သတင်း

မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရန် အားပေးသည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ပြော

မင်းအောင်လှိုင်နှင့် တွေ့ဆုံစဉ် ရင်ကြားစေ့ရေး လုပ်ငန်းများ ပြန်လည်ဆောင်ရွက်ကြရန် အားပေးသည်ဟု ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ်ပြော

RNA_ဒီဇင်ဘာ ၂၄ ရက်၊ ၂၀၂၁ ခုနှစ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောက်လှိုင်နှင့် တွေ့ဆုံးစဉ် မြန်မာပြည်ကြီး အမြန်ငြိမ်းချမ်းမှု ရရှိစေရန် နားလည်ခွင့်လွှတ်မှုတို့ဖြင့် ရင်ကြားစေ့ရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ရန် အထူးအားပေးကြောင်း ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုကပြောကြားခဲ့ကြောင်း သိရသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့ ညနေပိုင်းက မင်းအောင်လှိုင်နှင့်အဖွဲ့သည် လုံခြုံရေး အထပ်ထပ်ချကာ စိန့်မေရီဘုရားကျောင်းသို့ ရောက်ရှိခဲ့ကြောင်း၊ ရန်ကုန် ကက်သလစ် ဂိုဏ်းချုပ် ကာဒီနယ် ချားလ်စ်ဘိုက မင်းအောင်လှိုင်နှင့်တွေ့ဆုံစဉ် မြန်မာပြည်၌ ဖြစ်ပေါ်နေသည့် ပဋိပက္ခများနှင့် ပတ်သက်ပြီး ပြောကြားခဲ့ခြင်းဖြစ်သည်။ " ခရစ်စမတ် အခါတော်ရက်မြတ်တွင် စုဝေး၍ မိတ်သ ဟာယပြုနေကြသော ကျွန်ုပ်တို့အားလုံးသည် မိမိတို့နှင့်ဆိုင်ရာ…
Read More
နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့

တိုက်ပွဲပြင်းထန်သည့် နတ်ချောင်းကျေးရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းသုံးပစ်ခတ်ခဲ့ပြီး ရွာကိုမီးရှို့ RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ဘက် (၁၀) ဝန်းကျင်က နတ်ချောင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်က အထိနာပြီး လေကြောင်းအသုံးတိုက်ခိုက်ခဲ့ပြီး နတ်ချောင်းကျေးရွာနေအိမ်တချို့ကို စစ်ကောင်စီတပ်က ယနေ့ညနေပိုင်းတွင် မီးရှို့ခဲ့ကြောင်း သိရသည်။ Photo: CJ Red News Agency
Read More
ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

ဖားကန့် မြေစာပုံပြိုကျမှု အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေး

RNA_ဒီဇင်ဘာ ၂၃ ရက်၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) မြေစာပုံပြိုကျမှု ပျောက်ဆုံးနေသူ များသော်လည်း ယနေ့ နံနက်အထိ အလောင်း (၂) လောင်းသာ ဆယ်ယူနိုင်သေးကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောသည်။ " ပျောက်ဆုံးတာကတော့ များတယ် (၅၀) ကျော်ရှိတယ်လို့ ခန့်မှန်းပေါ့၊ အလောင်းက မနေ့က တလောင်း အခုမနက်တလောင်း ဒါပဲရှာတွေ့သေးတယ်၊ မနေ့ကတွေ့တဲ့အလောင်းက ကိုမျိုး ခွန်ဆာကုန်းကပေါ့" ဟု RNA သတင်းရင်းမြစ်က ပြောသည်။ စိန်စိန်လုပ်ကွက်အနီးက မြေစာပုံသည့် ရေကန်သည် အမြင့် ပေ…
Read More
စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

စစ်ကောင်စီက လေကြောင်းအသုံးပြုပြီး ၁၈ မြို့နယ်က ပြည်သူများကို တိုက်ခိုက်သတ်ဖြတ်နေ 

RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ အာဏာသိမ်းစစ်ကောင်စီက နိုဝင်ဘာလ (၂၂) ရက်နေ့အထိ မြန်မာနိုင်ငံအတွင်း ၁၈ မြို့နယ်က အရပ်သားပြည်သူများအပေါ် လေကြောင်း အသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။ စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုပြီး ထန်တလန်၊ ဆော၊ ရေဦး၊ ကနီ၊ ဒီပဲယင်း စသည့် (၁၈) မြို့နယ်တို့ကို လေကြောင်း အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း၊ စစ်ကောင်စီတပ် အကျအဆုံးများနေသည့် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လေးကေ့ကော်တွင် လေကြောင်းအသုံးပြုလာနိုင်သည့်အတွက် No FLY Zone အဖြစ် ကုလသမဂ္ဂက အစည်းအဝေးခေါ်ပြီး အရေးပေါ်သတ်မှတ်ပေးရန် KNU က တောင်းဆိုထားသည်။ (more…)
Read More
ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

