23
Oct
NA_အောက်တိုဘာ(၂၃)၊၂၀၂၆ခုနှစ်။ ကချင်ပြည်နယ် မိုးမောက်မြို့နယ် မြို့သစ်မြို့အနီးရှိ တံတားတစ်စင်းကို စစ်အုပ်စုက လေကြောင်းဗုံးကြဲတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ဗန်းမော်-မြစ်ကြီးနားကားလမ်းမပေါ် မိုးမောက်မြို့နယ်အတွင်းရှိ မြို့သစ်တံတားကို စစ်အုပ်စု ယနေ့ (အောက်တိုဘာ ၂၃ ရက်) နံနက် (၁၀) နာရီဝန်းကျင်မှာ လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် တံတား ထိခိုက်ပျက်စီးမှုရှိခဲ့ခြင်းဖြစ်သည်။ စစ်အုပ်စုက ဗန်းမော်မြို့နယ်မှတဆင့် မြေပြင်စစ်ကြောင်းထိုးမှုများ လုပ်ဆောင်နေပြီး အမှတ် (၄၇) ခြေလျတပ်ရင်းအနီး ဒေသများတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များနှင့် တိုက်ပွဲပြင်းထန်နေကြောင်း သိရသည်။ စစ်အုပ်စုစစ်ကြောင်း ထိုးမှုများသည် ဗန်းမော်မြို့နှင့် ထိစပ်နေသည့် မံစီမြို့နယ်နှင့် မိုးမောက်မြို့နယ်အစပ်တို့၌လည်း အင်အားအများအပြားဖြင့် စစ်ကြောင်းထိုးမှုများရှိခဲ့ပြီး ဗန်းမော်-မိုးမောက်ကားလမ်းမပေါ် (၃) မိုင်နေရာ ရွှေပြည်သာရပ်ကွက်ရှီ ကချင်နှစ်ခြင်းဘုရားကျောင်း (KBC)…