိုင်ခဲ့ပြီး အနှစ်မရှိတော့သည်ကို ထင်ရှားစေခဲ့သည်။ နွေဦးတော်လှန်ရေး ကာလတစ်လျှောက်တွင် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ရေးပိုင်း၌…
Read More
ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

ဓလေ့ထုံးတမ်းများ နောက်ကွယ်က ကျား/မ အခြေပြု အကြမ်းဖက်မှုများ

RNA_စက်တင်ဘာ(၂၂)၊၂၀၂၄ ခုနှစ်။ အညဒေသက ဓလေ့ထုံးတမ်းများ နောက်ကွယ်မှာ ကြုံတွေ့နေရတဲ့ ကျား/မ အခြေပြု အကြမ်းဖက်မှုများကို လက်တွေ့ကြုံတွေ့နေရသည့် အခြေအနေများနှင့်ပတ်သက်ပြီး တင်ဆက်ထားခြင်းဖြစ်သည်။ Red News Agency
Read More
အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းနဲ့ ဖိနှိပ်ခံရမှုများ

အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းနဲ့ ဖိနှိပ်ခံရမှုများ

RNA_စက်တင်ဘာ(၈)၊၂၀၂၄ ခုနှစ်။ အညာက အမျိုးသမီးတွေ ကြုံတွေ့နေရတဲ့ ဓလေ့ထုံးတမ်းတွေနဲ့ ဖိနှိပ်ခံရမှုတွေ၊ Feminism ဆိုတာဘာလဲ၊ ဘယ်လို ပေါ်ပေါက်လာတာလဲ၊ ဘာတွေကို ရည်ရွယ်သလဲဆိုတာတွေအပြင် အညာတခွင်က စိတ်ဝင်စားစရာ ကြုံတွေ့နေရတဲ့ ဖိနှိပ်ခံထားရတာတွေကို Red News Agency ရဲ့ Podcast အစီအစဉ်မှာ တင်ဆက်ထားပါတယ်။ #RedNewsAgency
Read More
ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

ဖျက်ဆီးခံလိုက်ရသော မြောက်ဥက္ကလာ ၈၈ အထိမ်းအမှတ် ကျောက်တိုင်ဖွင့်ပွဲမြင်ကွင်း မှတ်တမ်း

RNA_ဩဂုတ်(၈)၊၂၀၂၄ ခုနှစ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီက ဖျက်ဆီးလိုက်သော ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ကန်သာယာပြည်သူ့ပန်းခြံအတွင်းရှိ ရှစ်လေးလုံး (၈၈၈၈) ပြည်သူ့အရေးတော်ပုံ အထိမ်းအမှတ်ကျောက်တိုင် ဖွင့်ပွဲအခမ်းအနား ၂၀၁၈ ခုနှစ်က ပြုလုပ်ခဲ့စဉ် မှတ်တမ်းရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။ “တန်ဖိုးတွေအတွက် လူ့ဂုဏ်သိက္ခာအတွက်တော့ လိုအပ်ရင် အဲသလို ရင်ဆိုင်တက်တယ် တိုက်ပွဲဝင်ရဲတယ်ဆိုတာကိုတော့ နှောင်းလူတို့သိပါစေ” ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ကျောက်တိုင်ဖွင့်ပွဲအခမ်းအနား မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။ (more…)
Read More
စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

စစ်အာဏာရှင် အမြစ်ပြတ်ဖို့ ထင်ထားတာထက် ပိုမြန်သွားနိုင်တယ်

"ကမ္ဘာ့သမိုင်း စာမျက်နှာမှာလည်း နိုင်ငံပိုင် ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တာကြောင့် စစ်ရေးနဲ့ နိုင်ငံရေးမှာ အခက်အခဲများစွာနဲ့ ရင်ဆိုင်ခဲ့ရပြီး ကျရှုံးသွားခဲ့ရတဲ့ တပ်မတော်ကြီးတွေ ရှိခဲ့ဖူးပါတယ်" ကေဂျီ - Wiper တော်လှန်ရေး သုံးနှစ်ကျော် လေးနှစ်တာ ကာလအတွင်း ရုန်းကန်ဖြတ်သန်းလာခဲ့ရပုံတွေနဲ့ လက်ရှိအနေအထားကို လေ့လာကြည့်မယ်ဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်ရေး တိုးတက်အောင်မြင်မှုဟာ အရှိန်အဟုန် မြင့်မားလွန်းတာကို တွေ့မြင်ရပါတယ်။ ဒီနေရာမှာ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ အခန်းကဏ္ဍဟာ အရေးကြီးတဲ့ နေရာက ပါဝင်နေတာကို တွေ့မြင်နေကြရပြီး ဒါဟာလည်း ပြည်သူလူထုရဲ့ အာဏာသိမ်း စစ်တပ်အပေါ် လက်မခံတော့တဲ့ အခြေအနေတွေကြောင့် ဖြစ်လာရတယ် ဆိုတာကို သိသာစေပါတယ်။   စစ်ရေးပိုင်းဆိုင်ရာမှာ ကြည်း၊ ရေ၊ လေ…
Read More