ပြည်ထောင်စုလွှတ်တော်

လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိနိုင်ခြင်းကြောင့် လွှတ်တော်ကို ဆက်လက်ခေါ်ယူနေရခြင်းဖြစ်ဟု NUG ယာယီသမ္မတပြော

RNA ၊ ဖေဖော်ဝါရီ ၅ ရက်၊၂၀၂၂ ခုနှစ်။ လွှတ်တော်ဆိုသည်မှာ ဒီမိုကရေစီ၏ အခြေခံအကျဆုံးနိုင်ငံရေး အဆောက်အဦ (institution) တခုဖြစ်ပြီး လွှတ်တော်မရှိလျှင် ဒီမိုကရေစီမရှိကြောင်း၊ ထို့ကြောင့် လွှတ်တော်ကို ဆက်လက် ခေါ်ယူနေရခြင်း ဖြစ်ကြောင်း ယနေ့ ကျင်းပသည့် ပြည်ထောင်စုလွတ်တော် တတိယအကြိမ် အစည်းအဝေးတွင် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ယာယီသမ္မတဒူဝါလရှီးလ ကပြောသည်။ " ပြီးတော့ လွှတ်တော်ကို ပြည်သူလူထုက ရွေးချယ်တင်မြှောက်ထားသူနဲ့ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ အဆောက်အအုံတွေ (building) မဟုတ်ပါဘူး။ နိုင်ငံရေးအဖွဲ့အစည်း (institution) ဖြစ်ပါတယ်။ ဒါကြောင့် ဒီမိုကရေစနစ် ရှင်သန်ဖို့ ပြည်သူတွေ ရွေးချယ်ထားတဲ့ လွှတ်တော်ရှိရပါမယ်။ ဒါကြောင့် ကျွန်တော်တို့ စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုကို ငြင်းပယ်နိုင်ဖို့၊…
Read More