“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်း လာဖြုတ်သည့် ရဲများ မိုင်းဆွဲခံရ 

RNA_ဇန်နဝါရီ၁၊၂၀၂၃ ခုနှစ်။

ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်ခရိုင် ပုတီးကုန်းမြို့၊ တာဂွရွာနှင့် ပွဲပြည့်ရွာ လမ်းမပေါ်တွင် ချိတ်ဆွဲထားသော “စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းဆိုင်းဘုတ်လာဖြုတ်သည့် ရဲ (၃) ဦး ယနေ့ နံနက် (၈) နာရီ (၁၅) မိနစ်ခန့်က မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း သိရသည်။

“စစ်ခွေးလုပ်မဲ့ ရွေးကောက်ပွဲ လူထုအားနဲ့ တွန်းလှန်ကြ” စာတန်းလာဖြုတ်သည့် ရဲ (၃) ဦးကို ပြည်ခရိုင် PDF တပ်ရင်း (၃၆၀၁) တပ်ခွဲ ၃ (တိုင်းလုံးကျော်အဖွဲ့) က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ရဲ (၁) ဦးသေဆုံးပြီး (၁) ဦးဒဏ်ရာပြင်းထန်စွာ ရရှိသွားကြောင်း သိရသည်။

#RedNewsAgency

By Editor