News

တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

တောင်သာရှိ မူလတန်းကျောင်းကို စစ်အုပ်စု ဒရုန်းဖြင့် တိုက်ခိုက်၊ ကလေးငယ်များအပါအဝင် အများပြား ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၆)၊၂၀၂၆ခုနှစ်။ မန္တလေးတိုင်း တောင်သာမြို့နယ် သာပေါင်းလေးရွာရှိ မူလတန်း စာသင်ကျောင်းကို စစ်အုပ်စုက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် စာသင်ကြားနေသည့် ကလေးငယ်များအပါအဝင် (၁၅) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ တောင်သာမြို့နယ် ထန်းပင်ကန်ရွာ ရေအောင်မြင်ဘုရား၌ တပ်စွဲထားသည့် စစ်အုပ်စုက သာပေါင်းလေးရွာရှိ စာသင်ကျောင်းကို ယနေ့ (အောက်တိုဘာ ၆ ရက်) နံနက် (၈) နာရီဝန်းကျင်၌ ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီကလည်း ဖော်ပြထားသည်။ စစ်အုပ်စု ဒရုန်းဖြင့် ဗုံးကြဲချတိုက်ခိုက်ချိန်တွင် မူလတန်းစာသင်ကျောင်း၌ ကလေးငယ်များ စာသင်ကြားနေချိန်ဖြစ်သောကြောင့် ထိခိုက်ဒဏ်ရာရသူ များပြားခဲ့ပြီး အချို့သည် ပြင်းထန်ဒဏ်ရာရရှိထားကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူများထဲတွင် ကလေးငယ်များနှင့် စာသင်ကြားနေသည့် ဆရာမလည်း ပါဝင်ခဲ့ကြောင်း…
Read More
ဘန်ကောက်လေဆိပ်၌ အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော် သိမ်းဆည်းရမိ

ဘန်ကောက်လေဆိပ်၌ အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော် သိမ်းဆည်းရမိ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ်၌ ခရီးဆောင်အိတ် (၂)လုံးအတွင်း ထည့်ထားသည့် အမေရိကန်ဒေါ်လာ (၁ ဒသမ ၇) သန်းကျော်ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာန Khaosod က ယနေ့ (အောက်တိုဘာ ၅ ရက်) ဖော်ပြထားသည်။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှ ဘန်ကောက်ကို ရောက်ရှိလာသည့် ခရီးသည် (၂) ဦး၏ ခရီးဆောင်အိတ်ကို လေဆိပ်အကောက်ခွန်အရာရှိများက စစ်ဆေးချိန် ထိုင်းဘတ်ငွေ (၅၆) သန်းကျော် တန်ဖိုးရှိ အမေရိကန်ဒေါ်လာများကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ (more…)
Read More
ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

ရေဦးမြို့အနောက်ပိုင်းကို စစ်အုပ်စုက အသေခံဒရုန်းဖြင့်တိုက်ခိုက်မှုကြောင့် ကလေးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ စစ်ကိုင်းတိုင်း ရေဦးမြို့နယ်အနောက်ပိုင်းမှ ကျေးရွာများကို စစ်အုပ်စုက အသေခံဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် (၃) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ရေဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ထံက သိရသည်။ ရေဦးမြို့နယ်အနောက်ပိုင်း ညောင်ပင်သာရွာ၊ မကြီးကုံး (မကျည်းကုန်း) ရွာ၊ အုတ်ဖိုရွာနှင့် ညောင်စောက်ရွာတို့ရှိ အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ အောက်တိုဘာ (၄) ရက် နေ့လည် ပိုင်း၌ စစ်အုပ်စုက အသေခံဒရုန်း (၃) စင်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညောင်စောက်ရွာမှ ဒေသခံ (၃) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ “ကာမီကာဇယ် အသေခံဒရုန်း (၃) စီး နဲ့ ရေဦးအနောက်ပိုင်း ကျေးရွာတစ်ရွာ ကိုတိုက်ခိုက်ခံရပြီး ပြည်သူ အမျိုးသမီး…
Read More
ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် CDM ဆရာမ ဒေါ်ခင်သီတာ အိုးဘိုထောင်၌ ကွယ်လွန်

