သတင်း

ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်

ကော်သူးလေတည်ဆောက်ရန် နားလည်မှုဖြင့် အတူလက်တွဲလုပ်ဆောင်ရန်လိုအပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။   ကော်သူးလေတည်ဆောက်ရန်အတွက် တစ်ယောက်စီတိုင်းမှာ တစ်ဦးကိုတစ်ဦး နားလည်မှုနှင့် အတူလက်တွဲ လုပ်ဆောင်ရန်လိုအပ်သည်ဟု ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ၇၆) ကြိမ်မြောက် ကရင်တော်လှန်ရေးနေ့တွင် သတင်းစကားပါးထားသည်။ (more…)
Read More
ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော သူရဘွဲ့တံဆိပ် ချီးမြှင့်ခံရ

ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘော သူရဘွဲ့တံဆိပ် ချီးမြှင့်ခံရ

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။   ရှေ့တန်းစစ်မြေပြင်တွင် မကြောက်မရွံ့ စစ်ကောင်စီ၏ နိုင်ငံတော်အဆင့်ရှိ အောင်ဇေယျစစ်ကြောင်းကို တိုက်ခိုက်၊ ရိုက်ချိုး၊ ဖျက်စီးနိုင်ပြီး ရဲစွမ်းသတ္တိအပြည့်နှင့် ခေါင်းဆောင်မှုအရည်အချင်းပြည့်မှီသည့် ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်မှူး စောဒါဘောအား သူရဘွဲ့တံဆိပ်ကို KNLA- (ဗဟို) စစ်ဌာနချုပ်မှ စစ်ဦးစီးပထမတန်း (G1) ဗိုလ်မှူးချုပ် စောတာမလာသော ကိုယ်တိုင် သွားရောက်ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း သိရသည်။ (more…)
Read More
နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့် သမ္မတမိန့်ခွန်း

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ နွေဦးတော်လှန်ရေး ( ၄ ) နှစ်ပြည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလ၏ နိုင်ငံတော် အခြေပြမိန့်ခွန်းအား အပြည့်အစုံဖော်ပြလိုက်ပါသည်။ #rednewsagency #rednews #rna #myanmar #revolution #burma
Read More
အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

အကျဉ်းထောင်များတွင် လုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှုပြုလုပ်

RNA_ဖေဖော်ဝါရီ(၁)၊၂၀၂၅ခုနှစ်။ အကြမ်းဖက်အာဏာသိမ်း စစ်တပ်၏ မတရားဖမ်းဆီးမှုများကြောင့် အကျဉ်းထောက်အသီးသီးတွင် အမျိုးသမီး အကျဉ်းသူ (၅၀၀၀) ကျော်အပါအဝင် အကျဉ်းသားများ အားလုံးလုံလောက်သော ကျန်းမာရေးစောင့်ရှောက်မှုရရှိရေး လှုပ်ရှားမှု နိုင်ငံရေးအကျဉ်းသူများအဖွဲ့မှ ပြုလုပ်နေကြောင်း သိရသည်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့ကြသည့် ပြည်သူများကို လက်နက်အားကိုဖြင့် အကြမ်းဖက်ဖြိုခွင်းပြီး ကလေးငယ်များအပါအဝင် အမျိုးသမီးများ၊ အမျိုးသားများ၊ သက်ကြီးရွယ်အိုများကိုဖမ်းဆီးထောင်ချမှုအပါအဝင် လမ်းမပေါ်တွင် ပစ်ခတ်သတ်ဖြတ်ခဲ့သည့် စစ်တပ်အာဏာသိမ်းမှုသည် (၄) နှစ်ပြည့်မြောက်ပြီ ဖြစ်သည်။ (more…)
Read More
စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသော ဒေါက်တာသက်သက်ခိုင်ကို စစ်ကောင်စီဝန်ကြီးရာထူးမှ အနားပေး

စစ်တပ်အာဏာသိမ်းမှုကို ထောက်ခံသော ဒေါက်တာသက်သက်ခိုင်ကို စစ်ကောင်စီဝန်ကြီးရာထူးမှ အနားပေး

RNA_ဇန်နဝါရီ(၃၁)၊၂၀၂၅ ခုနှစ်။ ပြည်သူ့အစိုးရထံမှ အကြမ်းဖက်အာဏာသိမ်းခဲ့သော စစ်တပ်ကို ထောက်ခံပြီး စစ်ကောင်စီ၏ ဟိုတယ်နှင့်ခရီးသွားဝန်းကြီးဌာနတွင် ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော ပြည်သူ့ရှေ့ဆောင်ပါတီ-PPP ဥက္ကဌ ဒေါက်တာသက်သက်ခိုင်ကို စစ်ကောင်စီက ယနေ့ (ဇန်နဝါရီ ၃၁ ရက်) တွင် အနားပေးလိုက်ပြီဖြစ်သည်။ #RedNewsAgency #REDNEWS #RNA
Read More
မြို့သိမ်းတိုက်ပွဲ ဦးတည်ကြိုးစားနေသော YDF စစ်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်မည်

