Tag: သလ္လာဝတီ မြစ်ညာဆီသို့

  • သလ္လာဝတီ မြစ်ညာဆီသို့

    သလ္လာဝတီ မြစ်ညာဆီသို့

    ရေမြင့်ရင်အနေမြင့်၊ ရေကျရင် အနေကျ၊ ငါးချလို့ဝမ်းစာရှာပြီး မြစ်ရေကြောမှာ အလိုက်သင့်ရှင်သန်နေကြတဲ့ တံငါသည်တွေရဲ့ဘဝ

    ​ကျော်သူစိုး ( ကလေးမြို့)

    သလ္လာဝတီလို့ခေါ်တဲ့ ချင်းတွင်းမြစ်အထက် ရေမိုင်(၅ဝ)ဆန်တက် ခရီးထွက်ခွင့်ကြုံခဲ့ရတာ လေးကို ရင်ထဲမှာသတိတရဖြစ်နေတုန်းပါ။ ကုသိုလ်နဲ့ဒေသန္တရ ဗဟုသုတတွေ ထုပ်ပိုးသယ်ပြန်ခဲ့ရ တဲ့ ခရီးစဉ်တစ်ခု …။ မွေးရာပါမျက်မမြင်ဖြစ်ခဲ့ရတဲ့ မောင်နှမ(၄)ယောက်အတွက် ထောက်ပံ့ရေးအလှူငွေ သွားပို့ ပေးတဲ့ ခရီးစဉ်တစ်ခု ..။ မော်လိုက်မြို့အရှေ့ဘက်ကမ်းမှာရှိတဲ့ “လောင်းကောင်း”ဆိုတဲ့ ရွာ ကလေးဆီသို့ …။

    သူတို့မောင်နှမ(၄)ယောက်အတွက် အထောက်အပံ့ဖြစ်စေမယ့် အလှူငွေအချို့ကို သွား ရောက် ထောက်ပံ့ကြတာပါ။ ကျွန်တော့်ငွေအင်အားနဲ့ ထောက်ပံ့နိုင်ခြင်းကားမဟုတ်။ ကျွန်တော့်သတင်းတစ်ပုဒ် အကျိုး ကြောင့် လှူနိုင်ခဲ့ခြင်းသာဖြစ်ပါတယ်။ မွေးရာပါစက္ခုအလင်းမဲ့ခဲ့ရတဲ့ သူတို့မောင်နှမလေးယောက်ကို သီတဂူစက္ခုဒါန ဆေးရုံကြီး (ကလေးမြို့)မှာ လာရောက်ပြသရာကတစ်ဆင့် အခလွတ်ခွဲစိပ်ကုသအောင်မြင်ခဲ့တဲ့အကြောင်း ကျွန်တော်ရေးတဲ့သတင်းကို မြန်မာတိုင်းမ်ဂျာနယ်မှာဖော်ပြခဲ့တယ်။ အဲဒီသတင်းလေးကိုဖတ်ပြီး မူဆယ်မြို့မှ ဦးတင်ယုက ကျွန်တော့်ထံမှတစ်ဆင့် သူတို့မိသားစုလေးအတွက်ထောက်ပံ့ငွေကို အကြိမ်ကြိမ်လှူဒါန်းဖြစ်ခဲ့ပါတယ်။

    မွေးရာပါ စက္ခုအလင်းမရခဲ့သူ မောင်နှမလေးဦး ( ဓာတ်ပုံ – ကျော်သူစိုး )

    (more…)