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မန္တလေး အိုးဘိုထောင်၌ မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသူ CDM ဆရာမ ဒေါ်ခင်သီတာသည် ဆေးဝါးကုသခွင့် အလုံအလောက်မရရှိသဖြင့် စက်တင်ဘာ (၂၈) ရက်တွင် ကွယ်လွန်ခဲ့ကြောင်း အာဏာရှင်စနစ်ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ (AFCC) (မန္တလေး) ထံက သိရသည်။ မန္တလေး ဆေးတက္ကသိုလ် ရောဂါဗေဒဌာန၊ ဓါတ်ခွဲခန်းမှူးဖြစ်သည့် CDM ဆရာမ ဒေါ်ခင်သီတာ (၅၃ နှစ်) ကို စစ်အုပ်စုက ၂၀၂၃ ခုနှစ် ဩဂုတ် (၁၅) ရက်တွင် မတရားဖမ်းဆီးခဲ့ပြီးနောက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀(ည)၊ ၅၂(က) တို့ဖြင့် တရားစွဲဆိုကာ ထောင်ဒဏ် (၂၂) နှစ် ချမှတ်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ “ဆရာမက ထောင်မကျခင်က…
Read More
အစုလိုက်အပြုံလိုက်သတ်ပြီး စစ်အုပ်စု မြှုပ်ထားခဲ့သည့် အလောင်းများကို (၃) နှစ်ကျော်ကြာမှ တွေ့ရှိ

အစုလိုက်အပြုံလိုက်သတ်ပြီး စစ်အုပ်စု မြှုပ်ထားခဲ့သည့် အလောင်းများကို (၃) နှစ်ကျော်ကြာမှ တွေ့ရှိ

RNA_အောက်တိုဘာ(၅)၊၂၀၂၆ခုနှစ်။ မကွေးတိုင်း မြိုင်မြို့နယ် ဝက်ပုတ်ရွာ၌ စစ်အုပ်စု အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းကို (၃) နှစ်ကျော်အကြာ အောက်တိုဘာ (၄) ရက်၌ ရှာဖွေတွေ့ရှိခဲ့ကြောင်း အညာမြေအရပ်ဖက် လူမှုအဖွဲ့အစည်း - မြိုင်က ထုတ်ပြန်ထားသည်။ မြိုင်မြို့နယ် ဒေသအဖွဲ့အစည်းများက ရှာဖွေတွေ့ရှိခဲ့သည့် ရုပ်အလောင်း (၁၂) လောင်းသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဇွန်လဆန်းပိုင်းက မြိုင်မြို့နယ်အတွင်း ကျေးရွာများကို စစ်အုပ်စုနှင့် လက်အောက်ခံ ပျူစောထီးအဖွဲ့များက စစ်ကြောင်းထိုးချိန် ဖမ်းဆီးခံရသည့် ဒေသခံပြည်သူများဖြစ်ကြောင်း သိရသည်။ စစ်အုပ်စု၏ အကြမ်းဖက် ဖမ်းဆီးသတ်ဖြတ်ခံရသူများသည် ဂွေးကုန်ရွာမှ ပြည်သူ (၅) ဦး၊ မကျီးကုန်းရွာမှ ပြည်သူ (၁)…
Read More
ရသေ့တောင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး သေဆုံး

ရသေ့တောင် ဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး သေဆုံး

RNA_အောက်တိုဘာ(၄)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်အတွင်းက ကျေးရွာ (၃) ခုကို စစ်အုပ်စုလေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၂) ဦး နေရာတွင် သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် (AA) က အောက်တိုဘာ (၃) ရက် ညပိုင်းတွင် ထုတ်ပြန်ထားသည်။ ရသေ့တောင်မြိ့းပေါ်ရပ်ကွက်များအပါအဝင် ပြားချောင်းကြီးရွာ၊ ပြင်ခါင်ရွာနှင့် အငူမော်ရွာတို့ကို စစ်အုပ်စုက အောက်တိုဘာ (၃) ရက် နံနက်အစောပိုင်း (၁) နာရီဝန်းကျင်တွင် လေကြောင်းတိုက်ခိုက်မှု မိနစ် (၃၀) နီးပါးကြာ လုပ်ဆောင်ခဲ့ပြီး ဗုံးအလုံးရေ (၂၀) ခန့် ကြဲချတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုအတွင်း တောင်ရင်းတန်းရပ်ကွက်မှ (၉) တန်းကျောင်းသူ အသက် (၁၅)…
Read More
ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

