ULA/AA

အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲအား အာရက္ခတပ်တော်မှ သိမ်းပိုက်မှုမြင်ကွင်း

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ စစ်ကောင်စီ၏ အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား အာရက္ခတပ်တော်-AA မှ သိမ်းပိုက်မှုမြင်ကွင်း ထုတ်ပြန်မှု ရုပ်သံမှ စစ်ကောင်စီလက်အောက်ခံများ သေဆုံးသည့် မြင်ကွင်းများကိုချန်ပြီး ထုတ်နုတ်ထားသည့် ရုပ်သံကို ပြန်လည်ဖော်ပြလိုက်ပါသည်။  (more…)
Read More
နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

နခခ (၅) စခန်းသိမ်းတိုက်ပွဲအတွင်း ဗိုလ်မှူးချုပ်သူရိန်ထွန်းအပါအဝင် သုံ့ပန်းအများအပြား ဖမ်းဆီးရမိ

RNA_ဒီဇင်ဘာ(၁၁)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ မောင်တောမြို့တွင် တခုတည်းကျန်ရှိသော အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ (နခခ-၅) စခန်းအား စခန်းသိမ်းတိုက်ပွဲအတွင်း ဘူးသီးတောင်မြို့၊ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီးဝေလင်းအောင် (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားတို့ နှင့်  နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များအား သုံ့ပန်းအဖြစ် ဖမ်းဆီးရမိကြောင်း အာရက္ခတပ်တော်က ကြေညာထားသည်။ (more…)
Read More
ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် မကြာခင်ရှု့မြင်ကြရတော့မည့် ရခိုင်ပြည်နယ်

RNA_ဒီဇင်ဘာ(၉)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်တခုလုံးတွင် စစ်ကောင်စီသည် ကွဲထွက်သွားပြီဖြစ်သည့်အတွက် မကြာမီ ပထမဆုံးလွတ်မြောက်သည့် ပြည်နယ်အဖြစ် ဂုဏ်ယူစွာ ရှု့မြင်ကြရတော့မည်ဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် ကဗျာဆရာ မောင်ဖြိုးဝေက ပြောကြားထားသည်။ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) စစ်ဦးစီးအဖွဲ့ဝင် လေ့ကျင့်ရေးဌာန ဌာနကြီးမှုးတာဝန်ထမ်းဆောင်နေသော မောင်ဖြိုးဝေသည် ယခုရုပ်သံကို ကဗျာဆရာတဦးအနေဖြင့်သာ ပြောကြားထားခြင်းဖြစ်ကြောင်း၊ "မန်းတောင်ရိပ်ခိုအောင်ပွဲကြို" ကမ်ပိန်းအတွက် ပြီးခဲ့သည့်ညက တွေ့ဆုံဆွေးနွေးပွဲမှ ကောက်နုတ်ဖော်ပြထားခြင်းဖြစ်သည်။ #RedNewsAgency #REDNEWS #RNA #AhNyar
Read More
ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

ရခိုင်ပြည်နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်းမှ စစ်ကောင်စီတပ်ရင်းများ အမြစ်ပြတ်ချေမှုန်းခံရ

RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲပြင်းထန်နေသော ဂွမြို့နယ်အတွင်း စစ်ကူသွားသော ဧရာဝတီတိုင်း၊ ဟင်္သာတမြို့အခြေစိုက် ခလရ (၁၈) တပ်ရင်း၊ မအူပင်မြို့အခြေစိုက် ခလရ (၅၁) တပ်ရင်း၊ အိမ်မဲမြို့အခြေစိုက် ခလရ (၆၃) တပ်ရင်းနှင့် ရန်ကုန်၊ လှိုင်သာယာအခြေစိုက် ခမရ (၅၃၂) တပ်ရင်းတို့ပူးပေါင်းထားသည့် စစ်ကြောင်းတခုလုံး အာရက္ခတပ်တော်၏ အမြစ်ပြတ်ချေမှုန်းခံလိုက်ရကြောင်း သိရသည်။ စစ်ကူတက်လာသော အထက်ပါ စစ်ကောင်စီတပ်စစ်ကြောင်းကို အာရက္ခတပ်တော်မှ ဂွမြို့နယ်၊ သံခဲချိုင်ကျေးရွာ၊ သံခဲချိုင်ကျေးရွာကမ်းခြေအနီးနှင့် သံခဲချိုင်ကျေးရွာနှင့် ကင်းပုံကျေးရွာအကြား စသည့်နေရာများ၌ နိုဝင်ဘာလ (၂၄) ရက်မှ စတင်ဖြတ်တောက်တိုက်ခိုက်ရာ (၃) ရက်အတွင်း ခြေမှုန်းရာတွင် အင်အား (၁၈၄) ဦးပါ စစ်ကြောင်းမှ အလောင်း (၁၂၀)…
Read More
အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး နပခဌာနချုပ်တခုသာကျန်ရှိ

အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စခန်းများအားလုံးကို သိမ်းပိုက်ထားနိုင်ပြီး နပခဌာနချုပ်တခုသာကျန်ရှိ

RNA_ဒီဇင်ဘာ(၇)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိရာ အမ်းဒေသအတွင်းမှ စစ်ကောင်စီ၏ ဗျူဟာဌာနချုပ်များ၊ ကာကင်းစခန်း ကြီး၊ စခန်းငယ်၊ တပ်ရင်းဌာနချုပ်များ၊ တပ်ခွဲအသီးသီးအပါအဝင် စသည်တို့ကို တိုက်ခိုက်သိမ်းပိုက်ထားနိုင်ပြီး အမ်းမြို့၏ နောက်ဆုံးလက်ကျန် နပခ တိုင်းစစ်ဌာနချုပ်အား အပြီးသတ် သိမ်းပိုက်ရရှိနိုင်ရေးအတွက် ဆက်လက် ထိုးစစ်ဆင်နေသည်ဟု သိရသည်။ အမ်းဒေသအတွင်းမှ လေဆိပ်အနီးမှ ခုခံတိုက်ခိုက်နေသော စစ်ကောင်စီ၏ စခန်းငယ်များအပါအဝင် အမှတ် (၉၄၆) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ် (၃၇၁) ခြေမြန်တပ်ရင်း။ အမှတ် (၃၇၂) ခြေမြန်တပ်ရင်း၊ အမှတ် (၇၅၇/၂) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၉၂၆) ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ခွဲ၊ အမှတ် (၉) ဆက်သွယ်ရေးလုံခြုံမှုတပ်ရင်း၊ အမှတ် (၈) အဆင့်မြင့်ဆက်သွယ်ရေးတပ်ရင်း၊ အမှတ် (၁၀)…
Read More
လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း တိုက်ခိုက်ခံရမှု (၁၀) နှစ်ပြည့်ပြီ

RNA_နိုဝင်ဘာ(၁၉)၊၂၀၂၄ခုနှစ်။ ကချင်ပြည်နယ်၊ KIA ဌာနချုပ် လိုင်ဇာအနီး KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခံရမှုအတွင်း တိုင်းရင်းသားမဟာမိတ်တပ်ဖွဲ့အသီးအသီးမှ ဗိုလ်လောင်း (၂၃) ဦးကျဆုံးခဲ့ရသည်မှာ ယနေ့ ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့သည့် (၁၀)နှစ်ပြည့်မြောက်ပြီဖြစ်သည်။ KIA ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးတိုက်ခိုက်ခံရမှုအတွင်း ကျဆုံးသွားရသည့် ဗိုလ်လောင်းများမှာ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (SLF/TNLA) မှ (၁၁) ဦး၊ အာရက္ခတပ်တော် -AA မှ (၈) ဦး၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး -ABSDF မှ (၂) ဦး၊ ချင်းအမျိုးသားတပ်ဦး -CNF မှ (၂) ဦး ကျဆုံးခဲ့ရသည်။ (more…)
Read More
အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် အမြောက်တပ်ရင်း မြေမြန်တပ်ရင်းများကို သိမ်းပိုက်ထား

အာရက္ခတပ်တော်မှ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်အပါအဝင် အမြောက်တပ်ရင်း မြေမြန်တပ်ရင်းများကို သိမ်းပိုက်ထား

