မေယုတောင်ကြား ဝေဝါးနေသောဘဝများ

စိုင်းတင်တံတားအနီးမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကရက်ဆက်ဖြစ်ပေါ်နေတဲ့အပြင် ကျေးရွာအနီးအနားနဲ့ လှိုင်ခေါင်းကြီးကြား မိုင်းပေါက်ကွဲတာတွေ တိုက်ခိုက်မှုတွေ စတဲ့ကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျေးရွာက တာဝန်ယူရမယ်လို့ မြန်မာတပ်မတော်ဖက်က ခေါ်ယူသတိပေးထား
အောင်နိုင်သူ (ဘူးသီးတောင်|နိုဝင်ဘာ ၁၀ ရက်။)
မြန်မာနိုင်ငံရဲ့အနောက်ဖက်တံခါး မောင်တောဒေသက အားတစ်ခုဖြစ်တဲ့ ဘူးသီးတောင်-မောင်တောကားလမ်းဘေး မေယုတောင်ကြားတွေ
ထဲမှာ အိမ်ခြေ ၃၂ ဆောင်နဲ့ သစ်တောရွာအမည်ရှိ ကျေးရွာလေးတစ် ရွာရှိနေပါတယ်။ ဒီကျေးရွာလေးဟာ ဘူးသီးတောင်မြို့အထွက် မြန်မာ့တပ်မတော် တပ်ဗျူဟာတွေ တပ်ရင်းတွေရဲ့အလွန် ၁ မိုင်ကျော်အကွာလေးမှာ ၁၉၉၄ ခုနှစ်ကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက တည်ဆောက်ပေးခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။
အဲဒီကျေးရွာသားတွေအားလုံးနီးပါးဟာ တောင်ယာလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းကြသလို တချို့ကတော့ ကားလမ်းနံဘေးမှာ အိမ်ဈေး ဆိုင်တွေ တည်ရောင်းကြပြီး ခုချိန်မှာတော့ သူတို့ဘဝတွေဟာ ဘာတွေဆက်လုပ်ရမလဲဆိုသေချာမသိကြတော့သလို သူတို့ဘဝအနာဂတ်တွေဟာလည်း ဝေဝါးနေတယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency

ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေစဖြစ်ကတည်းက မေယုတောင် ကြားလမ်းထဲမှာတော့ တခါမှ တိုက်ပွဲဖြစ်ပွားခဲ့တာမရှိသေးဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့အောက်တိုဘာလ ၂၄ ရက်နေ့မှာတော့ မောင်တောခရိုင်တရားရုံးက ရုံးထုတ် အပြန်လုံခြုံရေးကားတန်းတစ်ခုဟာ အဲဒီရွာနဲ့ သုံးဖာလုံလောက်အကွာမှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး နယ်ခြားစောင့် ဝန်ထမ်းတစ်ဦးသေဆုံးခဲ့ကာ အချုပ် သားအမျိုးသမီး ၂ ဦးအပါအဝင်၄ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီမိုင်းခွဲတိုက်ခိုက်မှုဖြစ်ပြီးနောက်ကျေးရွာလူကြီးတွေကို မြန်မာ့တပ်မတော်ခြေမြန်တပ်ရင်း ၂၆၃ က ခေါ်ယူမေးမြန်း ဖိအားပေးမှုတချို့ပြုလုပ်ခဲ့
တယ်လို့ ကျေးရွာတာဝန်ခံက Red News Agency သို့ ပြောပါတယ်။ ဘူးသီးတောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်ကတော့ အဲဒီကျေးရွာကို အစိုးရဖက်က တရားဝင်ဖြိုဖျက်ရွေ့ပြောင်းဖို့ အမိန့်ပေးထုတ်ပြန်ထားတာမရှိပေမယ့်လုံခြုံရေးစိုးရိမ်ချက်တွေကြောင့် ရွာသားတွေမြို့ပေါ်ရောက်လာရင် တော့ အကူအညီတချို့ပေးသွားမယ်လို့ ဆိုပါတယ်။
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
အဲဒီကျေးရွာက ဒေသခံရွာသားတစ်ချို့ဟာ နိုဝင်ဘာလ ၅ ရက်နေ့ကတည်းက မြို့ပေါ်သို့ ပြောင်းရွေ့သွားကြပြီးအများစုကတော့ ဆက်လက်နေထိုင်နေကြတုန်းဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီရဲ့ဘူးသီးတောင်မြို့နယ်က အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးမောင်ကျော်ဇံနဲ့ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်
ဦးထွန်းအောင်သိန်းတို့ဟာ နိုဝင်ဘာလ ၈ ရက် မနေ့က သွားရောက် တွေ့ဆုံခဲ့ကြပြီး ကျေးရွာရဲ့လိုအပ်ချက်တချို့ကိုတော့ လွှတ်တော်ပိုင်း ကနေ ကူညီလုပ်ဆောင်ပေးသွားမယ်လို့လည်း Red News Agency သို့ ပြောသည်။
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ဘူးသီးတောင်မြို့အရှေ့ဘက် စိုင်းတင်တံတားအနီးမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကရက်ဆက်ဖြစ်ပေါ်နေတဲ့အပြင် ကျေးရွာအနီးအနားနဲ့ လှိုင်ခေါင်းကြီးကြား မိုင်းပေါက်ကွဲတာတွေ တိုက်ခိုက်မှုတွေ စတဲ့ကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျေးရွာက တာဝန်ယူရမယ်လို့ မြန်မာတပ်မတော်ဖက်က ခေါ်ယူသတိပေးထားတာကြောင့် မနေ့ကညနေထိတော့ ဈေးဆိုင်တွေပိတ်ပြီး ရွာသားတချို့တဝက်ကတော့ မြို့ပေါ်စစ်ရှောင်စခန်းတွေဆီ သွားကြပြီလို့ သိရပါတယ်။
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ဓါတ်ပုံ-မေယုတောင်ကြားရှိ သစ်တောရွာအား နိုဝင်ဘာလ ၈ ရက်နေ့ကတွေ့ရစဉ်/RedNewsAgency
ရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ မြန်မာ့တပ်မတော်နဲ့ရက္ခိုင့်တပ်တော်(အေအေ)တို့ကြား တိုက်ပွဲတွေကြောင့် ဘူးသီးတောင်မြို့နယ် အတွင်းမှာတော့ ကျေးရွာ ၂၀ ကျော်ကဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွါထွက်ပြေးနေကြရသလို အဲဒီကျေးရွာတွေက လူပေါင်း ၇၀၀၀ ကျော်ဟာလည်း စစ်ရှောင်စခန်းတွေမှာ ခက်ခက်ခဲခဲနေနေကြရတယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်တွေက Red News Agency သို့ ရှင်းပြပါတယ်။
Red News Agency
By Editor