ကျောက်တော်ဖြစ်စဉ်အပြီး ရခိုင်က မြို့နယ် (၅) ခုကို စစ်အုပ်စုဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံး

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ရခိုင်ပြည်နယ် ကျောက်တော်မြို့ အိန္ဒိယဈေးဗုံးကြဲတိုက်ခိုက်ခံရမှုအပြီး အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် အခြားမြို့နယ် (၅) မြို့နယ်ကို စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ (၁၃) ဦး ထိခိုက်ဒဏ်ရာရပြီး (၁) ဦး သေဆုံးခဲ့ကြောင်း AA သတင်းပြန်ကြားရေးက ယနေ့ (အောက်တိုဘာ ၂ ရက်) ထုတ်ပြန်ထားသည်။ စက်တင်ဘာ (၂၈) ရက်က အရပ်သားပြည်သူ (၅၀) ဦး သေဆုံးခဲ့ပြီး (၅၇) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကျောက်တော်ဖြစ်စဉ်အပြီး စက်တင်ဘာ (၃၀) ရက်မှစတင်ကာ အောက်တိုဘာ (၁) ရက်နေ့အထိ စစ်အုပ်စုက ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ဝီရဌာနေ (ပေါက်တော)၊ ကျောက်တော်နှင့်…
Read More
စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာ၌ လူပေါင်း (၁၂၀၀) ခန့် သေဆုံးနိုင်ဟု သုတေသနပညာရှင်များ ပြော

စူပါအယ်လ်နီညိုဖြစ်စဉ်ကြောင့် မြန်မာ၌ လူပေါင်း (၁၂၀၀) ခန့် သေဆုံးနိုင်ဟု သုတေသနပညာရှင်များ ပြော

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲလာမှုနှင့် အပူချိန်မြင့်တက်လာမှုတို့ကြောင့် (၆) လအတွင်း ကမ္ဘာတစ်ဝန်း၌ လူပေါင်း (၄၅၁၀၀၀) ခန့် သေဆုံးနိုင်ကြောင်း ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်များနှင့် သုတေသနရှင်များ ပူးပေါင်းပါဝင်သော Climate Impact Lab က အစီရင်ခံစာထုတ်ပြန်ထားသည်။ ၂၀၂၆ ခုနှစ် စက်တင်ဘာလမှ ၂၀၂၇ ခုနှစ် ဖေဖော်ဝါရီလအထိ စူပါအယ်လ်နီညို သက်ရောက်မှုဖြစ်စဉ်ကြောင့် အပူချိန်ပိုမိုမြင့်တက်လာနိုင်သည့်အတွက် ကမ္ဘာတစ်ဝန်း လူသိန်းနှင့်ချီ သေဆုံးမှုအန္တရာယ်ကို ကြိုတင်ကာကွယ်ပြင်ဆင်ရန် Climate Impact Lab က တိုက်တွန်းထားသည်။ ယင်းဖြစ်စဉ်အတွင်း မြန်မာနိုင်ငံရှိ လူပေါင်း (၁၂၀၀) ခန့်သည် (၆)လတာကာလအတွင်း ဆိုးရွားသည့် အပူချိန်မြင့်တက်မှုကြောင့် သေဆုံးနိုင်ခြေရှိကြောင်း ဖော်ပြထားပြီး အများဆုံး (၁၃၀၀)…
Read More
မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန် မလေးရှားကို ကုလသမဂ္ဂ ပြော

မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန် မလေးရှားကို ကုလသမဂ္ဂ ပြော

