ယနေ့ တိုက်ပွဲတွင် ကရင်နီတပ်မတော်က ရဲဘော်တဦး ကျဆုံးပြီး၊ စစ်ကောင်စီတပ်က ၈ ဦးသေ

Written by

in

RNA_ဇန်နဝါရီ ၉ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည်၊ ဒီး‌မော့ဆိုမြို့နယ်၊ ဒေါဆိုရှေ့ကျေးရွာ အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်များကို ကရင်နီတပ်မတော်(KA) နှင့် KNDF တို့ ယနေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်က (၈) ဦးသေပြီး၊ ကရင်နီတပ်မတော်က သူရဲကောင်း ရဲဘော်တဦး ကျဆုံးခဲ့ကြောင်း သိရသည်။

KNDFမှ သိမ်းဆည်းရမိသည့် စစ်ကောင်စီတပ်က လက်နက်ခဲယမ်းများ

“ဒေါဆိုရှေ့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဘက် မှ အထိနာ သဖြင့် နေ့လည်ပိုင်း (၁၄း၃၀) နာရီတွင် လေကြောင်းပစ်ကူဖြင့် (၃) ကြိမ်တိုင်တိုင် လာရောက် တိုက်ခဲ့ပါသည်။ လေကြောင်းပစ်ကူကို အကာအကွယ်ယူပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ သေဆုံးသွားသော ၄င်းတို့၏ တပ်သား အလောင်းများကို ပြန်လည်သယ်ဆောင်သွားခဲ့ပါသည်။ ထိုတိုက်ပွဲ အတွင်း KNDF မှ လက်နက်ခဲယမ်းများ နှင့် စစ်အသုံးအဆောင် ပစ္စည်များကို သိမ်းဆည်းရမိခဲ့ပါသည်။ ဒေါဆိုရှေ့တိုက်ပွဲအတွင်း ကရင်နီတပ်မတော် မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ပါသည်။ တိုက်ပွဲအတွင်း ကျဆုံးသွား သောရဲဘော်အား KNDF မှ အမျိုးသားအာဇာနည်သူရဲကောင်းအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုပါသည် ” ဟု KNDF က ထုတ်ပြန်ထားသည်။

လွိုင်ကော်မြို့ ပန်ကန်းနှင့် မိုင်းလုံးရပ်ကွက်တို့တွင် ယနေ့နံနက်ပိုင်း KNDF နှင့် PDF ပူးပေါင်း မဟာမိတ်အဖွဲ့များ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်များနှင့် ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း၊ နယ်မြေရှင်းလင်းမှုအတွင်း လက်နက်ငယ်တစ်လက်နှင့် လက်နက်ကြီး၊လက်နက်ငယ် ကျည်အချို့ကို သိမ်းဆည်းရခဲ့ကြောင်း၊ စစ်ကောင်စီသည် ယနေ့ ‌နေ့လည်ပိုင်းက ရှားတောမြို့နယ်အတွင်းရှိ ကရင်နီတပ်မတော်၏ သင်တန်းကွင်းတစ်ခုကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယနေ့ Karenni Army က ကျဆုံးသွားသည့် ရဲဘော်

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *