Tag: NUG

  • လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

    လက်နက်ကိုင်တိုက်ရာတွင် ပြည်သူလူထုက ပူးပေါင်းပါဝင်မှုရှိဖို့လိုတယ်

    RNA- ဩဂုတ် ၂၉ ရက်။

    စစ်အာဏာရှင်ကို လက်နက်ကိုင်တိုက်ရာတွင် စစ်ကိုလိုလားလို့ မဟုတ်ဘဲ ခုခံစစ်နှင့် ဖိနှိပ်မ့ကို လုံးဝလက်မခံနိုင်သည့် မတရားမှုကို တွန်းလန်သည့် တွန်းလှန်စစ်ပုံစံမျိုးသာဖြစ်သည်။ ” လက်နက်ကိုင်တိုက်ပြီးတော့ ပြည်သူလူထုက ပူးပေါင်းပါဝင်မှုမရှိရင်လဲ ဘယ်လိုမှမဖြစ်လာနိုင်ပါဘူး။ လွတ်လပ်ရေးတိုက်ပွဲ ဝင်ခဲ့သလို လက်နက်ကိုင်တိုက်တဲ့ အဖွဲ့တွေအပြင် ပြည်သူလူထုကလည်း ဝိုင်းဝန်းပြီးတော့ လုပ်ဆောင်ကြတာ။ ဝိုင်းဝန်းလုပ်ဆောင်တယ်ဆိုတာက ရရာလက်နက်နဲ့ အသေခံခိုင်းတာမဟုတ်ပါဘူး။ ပါဝင်နိုင်တဲ့ နည်းလမ်းတွေကို ဖော်ဆောင်ပြီးတော့ လုပ်ဆောင်တာဖြစ်တယ် ” ဟု NUG အစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။[embedyt] https://www.youtube.com/watch?v=ARQOl0Exo7E[/embedyt] စစ်ကောင်စီမှာရှိနေတဲ့ လက်နက်အလွဲသုံးစားလုပ် အာဏာအလွဲသုံးစားလုပ်နေတဲ့ သူတွေနဲ့ တိုက်ပွဲပုံစံတွေ ဖြစ်လာနိုင်သည်။

    Red Nes Agency

  • ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-DAY)

    ကုလသမဂ္ဂစစ်မြေပြင်က မြန်မာ့ ဒီဒေး (D-DAY)

    ကုလသမဂ္ဂစစ်မြေပြင်မှာ စက်တင်ဘာလဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ D-day ဖြစ်ပါတယ်။ အဲဒီ ကုလ သမဂ္ဂစစ်မြေပြင်မှာ ကျနော်တို့ဘက်က အနိုင်ရဖို့ လိုပါတယ်။ ကျနော်တို့ နိုင်မှဖြစ်မှာပါ။

    အောင်ဒင် (ဇူလိုင် ၁၊ ၂၀၂၁)

    (၁) မြန်မာပြည်သူတွေ မျှော်နေကြတဲ့ D-day

    ဇွန်လ ၂၉ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ဝန်ကြီးတစ်ပါးက “မကြာမီမှာ D-day ရောက်ရှိလာမည်ဖြစ်ပါသည်” ဆိုပြီး သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားကြေညာလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့၊ ဖက်ဆစ်စစ်တပ်ကြီးက ရွေးကောက်ခံပြည်သူ့အစိုးရလက်ထဲကနေ နိုင်ငံတော်အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့ပြီးတဲ့နောက် ၅ လလောက်အကြာမှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်ဖြစ်လို့ အဲဒီ D-day ကို မျှော်လင့်စောင့်စားနေကြတဲ့ မြန်မာပြည်သူများ ရင်ခုန်ကြ၊ စိတ်လှုပ်ရှားကြမှာပါ။ အဲဒီ D-day ဟာ ဘယ်နေ့မှာ အမှန်တကယ်ရောက်မလာမလဲ ၊ ဘယ်လောက်် ကြာဦးမလဲ ၊ ဘယ်နေ့လဲ ၊ စတာတွေကတော့ လျှို့ဝှက်ချက်ဖြစ်လို့ ပြည်သူတွေ သိနိုင်ကြမှာ မဟုတ်ပါ။

