Tag: ULA/AA

  • “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများ နပခ သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့

    “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများ နပခ သိမ်းတိုက်ပွဲတွင် အသုံးပြုခဲ့

    RNA_ဒီဇင်ဘာ(၂၆)၊၂၀၂၄ခုနှစ်။

    ရက္ခိုင်ပြည်၊ အမ်းမြို့ရှိ၊ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား အာရက္ခတပ်တော်မှ တိုက်ခိုက်သိမ်းပိုက်ခဲ့စဉ် “ရန်သူ့လက်နက် ကိုယ့်လက်နက်” ဟုဆိုကာ စစ်ကောင်စီထံမှ သိမ်းဆည်းရမိသော လက်နက်ကြီးများပါအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း AA ထုတ်ပြန်သည့်ရုပ်သံတွင်တွေ့ရှိရကြောင်း ကောက်နုတ်တင်ပြလိုက်ပါသည်။

    [embedyt] https://www.youtube.com/watch?v=wl8CSrR5QRo[/embedyt]

    #RedNewsAgency

  • စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

    စစ်ရာဇဝတ်ကျူးလွန်သော စစ်ကောင်စီလက်အောက်ခံများကို ဖမ်းဆီးရမိပါက အာရက္ခတပ်တော်မှ အရေးယူမည်

    RNA_ဒီဇင်ဘာ(၂၂)၊၂၀၂၄ခုနှစ်။

    စစ်ရှုံးစစ်ကောင်စီ၏ စစ်ရာဇဝတ်ကျူးလွန်နေမှုများကို အာရက္ခတပ်တော် (AA) အနေဖြင့် သေချာစွာ မှတ်တမ်းတင်ထားပြီး ကျူးလွန်ခဲ့သော တပ်ရင်း၊ တပ်မများနှင့် အမိန့်ပေး ညွှန်ကြားသူများကို ဖမ်းဆီးရမိပါက ပြစ်မှုများနှင့်ထိုက်တန်သော ပြစ်ဒဏ်များကို စီရင်ချမှတ်သွားမည်ဖြစ်ကြောင်း AA ကထုတ်ပြန်ထားသည်။

    (more…)

  • အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

    အာရက္ခတပ်တော်အနေဖြင့် အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီး ဂွမြို့တွင်လည်း သုံးပုံ နှစ်ပုံခန့်ကို သိမ်းပိုက်ထားနိုင်

    RNA_ဒီဇင်ဘာ(၂၁)၊၂၀၂၄ခုနှစ်။

    အာရက္ခတပ်တော် (AA) အနေဖြင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ပြီး အမ်းမြို့ကို အလုံးစုံသိမ်းပိုက်ထားနိုင်ပြီးနောက် ဂွမြို့ကိုလည်း သုံးပုံနှစ်ပုံခန့် သိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း သိရသည်။

    အမ်းမြို့ နပခ ကို ဒီဇင်ဘာလ (၂၀) ရက်နေ့၊ မွန်းတည့် (၁) နာရီ (၄၀) မိနစ်တွင် အာရက္ခတပ်တော်မှ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့မှုအတွင်း နပခ (အမ်း) ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း နှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့အား အရှင်လက်ရဖမ်းဆီးရမိခဲ့သည်ဟု AAကထုတ်ပြန်ထားသည်။

    (more…)

  • အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

    အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော် အပြီးသတ်သိမ်းပိုက်

    RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ နောက်ဆုံးလက်ကျန် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော် (AA)မှ ယနေ့ (ဒီဇင်ဘာ ၂၀ ရက်)တွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

    အမ်းမြို့ကို အာရက္ခတပ်တော်မှ သိမ်းပိုက်နိုင်လိုက်ပြီဖြစ်ပြီး နပခ အတွင်းမှ ထွက်ပြေးနေသော စစ်ကောင်စီတပ်သားများကို လိုက်လံဖမ်းဆီးနေကြောင်း၊ နပခ နောက်ဆုံးသိမ်းပိုက်မှုအတွင်း ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းနှင့် တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းတို့ကိုလည်း အရှင်ဖမ်းဆီးရမိခဲ့သည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက ရခိုင်ဒေသတွင်း သတင်းဌာနများကို ပြောကြားထားသည်။

    (more…)

  • နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

    နပခမှ စစ်ကောင်စီလက်အောက်ခံများ ပြေးပြေးလွှားလွှားအလင်းဝင်ကြ

    RNA_ဒီဇင်ဘာ(၂၀)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ အမ်းမြို့၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အတွင်းမှ စစ်ကောင်စီလက်အောက်ခံများ ဒီဇင်ဘာ (၁၈) ရက်နေ့က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြားမှ အာရက္ခတပ်တော် (AA) ထံ ပြေးပြေးလွှားလွှား အလင်းဝင်ခဲ့ကြသည်။

    (more…)

  • စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

    စစ်ကောင်စီ၏ တမခ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို AA အသေဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ အမှတ် (၅) နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းသိမ်းတိုက်ပွဲအတွင်း ထွက်ပြေးသွားသော စစ်ကောင်စီလက်အောက်ခံ အမှတ် (၂၂) ခြေမြန်တပ်မဌာနချုပ် (တမခ-၂၂) တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အာရက္ခတပ်တော် (AA) မှ အသေဖမ်းဆီးရမိကြောင်း သိရသည်။

    နခခ-၅ မှ လက်နက်ချအညံ့မခံဘဲ ထွက်ပြေးလွတ်မြောက်နေသော တပ်မမှူးတစ်ဦးဖြစ်သည့် တမခ-၂၂ တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကို အခေါက်ရွှေတုံးအချို့၊ ရွှေထည်အချို့အပါအဝင် ငွေသားသိန်း (၈၀၀) ခန့်နှင့်အတူ ဒီဇင်ဘာ (၁၇) ရက်နေ့ မွန့်တည့် (၁၂) နာရီခန့်တွင် မောင်တောမြို့နယ်၊ ရွှေဇားကပ္ပကောင်းချောင်းအနိး ပုစွန်ကန်တဲအတွင်း၌ အသေဖမ်းဆီးရမိခဲ့သည်ဟု AA ကယမန်နေ့ညပိုင်းတွင် ထုတ်ပြန်ထားသည်။

    (more…)

  • အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

    အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ စစ်ကောင်စီ၏ အမှတ် () နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ) စခန်းအား အာရက္ခတပ်တော်-AA မှ သိမ်းပိုက်မှုမြင်ကွင်း ထုတ်ပြန်မှု ရုပ်သံမှ စစ်ကောင်စီလက်အောက်ခံများ သေဆုံးသည့် မြင်ကွင်းများကိုချန်ပြီး ထုတ်နုတ်ထားသည့် ရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။ 

    [embedyt] https://www.youtube.com/watch?v=4N3ZB1Riass[/embedyt]

    (more…)

  • နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

    နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

    RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တခုတည်းကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား စခန်းသိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့်  နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော်က ကြေညာထားသည်။

    (more…)

  • ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

    ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

    RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်တခုလုံးတွင် စစ်ကောင်စီသည် ကွဲထွက်သွားပြီဖြစ်သည့်အတွက် မကြာမီ ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် ဂုဏ်ယူစွာ ရှု့မြင်ကြရတော့မည်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် ကဗျာဆရာ မောင်ဖြိုးဝေက ပြောကြားထားသည်။

    [embedyt] https://www.youtube.com/watch?v=MFXdicUtShk[/embedyt]

    “မန်းတောင်ရိပ်ခိုအောင်ပွဲကြို” ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် လေ့ကျင့်ရေးဌာန ဌာနကြီးမှုးတာဝန်ထမ်းဆောင်နေသော မောင်ဖြိုးဝေသည် ယခုရုပ်သံကို ကဗျာဆရာတဦးအနေဖြင့်သာ ပြောကြားထားခြင်းဖြစ်ကြောင်း၊ “မန်းတောင်ရိပ်ခိုအောင်ပွဲကြို” ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။

    #RedNewsAgency #REDNEWS #RNA #AhNyar

  • ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

    ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

    RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။

    ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ပူးပေါင်းထားသည့် စစ်ကြောင်းတခုလုံး အာရက္ခတပ်တော်၏ အမြစ်ပြတ်ချေမှုန်းခံလိုက်ရကြောင်း သိရသည်။

    စစ်ကူတက်လာသော အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို အာရက္ခတပ်တော်မှ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီးနှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ရာ (၃) ရက်အတွင်း ခြေမှုန်းရာတွင် အင်အား (၁၈၄) ဦးပါ စစ်ကြောင်းမှ အလောင်း (၁၂၀) ကျော်နှင့် စစ်သုံ့ပန်းများ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိကြောင်း ယမန်နေ့ညပိုင်းတွင် AA ကထုတ်ပြန်ထားသည်။

    (more…)