ချင်းမိုင်ဘူတာရုံ၌ အထောက်အထားမဲ့ မြန်မာများအပါအဝင် (၃၅) ဦး ဖမ်းဆီးခံရ

RNA_အောက်တိုဘာ(၂၀)၊၂၀၂၆ခုနှစ်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ဘူတာရုံ၌ အထောက်အထားမဲ့ တရုတ်နှင့် မြန်မာနိုင်ငံသား (၂၉) ဦးကို ထိုင်းနိုင်ငံသား (၄) ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းသတင်းဌာန ချင်းမိုင်ပို့စ်က ဖော်ပြထားသည်။

အောက်တိုဘာ (၁၉) ရက် နံနက် (၆) နာရီဝန်းကျင်က ချင်းမိုင်မြို့ Wat Ket ရပ်ကွက်ရှိ တူဘာရုံအတွင်း ထိုင်းအာဏာပိုင်များက ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ချိန် နိုင်ငံတွင်း အထောက်အထားမဲ့ နေထိုင်သူများနှင့် ဗီဇာသက်တမ်းကျော်လွန်နေထိုင်သူများကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

ထိုင်းအာဏာပိုင် ဖမ်းဆီးရမိခဲ့သူများထဲတွင် မြန်မာ (၂၇) ဦးပါဝင်ခဲ့ပြီး ၎င်းတို့ထဲတွင် နိုင်ငံတွင်း အထောက်အထားမဲ့ ဝင်ရောက်လာသူများနှင့် ဗီဇာသက်တမ်းကျော်လွန်နေသူများ ပါဝင်ကြောင်း သိရသည်။

ထို့ပြင် အထောက်အထားမဲ့ တရုတ်နိုင်ငံသား (၂) ဦးကိုလည်း ဖမ်းဆီးရမိခဲ့ပြီး နိုင်ငံတွင်း တရားမဝင် ဝင်ရောက်ရန် လိုက်ပါဆောင်ရွက်ပေးခဲ့သည့် ထိုင်းနိုင်ငံသား (၄) ဦးကိုလည်း အာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

၎င်းတို့အားလုံးကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်နိုင်ရန် မယ့်ပင်းရဲစခန်း၌ ထိန်းသိမ်းထားကာ ဥပဒေအရ အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရပြီး အများပြည်သူ လုံခြုံရေးအတွက် လိုအပ်သည့် ကြိုတင်ကာကွယ်နှိမ်နင်းရေး လုပ်ဆောင်မှုများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဟု ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။

By RNA Editor