စစ်ကောင်စီတပ် ပစ်ခတ်မှုကြောင့် လွိုင်​​ကော်မှာ ပြည်သူ ၅ ဦးဝန်းကျင် သေဆုံး

RNA_ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည် ( ကယား)၊ လွိုင်​ကော်မြို့နယ်၊ မိုင်းလုံးရပ်ကွက်တွင် အမာခံတပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေး တော်လှန်း​ရေးတပ်ဖွဲ့များပူး​ပေါင်း တိုက်ခိုက်နေစဉ် စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ (၅) ဦးထက်မနည်း သေဆုံးကြောင်း DMO- PDF ကထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်က လေကြောင်းမှ ခြိမ်းခြောက်ခြင်း၊ လက်နက်ကြီးများဖြင့် ရမ်းသန်းပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူ ထောင်ချီထွက်ပြေးနေကြရကြောင်း၊ ယနေ့တိုက်ပွဲတွင် စစ်ကြောင်စီဘက်က အသေအဆုံးများကြောင်း သိရသည်။

မိုင်းလုံးရပ်ကွက်ရှိစစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်​ရေးတပ်-ဒီး​မော့ဆို(DMO-PDF)၊ လွိုင်​ကော်(PDF)၊ ဖယ်ခုံ(PDF)၊ မိုးဗြဲ(PDF)၊ KNDF၊ KA၊ KDF၊ KGZ၊ GZ-21အပြင် အခြားတော်လှန်​​ရေးတပ်ဖွဲ့များပူး​ပေါင်းကာ တိုက်ခိုက်ခဲ့ကြောင်း၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိမှုများရှိပြီး တဦးကျဆုံးကြောင်း သိရသည်။

Red News Agency

By Editor

Leave a Reply

Your email address will not be published. Required fields are marked *