မြို့သိမ်းတိုက်ပွဲ ဦးတည်ကြိုးစားနေသော YDF စစ်ရေးအရှိန်မြှင့်ပြီး တိုက်ပွဲဖော်ဆောင်မည်

RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ခုနှစ်။ အာရက္ခတပ်တော်နှင့် ချင်းညီနောင်အပါအဝင် အခြားသောမဟာမိတ်များနှင့် လက်တွေ့ကျကျတိုက်ပွဲဝင်ပြီး မြို့သိမ်း တိုက်ပွဲများကို ဦးတည်ကြိုးစားဆောင်ရွက်နေသော ယောကာကွယ်ရေးတပ် (YDF) အနေဖြင့် စစ်ရေးအရှိန်မြှင့်တင်ပြီး မကြာမီတိုက်ပွဲများဖော်ဆောင်တော့မည်ဖြစ်ကြောင်း သိရသည်။ (more…)
Read More
NUG နှင့် PIO/PIA တို့ စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

NUG နှင့် PIO/PIA တို့ စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်

RNA_ဇန်နဝါရီ(၂၉)၊၂၀၂၅ ခုနှစ်။ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်နှင့် ပြည်သူ့လွတ်လပ်ရေးတပ်တော်မှ ဗဟိုကော်မတီဝင် ကိုမိုးနေလတို့ မြေပြင်တွင် ရင်းနှီးပွင့်လင်းစွာတွေ့ဆုံဆွေးနွေးပြီး စစ်ရေး နှင့် အုပ်ချုပ်ရေး ပူးပေါင်းဆောင်ရွက်မည်ဟု သဘောတူညီခဲ့ကြကြောင်း သိရသည်။ (more…)
Read More
ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီတပ်စခန်းများကို AA တိုက်ခိုက် သိမ်းပိုက်နေ

RNA_ဇန်နဝါရီ(၂၈)၊၂၀၂၅ ခုနှစ်။ ရက္ခိုင်ရိုးမတောင်တန်းတစ်လျှောက်ရှိ စစ်ကောင်စီ၏ လက်ကျန်တပ်စခန်းခုကိုလည်း အာရက္ခတပ်တော်အနေဖြင့် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဧရာဝတီတိုင်းအစပ်၊ မကွေးတိုင်းအစပ်တို့တွင်လည်း တိုက်ပွဲဖြစ်ပွားနေသည်ဟု သိရသည်။ ပဲခူးတိုင်း-ရက္ခိုင် အစပ်နေရာများနှင့် ရက္ခိုင်ရိုးမတောင်တန်းထက်တွင် တိုက်ပွဲများ နေ့စဉ်ဖြစ်ပွားနေကြေင်း၊ တောင်ကုတ်မြို့နယ်အတွင်း (တနည်းအားဖြင့်) ရက္ခိုင်ရိုးမတောင်တန်းထက်ရှိ စစ်ကောင်စီ၏ မိုးထိတောင်စခန်းအား (၅) ရက်ခန့်အပြင်းအထန်တိုက်ခိုက်ပြီးနောက် ဇန်နဝါရီ (၂၆) ရက်နေ့က သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း AA ကထုတ်ပြန်ထားသည်။ (more…)
Read More
အုမ္မတီးကျေးရွာ နေအိမ် (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့

အုမ္မတီးကျေးရွာ နေအိမ် (၂၀) ခန့်ကို စစ်ကောင်စီတပ် မီးရှို့

RNA_ဇန်နဝါရီ(၂၇)၊၂၀၂၅ခုနှစ်။ တအာင်းပြည်၊ တပ်မဟာ (၂)နယ်မြေ နောင်ချိုမြို့နယ် အုမ္မတီးကျေးရွာရှိ ဒေသခံနေအိမ် (၂၀)ခန့် စစ်ကောင်စီတပ်မှ ဒီဇင်ဘာ (၂၆) ရက်နေ့ အပါအဝင် (၃) ကြိမ်မီးရှို့သွားသည့်အတွက် နေအိမ် (၂၀) ခန့်ပျက်စီးသွားကြောင်း သိရသည်။ (more…)
Read More
ကော်သူးလေ အုပ်ချုပ်နယ်မြေတိုက်ပွဲများတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံး

ကော်သူးလေ အုပ်ချုပ်နယ်မြေတိုက်ပွဲများတွင် တစ်နှစ်အတွင်း စစ်ကောင်စီတပ်သား (၃၁၃၆) ဦးသေဆုံး

RNA_ဇန်နဝါရီ(၂၅)၊၂၀၂၅ခုနှစ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကော်သူးလေအုပ်ချုပ်နယ်မြေများတွင် ၂၀၂၄ ခုနှစ်အတွင်း တိုက်ပွဲကြီးတိုက်ပွဲငယ် (၃၂၉၉) ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီလောက်ခံ အရာရှိအရာခံများအပါအဝင် တပ်သား (၃၁၃၆) သေဆုံးပြီး (၂၂၂၅) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ကထုတ်ပြန်ထားသည်။ (more…)
Read More