RNA_နိုဝင်ဘာ(၁၆)၊၂၀၂၆ခုနှစ်။
မြန်မာနိုင်ငံတွင် မြန်မာပြည်သူများ၏ ဆန္ဒကို ထင်ဟပ်စေမည့် စစ်မှန်၍ အားလုံးပါဝင်နိုင်သော ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ်ကို ဖော်ဆောင်ရန် လိုအပ်ကြောင်း ယူကေ အပါအဝင် G7 အဖွဲ့ဝင်နိုင်ငံများက ထပ်မံတိုက်တွန်းထားကြောင်း ရန်ကုန်ရှိ ယူကေ သံရုံးက ယနေ့ (နိုဝင်ဘာ ၁၆ ရက်နေ့) အသိပေးထားသည်။
အမေရိကန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ကနေဒါ၊ ယူကေနှင့် ဂျပန်တို့ပါဝင်သည့် G7 နိုင်ငံခြားရေးဝန်ကြီးများ ထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ (၉) ရက်နှင့် (၁၀) ရက်နေ့တို့တွင် ပြင်သစ်နိုင်ငံ ပဲရစ်မြို့၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုများကို ချက်ချင်းလျှော့ချရန်၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတားဆီးမရှိ ဝင်ရောက်နိုင်ရေးနှင့် မြန်မာပြည်သူများ၏ ဆန္ဒသဘောထားကို ထင်ဟပ်စေသော စစ်မှန်ပြီး အားလုံးပါတင်သည့် ဒီမိုကရေစီလုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပေါ်ရေးတို့ကို တောင်းဆိုထားသည်။



အင်ဒို-ပစိဖိတ်ဒေသသည် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့် တည်ငြိမ်ရေးအတွက် အဓိကအရေးပါသည့် ဒေသအဖြစ် ဆက်လက်တည်ရှိနေကြောင်း၊ ယူကေ အပါအဝင် G7 အဖွဲ့ဝင်နိုင်ငံများက အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေတည်တံ့ခိုင်မြဲမှု၊ ဥပဒေစိုးမိုးရေးနှင့် မြန်မာနိုင်ငံအရေးအပါအဝင် ပဋိပက္ခများကို ငြိမ်းချမ်းစွာ ဖြေရှင်းရေးတို့ အပေါ် အခြေခံထားသည့် လွတ်လပ်၊ ပွင့်လင်း၊ ကြွယ်ဝ လုံခြုံသော အင်ဒို-ပစိဖိတ်ဒေသအတွက် ၄င်းတို့၏ မျှော်မှန်းချက်ကို ထပ်မံအတည်ပြုခဲ့သည်။
#REDNEWS #RedNewsAgency #RNA