RNA_နိုဝင်ဘာ(၁၄)၊၂၀၂၄ခုနှစ်။ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာချုပ်ကို တိုက်ခိုက်နေသော အာရက္ခတပ်တော်-AA အနေဖြင့် လေကြောင်းရန်ကာကွယ်ရေးတပ်၊ ခြေမြန်တပ်ရင်း၊ အမြောက်တပ်ရင်း၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်၊ လေကြောင်းရန်ကာကွယ်ရေးတပ် စသည်တိို့ကို သိမ်းပိုက်ရရှိထားပြီဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ စစ်ကောင်စီ၏ တပ်စခန်းများထဲမှ အမှတ် (၃၇၃) ခြေမြန်တပ်ရင်း၊ အမှတ် (၃၇၄) အမြောက်တပ်ရင်း၊ အမှတ် (၇၅၇) လျှပ်စစ်အလုပ်ရုံတပ်ခွဲ၊ အမှတ် (၃၄၅) စစ်လက်နက် ပစ္စည်းတပ်ခွဲ၊ အမှတ် (၈) တိုက်ပွဲဝင်စည်းရုံးရေးသင်တန်းကျောင်း၊အမှတ်-၂ /ကုတင် ၃၀၀ တပ်မတော်စစ်ဆေးရုံ၊ လေကြောင်းရန်ကာကွယ်ရေးတပ်၊ စစ်ဖက်ရေးရာလုံခြုံရေးတပ်တို့အား သိမ်းပိုက်ရရှိထားပြီးဖြစ်ကြောင်း၊ နပခ-အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲ၊ အမှတ် (၁၀) တပ်ထိန်းတပ်ခွဲတို့အပါအဝင် (၁၀) နေရာကို ထိုးစစ်ဆင်နေသည်ဟု…
Read More
၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

၁၀၂၇ စစ်ဆင်ရေးအတွင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်းရဲဘော်များအား ရည်စူးပြီး အလှူဒါနပြုလုပ်

RNA_အောက်တိုဘာ(၂၇)၊၂၀၂၄ခုနှစ်။ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) အုပ်ချုပ်နယ်မြေတစ်နေရာတွင် (၁၀၂၇)စစ်ဆင်ရေးတိုက်ပွဲအတွင်း အာဏာရှင်စစ်ကောင်စီတပ်အား တော်လှန်ရင်း အသက်ပေးလှူသွားခဲ့ကြသည့် သူရဲကောင်း ရဲဘော်များအားယနေ့ အောက်တိုဘာလ (၂၇) ရက် ( ၁၀၂၇ စစ်ဆင်ရေး တစ်နှစ်ပြည့်) နေ့တွင် အလှူဒါနပြုလုပ်ပေးခဲ့ကြောင်း သိရသည်။ (more…)
Read More
အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို AAသိမ်းပိုက်

အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို AAသိမ်းပိုက်

RNA_အောက်တိုဘာ(၈)၊၂၀၂၄ခုနှစ်။ အနောက်ပိုင်းတိုင်း စစ်ဌနာချုပ် (နပခ) အခြေစိုက်၊ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲတောင်ဗျူဟာစခန်းနှင့် အနီးဝန်းကျင်ရှိ စခန်းများအားလုံးကို အာရက္ခတပ်တော် - AA မှ အောက်တိုဘာ (၇) ရက်နေ့ ညနေ (၃) နာရီ (၅၀) မိနစ်ခန့်က သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း သိရသည်။ မဲတောင်ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်မှ အဖြောင့်တိုင်းလျှင် (၁၄) ကီလိုမီတာခန့်သာ ကွာဝေးတော့ကြောင်း၊ မဲတောင်ဗျူဟာကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့ နှင့်စကခ (၅)…
Read More
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် AA၏ စစ်သုံ့ပန်း (၅၀) ကျော်သေဆုံး

RNA_စက်တင်ဘာ(၁၀)၊၂၀၂၄ ခုနှစ်။ အာရက္ခတပ်တော် - AA သိမ်းပိုက်ထားသော ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ လေးမိုင် (နခခ-၂) စခန်းကို စစ်ကောင်စီက စက်တင်ဘာလ (၉) ရက်နေ့ ည (၉) နာရီ (၃၀) မိနစ်ခန့်က လေကြောင်းမှ ဂျက်တိုက်လေယာဉ် နှစ်စီးဖြင့် ၂ ကြိမ်လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် အာရက္ခတပ်တော်မှ ခေတ္တဖမ်းဆီးထိန်းသိမ်းထားသော စစ်သုံးပန်းများထဲမှ (၅၀) ကျော် သေဆုံးခဲ့သည်ဟု သိရသည်။ သေဆုံးခဲ့သည့် စစ်သုံးပန်းများမှာ မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိထားသူများ၊ ARSA ၊ RSO မူဆလင်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ၊ စစ်ကောင်စီသင်တန်းဆင်း မူဆလင်အကြမ်းဖက်လက်နက်ကိုင်များ၊ စစ်ကောင်စီ၏ လက်ကိုင်တုတ်များ၊ သတင်းပေးများ၊ ALP နှင့် ဆက်စပ်နေသောသူများ၊ သံသယအမျိုးမျိုးဖြင့် စစ်ဆေးမေးမြန်းရန်…
Read More