18
Jul
RNA_ဇူလိုင် (၁၈)၊၂၀၂၄ ခုနှစ်။ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်၊ ပုသိမ်-မုံရွာ ကားလမ်းပေါ်ရှိ ကျောက်တိုင်ကျေးရွာနှင့် ပန်းပင်ကုန်းကျေးရွာအကြား လမ်းပိုင်းတစ်နေရာတွင် ဇူလိုင်လ ၁၇ ရက်နေ့ ညနေ ၅ နာရီခန့်က တိုင်တားကျေးရွာမှ ပြန်လာသော အင်အား ၄၀ ခန့်ပါ စစ်ကောင်စီယာဉ်အား တော်လှန်ရေးအင်အားစုများက စောင့်ကြိုတိုက်ခိုက်ရာ ဒုဗိုလ်မှူးကြီးမင်းအောင်ကျော်လင်းအပါအဝင် ၂၁ ဦး ဒဏ်ရာရပြီး (၆) ဦးသေဆုံးခဲ့သည်ဟု မင်းတုန်းမြို့နယ် ပကဖ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ ကားရှေ့ခန်းမှ လိုက်ပါလာသော သရက်မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌဒုဗိုလ်မှူးကြီး မင်းအောင်ကျော်လင်း ဗိုက်၊ပေါင်၊ လက်မောင်း ၃ နေရာထိမှန်ပြီး မင်းတုန်းဆေးရုံမှာ မနိုင်သည့်အတွက် သရက်ဆေးရုံသို့ အခြား…