မန္တလေး PDF နှင့် ဝက်လက် PDF စုစုပေါင်း ၁၆ ဦး ဖမ်းဆီးခံရ

Written by

in

RNA_ဇန်နဝါရီ ၂၊၂၀၂၂ ခုနှစ်။
 
အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံများက နှစ်သစ်ကူးကာလ မန္တလေးမြို့ပေါ် ဖောက်ခွဲရန်စီစဥ်နေသည်ဟု စွပ်စွဲကာ မန္တလေး PDF (Mandalay Young Force) နှင့် ဝက်လက် PDF တို့မှ အမျိုးသမီး (၂) ဦးအပါအဝင် (၁၆) ဦးကို ဖမ်းဆီးခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်လာသည်။
 
၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်နေ့ ညနေပိုင်းက မန္တလေးမြို့၊ ချမ်းမြသာစည် မြို့နယ်၊ အောင်သာယာရပ်ကွက်၊ ၄၈ x ၄၉ လမ်းကြား၊ ၁၀၆ x ၁၀၇ လမ်းကြား၌ Mandalay Young Force (MYF) အဖွဲ့ဝင်များဖြစ်သော ကျော်မင်းခန့်၊ ဟိန်းထက်အောင်(ခ)ကိုဟိန်း တို့ ၂ ဦးအား PVC ပိုက်ဖြင့် ပြုလုပ်ထားသည့် လက်လုပ် ရီမုမိုင်း ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးခံရသူများ၏ ထွက်ဆိုချက်များအရ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့အထိ ထပ်မံဖမ်းဆီးခဲ့ကြသည်ဟု သိရသည်။

 
#RedNewsAgency