ယနေ့ ဖားကန့် မြေစာပုံပြိုကျမှု ရေမဆေးကျောက်ရှာဖွေသူ ၅၀ ကျော်ပျောက်နေ 

RNA_ဒီဇင်ဘာ ၂၂ ရက်၊ ၂၀၂၁ ခုနှစ်။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းအုပ်စု၊ မှော်စီစာကျေးရွာ အောင်သာယာ (၂) အနီး စိန်စိန်လုပ်ကွက် ( ဒေသအခေါ်) တွင် ယနေ့ နံနက် ၃ နာရီ မိနစ် ၃၀ ဝန်းကျင်းက ရေကန်အတွင်း မြေစာပုံပြိုကျကာ ရေမဆေးကျော်ရှာဖွေသူ (၅၀) ကျော် ပျောက်ဆုံးနေကြောင်း သိရသည်။ " အခု ၉ နာရီ မထိုးခင်လေးမှ ရှာဖွေမှုလုပ်ကြမှာ ‌အစောပိုင်းက လှေလေးနဲ့ ရှာနေရတာ တလောင်းမှမတွေ့သေးဘူး အခုတော့ ရေငုပ်ရှာကျမှာ ရေကန်ကကျယ်တယ်၊ ‌ပျောက်နေတဲ့သူတွေ သေဖို့များတယ်၊ ဈေးဆိုင် ၂ ဆိုင်က အမျိုးသမီး ၂…
Read More
လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို

လေးကေ့ကော်ကို လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ရန် ကုလသမဂ္ဂထံ KNU တောင်းဆို RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကောင်စီသည် ဆိုးရွားပြင်းထန်သော လူသတ်မှုနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဖြစ်ပေါ်စေမည့်လေကြောင်းတိုက်ခိုက်မှုများအား လေး‌ကေ့ကော် ဒေသတွင် အချိန်မရွေးပြုလုပ်လာနိုင်သည့်အတွက် ကုလသမဂ္ဂမှဦးစီးလျှက် အရေးပေါ်အစည်းအဝေးကျင်းပပြီး လေကြောင်းပျံသန်းမှုကင်းမဲ့ဇုံအဖြစ် သတ်မှတ်ပေးရန် ယနေ့ ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်တောင်းဆိုထားသည်။ Red News Agency
Read More
“ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”

“ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ”

"ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံး သတ်လွတ်မြောက်ရေးသို့ချီတက်ကြ" RNA_ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၂၁ ခုနှစ်။ စစ်ကိုင်းတိုင်း၊ လက်ပံတောင်းတောင်ဒေသ ပင်မသပိတ်စစ်ကြောင်းက "ဗိုလ်အောင်ကျော်ဟန် ဗိုလ်အောင်ကျော်မာန်နှင့် အဆုံးသတ်လွတ်မြောက်ရေးသို့ချီတက်ကြ" စာသားကိုကိုင်ဆောင်ပြီး ယနေ့ ညနေပိုင်းမှာလည်း မုံရွာသပိတ်ဦးဆောင်ကော်မတီနှင့် မုံရွာကျောင်းသားများသမဂ္ဂမှ လာရောက်ပူးပေါင်းကာ ကျေးရွာအတွင်း လှည့်လည်ပြီး ကြွေးကြော်သံများဖြင့် ချီတက်ဆန္ဒပြခဲ့ကြသည်။ Photo: CJ - ပေးပို့။ Red News Agency
Read More
သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ

အလွတ်တမ်း ဓာတ်ပုံ သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား နှင့်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း တို့ဖမ်းဆီးခံရ ရန်ကုန် ၊ ဒီဇင်ဘာ ၁၉ ရက်။ အလွတ်တန်း သတင်းထောက် ကိုဇော်လင်းထွဋ် (ခ) ဖိုးသား သည် ယနေ့ ညနေတွင်ပြုလုပ်မည့် သပိတ်ဆန္ဒပြပွဲသို့ သတင်းရယူရန်အသွား ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ မဆုရည်လင်း (ခ) လင်းလင်း နှင့်အတူ လမ်းတွင် အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခြင်း ကိုခံခဲ့ရကြောင်း သိရသည်။ မည့်သည့်နေရာ ကိုခေါ် ဆောင် ထိန်းသိမ်း ထားသည်ကို ယခုအချိန်ထိ မကြားသိရသေးဘဲ မိသားစုနှင့် အဆက် အသွယ်ပြတ်တောက်လျက်ရှိနေသည့်အတွက် စစ်ကောင်စီ၏ လူမဆန်တဲ့…
Read More
လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံး

လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံး

လေးကေ့ကော်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးခဲ့ပြီး လက်နက်/ကျည်ဆန်အများအပြား သိမ်းဆည်းရမိ   RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ လေးကေ့ကော်၊ မေတ္တာလင်းမြိုင်တိုက်ပွဲတွင် ဒုတပ်ခွဲမှူး (၂) ဦး အပါအဝင် အကြမ်းဖက်စစ်ကောင်စီဘက်မှ (၅၀) ဦးနီးပါးသေဆုံးခဲ့ပြီး လက်နက်နှင့် ကျည်ဆန်အများအပြား သိမ်းဆည်းရမိခဲ့ကြောင်း NUG ၏ PVTV မှ သတင်းထုတ်ပြန်ခဲ့သည်။ လေးကေ့ကော်ဒေသ မေတ္တာလင်းမြိုင်နှင့် မယ့်ထော်သလေးကြား ၅ ရက်မြောက်နေ့အဖြစ် အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KNLA, PDF ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်လျက်ရှိရာ စစ်ကောင်စီဘက်မှ တပ်ခွဲမှူး (၂) ယောက်၊ ဒုတပ်ခွဲမှူး (၂) ဦး…
Read More
DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

DMO-PDF တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ ပြီးဆုံး

RNA_ဒီဇင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ အမျိုးသားညီညွတ်​ရေးအစိုးရ လမ်းညွှန်မှု​အောက်ရှိ ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF) တပ်ရင်း (j) တပ်သားသစ် အခြေ​ခံစစ်သင်တန်း​ကို ယနေ့တွင် အောင်မြင်စွာပြီးဆုံးကြောင်း ဓာတ်ပုံများနှင့်တကွ DMO-PDF ထုတ်ပြန်ထားသည်။ Red News Agency
Read More