RNA_အောက်တိုဘာ(၂)၊၂၀၂၆ခုနှစ်။ မလေးရှားအစိုးရ တာဝန်ရှိသူများအနေဖြင့် မြန်မာဒုက္ခသည်များအား နေရပ်ပြန်ပို့မှုကို ချက်ချင်းရပ်တန့်ရန်နှင့် နိုင်ငံတကာဥပဒေထုံးတမ်းစဉ်လာများကို လေးစားလိုက်နာရန် မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Kelley E. Currie က တောင်းဆိုထားသည်။ မလေးရှား ထိန်းသိမ်းရေးစခန်းများ၌ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသားများထဲမှ (၅၀၀၀) ကို နေရပ်ပြန်ပို့ရန် စစ်အုပ်စုတာဝန်ရှိသူများနှင့် မလေးရှားအစိုးရကြား သဘောတူညီမှုရရှိခဲ့ပြီးနောက် ပထမအသုတ်အနေဖြင့် မြန်မာဒုက္ခသည် (၁၄၇၆) ဦးကို ပြီးခဲ့သည့် စက်တင်ဘာ (၂၉) ရက်က နေရပ်ပြန်ပို့မှု စတင်ခဲ့ခြင်းဖြစ်သည်။ “အမျိုးသမီးတွေနဲ့ ကလေးတွေပါအပါအဝင် မြန်မာနိုင်ငံသား (၅၀၀၀) ကို နေရပ်ပြန်ပို့ဖို့ မြန်မာစစ်တပ်အာဏာပိုင်တွေနဲ့ သဘောတူညီမှုရယူခဲ့တဲ့ မလေးရှားအစိုးရရဲ့လုပ်ဆောင်မှုအပေါ် ကျွန်မအနေနဲ့ အတော်လေးစိုးရိမ်မကင်းဖြစ်ရပါတယ်။ မလေးရှားအစိုးရအနေနဲ့ နိုင်ငံတကာဥပဒေတွေကို…
Read More
အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

အီရတ်မှ အမေရိကန်တပ်များ အပြီးတိုင်ရုပ်သိမ်း

RNA_စက်တင်ဘာ(၃၀)၊၂၀၂၆ခုနှစ်။ အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းကြောင်း အမေရိကန်စစ်တပ် တာဝန်ရှိသူများက ယနေ့ (စက်တင်ဘာ ၃၀ ရက်) တွင် ပြောကြားထားကြောင်း အေပီသတင်းဌာနက ဖော်ပြထားသည်။ စက်တင်ဘာကုန်၌ အမေရိကန်တပ်ဖွဲ့များ အပြီးတိုင်ရုပ်သိမ်းမှုသည် အီရတ်နိုင်ငံတွင်း ဆယ်စုနှစ် (၂) ခုကျော်ကြာ ရှိနေခဲ့သည့် ၎င်းတို့၏ စစ်ဆင်ရေးကို အဆုံးသတ်ခဲ့ခြင်းခဲ့ဖြစ်သည်။ အမေရိကန်တပ်ဖွဲ့များ ရုပ်သိမ်းမှုသည် ဘဂ္ဂဒက်နှင့် ဝါရှင်တန်ကြား ပြီးခဲ့သည့် (၂) နှစ်ကျော်ကတည်းက သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး ယင်းကာလအတွင်း အီရန်နှင့် အမေရိကန်ကြား ဖြစ်ပွားနေသည့် စစ်ရေးပဋိပက္ခသည် အီရတ်နိုင်ငံတွင်းသို့ ကူးစက်မှုများလည်း ရှိနေခဲ့သည်။ အီရန်စစ်တပ် ကျောထောက်နောက်ခံပြု ပြည်သူ့စစ်အဖွဲ့များကလည်း အီရတ်နိုင်ငံတွင်းရှိ အမေရိကန်တပ်ဖွဲ့များကို တိုက်ခိုက်မှုများရှိနေပြီး အမေရိကန်ကလည်း ယင်းအဖွဲ့များ၏ အခြေစိုက်စခန်းများကို…
Read More