လွိုင်ကော်မှာ စစ်ကောင်စီတပ်သား (၃၀) သေပြီး၊ ရဟတ်ယာဉ်တစီး ပစ်ချခံရပြီး မီးလောင်

Written by

in

RNA_ဇန်နဝါရီ ၈ ရက်၊ ၂၀၂၂ ခုနှစ်။

ကရင်နီပြည် (ကယား)၊ လွိုင်ကော်မြို့နှင့်ဒီးမော့ဆိုမြို့နယ်အတွင်း ယနေ့တိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်တဦးပါအဝင် တပ်သား (၃၀) သေဆုံးခဲ့ပြီး၊ လာရောက်ပစ်ခတ်သည့်ရဟတ်ယာဉ်တစီးပစ်ချခံရကာ မီးလောင်ပျက်စီးသွားကြောင်း သိရသည်။

ဒီးမော့ဆိုမြို့နယ်၊(၅) မိုင်၊(၆) မိုင်၊ ဒေါပိုးစီမှ၊ လွိုင်ကော်မြို့နယ်၊ မိုင်းလုံးနှင့် ပန်ကန်းရပ်ကွက်အထိ ယနေ့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်မှ လက်နက် (၁၁) လက်နှင့်လက်နက်ကြီးကျည်၊ လက်နက်ငယ် ကျည်အချို့ကိုကို တိုက်ပွဲအတွင်း KNDF ကသိမ်းဆည်းရမိကြောင်း၊ စစ်ကောင်စီများဖက်မှ အထိနာသဖြင့် ရဟတ်ယာဥ်၊ တိုက်လေယာဥ် နှစ်စင်းတို့ဖြင့် ဗုံးကျဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNDF က ထုတ်ပြန်ထားသည်။

“အကြမ်းဖက်စစ်ကောင်စီ၏ ရဟတ်ယာဥ်တစ်စင်းလာရောက်ပစ်ခတ်စဥ် ပစ်ချခံရပြီး လွိုင်ကော်မြို့၊ဒေါမူကလား ကျေးရွာအနီးတွင် ပျက်ကျမီးလောင်ပျက်စီးခဲ့ပါသည်” ဟု ယနေ့ညတွင် KNDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ယနေ့ လွိုင်ကော်မြို့တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များကိုခြေမှုန်းတိုက်ခိုက်ရင်း PDF (လွိုင်ကော်) မှ ရဲဘော် ရီးရယ်ထွန်းကြည် (ခ) သျှောင်ကြီးဗွေ ကျဆုံးခဲ့ကြောင်း၊ ဇန်နဝါရီ (၇) ရက်နေ့ကလည်း CDM ကျောင်းဆရာ KNDF ရဲဘော် ကိုနိုင်လင်း ကျဆုံးခဲ့ပြီး၊ ဒေသခံပြည်သူ (၆) ဦးကျဆုံးခဲ့ကြောင်း၊ စစ်ကောင်စီတပ်ကို KA၊ KNDF၊ ဒီးမော့ဆို PDF၊ လွိုင်ကော် PDF ၊ KPDF၊ KGZ Army စသည့် ပြည်သူ့ကာကွယ်ရေး မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

Red News Agency

Comments

Leave a Reply

Your email address will not be published. Required fields are marked *