တော်ဝင်အသရေဖျက်မှု

ထိုင်းဘုရင်စနစ်ကို ဝေဖန်ခဲ့သည့် ပြည်သူ့ပါတီ လွှတ်တော်အမတ် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရ

ထိုင်းဘုရင်စနစ်ကို ဝေဖန်ခဲ့သည့် ပြည်သူ့ပါတီ လွှတ်တော်အမတ် ထောင်ဒဏ် (၃) နှစ် ချမှတ်ခံရ

RNA_နိုဝင်ဘာ(၂၃)၊၂၀၂၆ခုနှစ်။ ထိုင်းဘုရင်စနစ်ကို လူမှုကွန်ရက်၌ ဝေဖန်ခဲ့သည့် ထိုင်းလွှတ်တော်အမတ် ရစ်ချာနွတ် "အိုက်စ်" ဆရီနော့ (Rukchanok “Ice” Srinork) ကို တော်ဝင်အသရေဖျက်မှု ပုဒ်မ (၁၁၂) အရ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ကြောင်း အယူခံတရားရုံးက ယနေ့ (နိုဝင်ဘာ ၂၃ ရက်) အမိန့်ချမှတ်ခဲ့သည်။ ယနေ့ နံနက်ပိုင်း အယူခံတရားရုံးသို့ ရောက်လာသည့် ရစ်ချာနွတ်သည် အမည်းရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ တည်ငြိမ်ပြီး ယုံကြည်မှုအပြည့်ဖြင့် သူမကို ထောက်ခံသူများအား နှုတ်ဆက်စကားပြောကြားခဲ့ကြောင်း သိရသည်။ “ကျွန်မ အပြစ်မရှိဘူးဆိုတာ အပြည့်အဝယုံကြည်ပါတယ်။ ကျွန်မ အလုပ်တွေကို ဆက်လုပ်နေဦးမှာပါ။ ဒီနေ့ ကျွန်မကို လာရောက်အားပေးထောက်ခံသူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဒီကိစ္စတွေပြီးသွားရင်…
Read More