    မြန်မာနိုင်ငံကို ဖက်ဆစ်စစ်တပ်ကြီးလက်အောက်က ပြန်လည်ကယ်တင်နိုင်ဖို့ ကြိုးစားကြတဲ့အခါ ပြည်တွင်းလှုပ်ရှားမှုတွေ၊ ပြည်သူများရဲ့ ဆန့်ကျင်တော်လှန်မှုတွေက အရေးအကြီးဆုံးဖြစ်ပါတယ်။ ဒါပေမယ့် မြန်မာစစ်အုပ်စုကို တရားဝင်အစိုးရအဖြစ် နိုင်ငံတကာအစိုးရတွေက အသိအမှတ်မပြုဖို့၊ မြန်မာစစ်တပ်အပေါ် နိုင်ငံတကာအစိုးရတွေက စီးပွါးရေး၊ နိုင်ငံရေး၊ သံတမန်ရေး ပိတ်ဆို့အရေးယူမှုတွေလုပ်ဖို့၊ မြန်မာစစ်အုပ်စုကို နိုင်ငံတကာက စစ်လက်နက်တွေ မရောင်းချဖို့၊ မထောက်ပံ့ဖို့ စတဲ့ နိုင်ငံတကာအခင်းအကျင်းမှာ စည်းရုံးလှုံ့ဆော်ခြင်းဟာလည်း စစ်အုပ်စုကို အားနည်းထိခိုက်စေပြီး ပြည်တွင်းလှုပ်ရှားမှုကြီးအတွက် ကြီးမားတဲ့ အထောက်အပံ့ဖြစ်စေပါတယ်။ လက်ရှိအချိန်မှာတော့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် (Permanent Representative to the United Nations) နေရာကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ထိန်းသိမ်းထားနိုင်တာမို့ စစ်အုပ်စုရဲ့ တရားဝင်အစိုးရဖြစ်ချင်မှုကို တားဆီးထားနိုင်ပါတယ်။ WHO၊ ILO၊ UNHRC၊ WFP စတဲ့ ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းများရဲ့ နှစ်ပါတ်လည်ညီလာခံများမှာ စစ်အုပ်စုကိုယ်စားလှယ်ကို မြန်မာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်ခွင့်မပြုတာဟာ အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အောင်ပွဲတစ်ခုဖြစ်ပါတယ်။

    ဒါပေမယ့် အဲဒီအခြေအနေက မကြာခင်မှာ အပြောင်းအလဲ ဖြစ်လာနိုင်ပါတယ်။ လာမယ့် စက်တင်ဘာလမှာ ကုလသမဂ္ဂရဲ့ ၇၆ ကြိမ်မြောက် အထွေထွေညီလာခံ (The 76th UN General Assembly) ကျင်းပတော့မှာ ဖြစ်ပါတယ်။ စက်တင်ဘာလဆန်းမှာ အဖွဲ့ဝင်နိုင်ငံများအားလုံးကနေ အထွေထွေညီလာခံကို သက်ဆိုင်ရာနိုင်ငံကို ကိုယ်စားပြုပြီး တက်ရောက်မယ့် ကိုယ်စားလှယ်အဖွဲ့ဝင်များရဲ့ အမည်စာရင်း (Credentials) ကို တင်သွင်းရမှာပါ။ ဒီနှစ်မှာတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုတက်ရောက်ခွင့်ကို စစ်အုပ်စုကရော၊ အမျိုးသားညီညွတ်ရေးအစိုးရရော အပြိုင်တင်သွင်းကြမှာပါ။ အဖွဲ့ဝင် ၉ နိုင်ငံပါတဲ့ “အထွေထွေညီလာခံ ကိုယ်စားလှယ်စီစစ်ရေးကော်မတီ” (Credential Committee) က အဲဒီ ကိုယ်စားလှယ်တင်သွင်းလွှာတွေကို စီစစ်ပြီး အကြံပြုချက်များနဲ့အတူ အထွေထွေညီလာခံကို အဆုံးအဖြတ်ပေးဖို့ တင်သွင်းရမှာဖြစ်ပြီး အထွေထွေညီလာခံမှာ နိုင်ငံအများရဲ့ ထောက်ခံမဲရတဲ့ ဘက်က မြန်မာနိုင်ငံကို တရားဝင်ကိုယ်စားပြုခွင့်ကို ရရှိမှာဖြစ်ပါတယ်။ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်က ဒီဇင်ဘာလလောက်မှာမှ ချမှတ်နိုင်မှာဖြစ်ပြီး ဆုံးဖြတ်ချက်က စစ်အုပ်စုကို အသိအမှတ်ပြုတာ ဖြစ်နိုင်သလို NUG ကို အသိအမှတ်ပြုတာလည်း ဖြစ်နိုင်ပါတယ်။ နှစ်ဘက်စလုံးကို အသိအမှတ်မပြုဘဲ နောက်နှစ် ၇၇ ကြိမ်မြောက်ညီလာခံကျမှ ဆုံးဖြတ်ဖို့ ရွှေ့ဆိုင်းတာလည်း ဖြစ်နိုင်ပါတယ်။

    (more…)

  • နိမ့်၊မြင့်၊လှိုင်းလုံးများဖြင့် အောင်မြင်ခြင်း ကမ်းခြေသို့

    နိမ့်၊မြင့်၊လှိုင်းလုံးများဖြင့် အောင်မြင်ခြင်း ကမ်းခြေသို့

    ပြည်သူ​တွေအ​နေနဲ့”​အောင်စိတ်”နဲ့သာ ယုံ​နေဖို့၊အထိအခိုက်အကျအဆုံးအနဲဆုံးနည်း​​တွေနဲ့ ပြင်ဆင်ဖို့၊မျိုးဆက်တခုနဲ့တခုကြားစိတ်ဝမ်းကွဲ​သွေးခွဲစကားအပြုအမူ​တွေကို အဝင်မခံပဲတသားထဲ တခုထဲဖြစ်​နေဖို့ပါပဲ

    မင်းကိုနိုင်

    တော်လှန်​ရေးတိုင်းရဲ့ သင်္ကေတဟာ လှိုင်းလုံးကြီးများလိုပါ။ အမြင့်ဆုံးတက်လိုက် နိမ့်ကျလိုက် ပြီးရင် ကျရှိန်နဲ့ ပြန်မြင့်တက်လိုက် ၊ ဒီလိုနဲ့ပဲ လိုရာကမ်း​ခြေ​ ​ရောက်မြဲပါ။

    မြို့ပြကြီး​တွေရဲ့ လမ်းမလမ်းခွဆုံတွေမှာ အနုပညာရှင်​တွေ၊ထင်ရှားသြဇာကြီး​သူ​တွေနဲ့ ​​အောင်လံစုံ တလူလူလွှင့်၊သပိတ်မျိုးစုံ၊ ပိုစတာစုံ၊ပါ​ဖောင်းမင့်စုံ​တွေနဲ့၊ဝန်းရံသူ​တွေအပြည့်နဲ့လူပင်လယ်သပိတ်မျိုးလည်း ဖန်တီးနိုင်ခဲ့သလို၊လမ်း​တွေပိတ်ဆို့ ခုခံကာကွယ်ရ၊​ပြောက်ကြားသပိတ်ဆင်နွှဲရ၊လူမဲ့သပိတ်​တွေနဲ့တုန့်ပြန်ရတာ​တွေဟာလည်းရှိရမြဲပါ။ ကြုံသမျှအ​ခြေအ​နေအ​ပေါ်ရရာနည်းနဲ့ အာခံပြ၊အညံ့မခံတွန်းလှန်ဆဲဖြစ်​ကြောင်းကမ္ဘာကိုပြရတာပါပဲ။

    လှိုင်းလုံးကြီး​တွေကျရှိန်နဲ့ပြန်တက်ချိန်ကို ကြိုပြင်ကြရာမှာ ယုံကြည်မှုသာ အင်အားပါ။ CDM သပိတ်​တွေ​ကြောင့် စစ်​ကောင်စီဟာ အစိုးရဖြစ်ခွင့်​တောင် အိပ်မက်မက်ခွင့်မရှိ​​အောင် ယန္တယား​တွေ ဆွံ့အသွားပါပြီ။ တိုင်းရင်းသား​ဒေသ​တွေမှာ EAO အပါအဝင်အဖွဲ့အစည်း​ပေါင်းစုံရဲ့ လုပ်နိုင်စွမ်းစည်းရုံးနိုင်စွမ်း​တွေ​ကြောင့် CDM ဝန်ထမ်း​တွေ စစ်​ကောင်စီရဲ့ လက်နက်ကိုင်​တွေ စု​ပေါင်းအင်အားရာ​ကျော်​ထောင်ချီ ခိုလှုံပူး​ပေါင်းလာကြလို့ ​နေရာချစီစဥ် ​ဆောင်ရွက်မှု​တွေ လက်မလည်​အောင်လုပ်​နေရပါပြီ။

    နိုင်ငံတကာမျက်နှာစာကိုတချက်ကြည့်​ပေးပါ။ Scandinavian တိုင်းပြည်​တွေအပါအဝင် EU နိုင်ငံများ၊ ဗြိတိန်၊ အ​မေရိကန် တို့မှ သံအမတ်ကြီးများရဲ့ ထုတ်ပြန်ချက်မှာ စစ်​ကောင်စီတပ်ဖွဲ့​တွေရဲ့သူရဲ​​ဘော​ကြောင်ရမ်းကားမှု​တွေအ​ပေါ် ပြင်းထန်တဲ့ တုံ့ပြန်မှု​တွေ​တွေ့ရမှာပါ။ ပါးစပ်နဲ့ဟန့်မရရင် လက်ပါကြရစမြဲပါ။ အ​ရေးယူ​ဆောင်ရွက်မှု​တွေတန်းစီ​နေပါတယ်။

    (more…)