သစ်တောရွာ

မေယုတောင်ကြား ဝေဝါးနေသောဘဝများ

မေယုတောင်ကြား ဝေဝါးနေသောဘဝများ

စိုင်းတင်တံတားအနီးမှာ လက်နက်ကြီး ပစ်ခတ်မှုတွေကရက်ဆက်ဖြစ်ပေါ်နေတဲ့အပြင် ကျေးရွာအနီးအနားနဲ့ လှိုင်ခေါင်းကြီးကြား မိုင်းပေါက်ကွဲတာတွေ တိုက်ခိုက်မှုတွေ စတဲ့ကိစ္စတစ်စုံတစ်ရာဖြစ်ပေါ်လာပါက ကျေးရွာက တာဝန်ယူရမယ်လို့ မြန်မာတပ်မတော်ဖက်က ခေါ်ယူသတိပေးထား အောင်နိုင်သူ (ဘူးသီးတောင်|နိုဝင်ဘာ ၁၀ ရက်။) မြန်မာနိုင်ငံရဲ့အနောက်ဖက်တံခါး မောင်တောဒေသက အားတစ်ခုဖြစ်တဲ့ ဘူးသီးတောင်-မောင်တောကားလမ်းဘေး မေယုတောင်ကြားတွေ ထဲမှာ အိမ်ခြေ ၃၂ ဆောင်နဲ့ သစ်တောရွာအမည်ရှိ ကျေးရွာလေးတစ် ရွာရှိနေပါတယ်။ ဒီကျေးရွာလေးဟာ ဘူးသီးတောင်မြို့အထွက် မြန်မာ့တပ်မတော် တပ်ဗျူဟာတွေ တပ်ရင်းတွေရဲ့အလွန် ၁ မိုင်ကျော်အကွာလေးမှာ ၁၉၉၄ ခုနှစ်ကတည်းက အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးက တည်ဆောက်ပေးခဲ့တာလို့ ရွာသားတွေကဆိုပါတယ်။ အဲဒီကျေးရွာသားတွေအားလုံးနီးပါးဟာ တောင်ယာလုပ်ငန်းနဲ့အသက် မွေးဝမ်းကျောင်းကြသလို တချို့ကတော့ ကားလမ်းနံဘေးမှာ အိမ်ဈေး ဆိုင်တွေ တည်ရောင်းကြပြီး ခုချိန်မှာတော့ သူတို့ဘဝတွေဟာ…
Read More