နယ်စပ်ကုန်သွယ်ရေး

စစ်အုပ်စုက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ(၁)လုံး (၂၀၀၀)ကျပ်နီးပါးထိ ဈေးတက်

စစ်အုပ်စုက ထိုင်းပို့ကုန်ပိတ်ပင်မှုကြောင့် တာချီလိတ်မှာ ကြက်ဥ(၁)လုံး (၂၀၀၀)ကျပ်နီးပါးထိ ဈေးတက်

RNA_စက်တင်ဘာ(၂၁)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ မယ်ဆိုင်မှ တင်သွင်းသည့် ပို့ကုန်များကို စစ်အုပ်စုက ပိတ်ပင်လိုက်မှုကြောင့် တာချီလိတ်မြို့၌ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေပြီး ကြက်ဥ (၁) လုံး (၂၀၀၀) ကျပ်ဝန်းကျင်အထိရှိလာကြောင်း သိရသည်။ မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်မှတဆင့် တင်ပို့သည့် အေးခဲစားသောက်ကုန်များအပါအဝင် အခြေခံစားသောက်ကုန်များကို စစ်အုပ်စုက ယနေ့ (စက်တင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင်း ယာယီတားမြစ်ခဲ့ကြောင်း ထိုင်းသတင်းဌာနများလည်း ဖော်ပြထားသည်။ မယ်ဆိုင်မှ တင်သွင်းကုန်များ ယာယီပိတ်ပင်ထားမှုအပေါ် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ မပြည့်မီခြင်းနှင့် မြန်မာနိုင်ငံသို့ ပေးဆောင်ရမည့် ကုန်သွယ်ခွန်များကို စနစ်တကျ ပေးဆောင်ထားခြင်း မရှိခြင်းကြောင့် ပို့ကုန်တင်သွင်းမှုကို ယာယီရပ်ဆိုင်းထားကြောင်း စစ်အုပ်စုက အကြောင်းပြပြောဆိုထားသည်။ ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေး၌ အရေးပါသည့် မယ်ဆိုင်-တာချီလိတ်နယ်စပ်ဂိတ်ကို ရုတ်တရက် ပိတ်ပင်မှုကြောင့်…
Read More
မောင်တောနယ်စပ်က ဘင်္ဂလာဒေ့ရှ်သို့ ကုန်တွေတင်ပို့နေတဲ့ ကုန်သည်တွေရဲ့အခက်အခဲက ဘာတွေလဲ

မောင်တောနယ်စပ်က ဘင်္ဂလာဒေ့ရှ်သို့ ကုန်တွေတင်ပို့နေတဲ့ ကုန်သည်တွေရဲ့အခက်အခဲက ဘာတွေလဲ

မြတ်ထွန်းနိုင်၊ မောင်တော|နိုဝင်ဘာလ ၂ ရက်။ မြန်မာနိုင်ငံအနောက်ဖက်အစွန်ဆုံး ရခိုင်ပြည်နယ် မောင်တောမြို့က နယ်စပ်ကုန်သွယ်ရေးကို လုပ်ကိုင်နေကြတဲ့ ကုန်သည်တွေဟာ တစ်ဖက်ဘင်္ဂလာဒေ့ရှ်နိုင်ငံသို့ ကုန်ပစ္စည်းတွေတင်ပို့နေတာတွေမှာ အခက်အခဲတွေရှိနေပါတယ်။ အဲဒီအခက်အခဲတွေကို မောင်တောမြို့က ကုန်သည်မာမတ်ရှော်ဖီးလ်က အနည်းငယ်ပြောပြထားပါတယ်။ မြန်မာနိုင်ငံရဲဲ့နယ်စပ်ကုန်သွယ်ရေးတွေ ဒီထက်ကောင်းမွန်တိုးတ က်လာဖို့ အစိုးရဖက်က ဘာတွေကူညီဆောင်ရွက်ပေးဖို့ လိုအပ်နေပါသလဲဆိုတာကို ရုပ်သံမှာ ကြည့်နိုင်ပါတယ်။[embedyt] https://www.youtube.com/watch?v=FcHbigw3X-M[/embedyt]Red News Agency
Read More