International

ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

ထိုင်းဝန်ကြီးချုပ်က ရုရှားသမ္မတကို အလည်လာရန် ဖိတ်ခေါ်

RNA_အောက်တိုဘာ(၁၉)၊၂၀၂၃ ခုနှစ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ ကျင်းနေသည့် ခေတ်သစ်ပိုးလမ်းမ ခါးပတ်လမ်းစီမံကိန်း အစည်းအဝေး အပြီးမှာ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ရုရှသမ္မတ ဗလာဒီမာပူတင်ကို ထိုင်းနိုင်ငံလာရောက် လည်ပတ်ရန် ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။ "ရုရှသမ္မတကြီးက ဖူးခက်ကျွန်းကို သဘောကျတယ်၊ အဲဒီကို သူက ပုံမှန်လာရောက်လည်ပတ်တယ်ဆိုတာ ကွန်တော်သိပါတယ် ဒါကြောင့် နောက်နှစ်မှာ လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်" လို့ ထိုင်းဝန်ကြီးချုပ် Srettha Thavisin က ပြောကြားထားသည်။ ရုရှသမ္မတ ဗလာဒီမာပူတင်ကလည်း ထိုင်းလို (khob khun krub ) ကျေးဇူးတင်ပါသည်ဟု ထိုင်းဝန်ကြီးချုပ်ကို ထိုင်းဘာသာ စကားနှင့်ပြန်လည်နှုတ်ဆက်ခဲ့ကြောင်း၊ တရုတ်ပြည်၏ ခေတ်သစ်ပိုးလမ်း ခါးပတ်လမ်း…
Read More
ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

ဂါဇာ ဆေးရုံတခုမှာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့်သေဆုံး

RNA_အောက်တိုဘာ(၁၈)၊၂၀၂၃ ခုနှစ်။ အမေရိကန်သမ္မတဂျိုးဘိုင်ဒန် (Joe Biden)က အစ္စရေးအပါဝင် အာရပ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် သွားဖို့ ပြင်ဆင်နေချိန် အင်္ဂါနေ့ညပိုင်းက ဂါဇာရှိဆေးရုံတခုမှာပြင်းထန်သည့် ဗုံးပေါက်ကွဲမှုကြောင့် လူ ၅၀၀ ခန့် သေဆုံးခဲ့သည်ဟု ဟားမတ်စ်အဖွဲ့ ကျန်းမာရေးအဖွဲ့က ပြောကြားထားသည်။ ဆေးရုံဗုံးပေါက်ကွဲမှုနှင့် ပတ်သက်ပြီး ဟားမတ်စ်အဖွဲ့က အစ္စရေး လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး စွပ်စွဲအပြစ်တင်ထား‌ကြောင်း၊ အစ္စရေးဘက်ကလည်း အခြားသော ပါလက်စတိုင်း စစ်သွေးကြွများ၏ ဒုံးကျည်တစ်စင်း မှားယွင်းပစ်ခတ်ခဲ့မှုဟု ပြောဆိုထားသည်။ Ref : AP Red News Agency
Read More
အီကွေဒေါနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အသက်ငယ်ဆုံး လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa

အီကွေဒေါနိုင်ငံရဲ့ သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ အသက်ငယ်ဆုံး လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa

"အီကွေဒေါနိုင်ငံရဲ့ သမ္မတသစ် Daniel Noboa ဟာ ရာဇ၀တ်မှုထူပြောလာတာတွေ၊ မူးယစ်ဆေးဝါးမှောင်ခိုဂိုဏ်းများကြား အငြင်းပွားမှုတွေ၊ တိုးတက်လာတဲ့ ရွေ့ပြောင်းအခြေချမှုတွေကို ကိုင်တွယ်ဖြေရှင်းပေးမှာ" *************************** အီကွေဒေါနိုင်ငံသားတွေကို အလုပ်ကိုင်တွေ ဖန်တီးပေးမယ်၊ ရာဇဝတ်အကြမ်းဖက်မှုခင်းဂိုဏ်းတွေကို ထိန်းချုပ်မှုတွေလုပ်မယ်ဆိုပြီး အီကွေဒေါနိုင်ငံရဲ့အသက်ငယ်ဆုံးသမ္မတအဖြစ် ရွေးချယ်ခံရတဲ့ လူငယ်စီးပွားရေးလုပ်ငန်းရှင် Daniel Noboa က ပြောဆိုလိုက်ပါတယ်။ အသက် ၃၅ နှစ်သာရှိသေးတဲ့ Daniel Noboa ဟာဆိုရင် ပြိုင်ဘက် သမ္မတလောင်း Luisa Gonzalez ကို မဲရလဒ် ၅၂ ရာခိုင်နှုန်းနဲ့ အနိုင်ရခဲ့တာလဲ ဖြစ်ပါတယ်။ "မနက်ဖြန် အီကွေဒေါနိုင်ငံသစ်အတွက် အလုပ်တွေ စတင်လုပ်ပါမယ်၊ အကြမ်းဖက်မှုတွေ၊ အကျင့်ပျက်ခြစားမှုတွေ၊ အမုန်းတရားတွေနဲ့ တကယ်ကို ချွတ်ခြုံကျနေတဲ့ ကျွန်တော်တို့…
Read More
အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

အစ္စရေးနိုင်ငံရောက် ထိုင်းနိုင်ငံသား ၉၀ ဦး ယနေ့ ပြန်ရောက်

RNA_အောက်တိုဘာ(၁၅)၊၂၀၂၃ ခုနှစ်။ အစ္စရေးနိုင်ငံကို သွားရောက် အလုပ်လုပ်နေသည့် ထိုင်းနိုင်ငံသား (၉၀) ဦး ယနေ့ နံနက်ပိုင်းက Airbus A-340 ဖြင့် Tel Aviv မှ ထိုင်းနိုင်ငံ U Tapao လေဆိပ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီဖြစ်သည်။ ထိုင်းလေဆိပ်မှ တဆင့် ဘန်ကောက်ရှိ SC Park Hotel သို့ ပြန်လည်ရောက်ရှိလာသည့် ထိုင်းနိုင်ငံသားများကို ပို့ဆောင်ပေးခဲ့ပြီး၊ မိသားစုများနှင့် ဆွေမျိုးသားချင်းများ ဟိုတယ်မှာ တွေ့ဆုံခဲ့ကြသည်။ ဟားမတ်စ် - အစ္စရေး စစ်ပွဲအတွင်း ထိုင်းနိုင်ငံသား သေဆုံးသူ ၂၈ ဦးရှိပြီး၊ ဟားစတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၇ ဦးရှိကြောင်း၊ ဒဏ်ရာရရှိသူ…
Read More
ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

ပြန်ပေးဆွဲခံရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်နေပြီး လွတ်မြောက် ရေးအတွက် ပူးပေါင်းဆောင်ရွက်နေ

RNA_အောက်တိုဘာ(၁၂)၊၂၀၂၃ ခုနှစ်။ ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲဖမ်းဆီးခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးမှာ အသက်ရှင်လျှက်ရှိနေပြီး၊ အစ္စရေး အပါဝင် အာရပ်နိုင်ငံအချို့နှင့်ဖမ်းဆီးခံသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း ထိုင်းကာကွယ်ရေးဝန်ကြီး Sutin Klungsang က ပြောသည်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး အစီရင်ခံစာတွင် ဟားမတ်စ်အဖွဲ့၏ ပြန်ပေးဆွဲခံထားရသည့် ထိုင်းနိုင်ငံသား ၁၄ ဦးရှိကြောင်း၊ ထိုင်းအစိုးရသည် ဆော်ဒီအာရေးဗီးယား၊ အီဂျစ်၊ ဂျော်ဒန်၊ ကာတာနိုင်ငံများနှင့် ပြန်ပေးဆွဲခံထားရသူများ လွတ်မြောက်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေကြောင်း၊ အစ္စရေးနိုင်ငံကလဲ ညှိနှိုင်းဆောင်မှုတွေမှာ ကူညီထောက်ပံ့ပေးနေသည်ဟု ၎င်းကပြောသည်။ (more…)
Read More